Pages

Sunday, June 22, 2014

မူဆယ် ၁၀၅ မိုင် X-ray စက်တပ်ပြီးနောက် ကုန်ကားတစ်စီး ကျပ်သုံးသောင်းတောင်း

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ကုန်တင်ကားအချို့ စိစစ်မှု ခံယူနေစဉ် (ဓာတ်ပုံ - အောင်သူရ)
RangonNewsDaily:: June . 22 .2014
တရုတ်-မြန်မာ ကုန် သွယ်ရေးလမ်းကြောင်းတွင် အဓိ က အရေးကြီးသော ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း၌ ကုန်ပစ္စည်း တင်ဆောင်လာသော မော်တော်ယာဉ်များကို စစ်ဆေးသည့် X-ray စက်များ တပ်ဆင်ပြီး နောက်ကုန်တင်ယာဉ်တစ်စီးလျှင် အလုပ်သမားစရိတ်နှင့် စက်တပ်ဆင် စစ်ဆေးခဟုဆိုကာ ကျပ်သုံးသောင်းကျော်ကို အကောက်ခွန်ဦးစီးဌာနက တောင်းယူနေကြောင်း သတင်းရရှိသည်။
‘‘စက်က တန်ဖိုးကြီးစွာ ဒေါ် လာနဲ့ ပေးဝယ်ထားရတာကြောင့် အခုလို ကောက်တာလို့ ကာစ တန်က ပြောတယ်။ ဒါကို နယ်စပ် ကုန်သွယ်ရေးက ညွှန်မှူးကို တင် ပြသော်လည်း ဘာမှမလုပ်ပေး ဘူး’’ဟု မူဆယ်ဆန်ကုန်သည် အသင်းမှ ဦးမင်းသိန်းက ပြော ကြားသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်တွင် X-ray စက်ကို ဇွန်လ၁၅ ရက်မှ စတင်တပ်ဆင်၍ တရားမဝင်ကုန်ပစ္စည်းများကို စစ်ဆေး ခဲ့သည်။ ယင်းကဲ့သို့ စက်တပ်ဆင် စစ်ဆေးပြီး ငွေတောင်းယူမှုကြောင့်နယ်စပ်သို့ ဆန်တင်ပို့ရာတွင် ၁၂ ဘီးကားတစ်စီးလျှင် ကျပ် ၂၀,၀၀၀ ခန့် အပိုကုန်ကျမှုကြောင့် ကုန်သည်များ အမြတ်ငွေနည်းနေကြောင်း ၎င်းကဆက်လက်ပြောသည်။

‘‘ရန်ကုန်မှာဆိုရင်တော့ ဆိပ်ကမ်းတွေမှာ စစ်တာကို ပေး ရတယ်။ နယ်စပ်မှာက အလုပ် သမားခပါတော့ နှစ်ခါပေးသလို မျိုး ဖြစ်နေတော့ ကုန်သည်တွေ က နာတာပေါ့’’ဟု ပြည်ပသို့ ဆန် တင်ပို့နေသော လုပ်ငန်းရှင် ဦးမျိုး သူရအေးက ပြောကြားသည်။

မူဆယ် ၁၀၅ မိုင်သို့ နေ့စဉ် ကုန်တင်ယာဉ်အစီးရေ၄၀၀ခန့် ပုံမှန်ဖြတ်သန်းနေကြောင်း သတင်းရရှိသည်။ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သည် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအဓိကလမ်းကြောင်းမှာရှိနေပြီး မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးတွင် အဓိကအခန်းကဏ္ဍမှပါဝင်နေသည်။

မြန်မာနိုင်ငံ၏ ၂၀၁၃-၁၄ ဘဏ္ဍာနှစ် နယ်စပ်ကုန်သွယ်ရေးတွင် အမေရိကန်ဒေါ်လာ လေးဘီလီယံခွဲကျော်ရှိရာတရုတ်-မြန်မာကုန်သွယ်ရေးမှာ ၉၄ ရာခိုင်နှုန်းကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ စာရင်းများအ ရသိရသည်။

7 Day Daily , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment