Pages

Sunday, June 22, 2014

ဒေါ်ကြိုင်ကြိုင် ကျန်းမာရေး "အလတ်ကြီး ရှိသေးတယ်"

RangonNewsDaily:: June . 22 .2014
ရန်ကုန်မြို့ ဦးဝိစာရလမ်းပေါ်က တပ်မတော်စစ်ဆေးရုံ အမှတ် ၂ မှာ ဒေါ်ကြိုင်ကြိုင် တက်ရောက်ကုသနေရတဲ့
သတင်းကြောင့် စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ ကတော်ဟာ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိ
သလဲ အများက စိတ်ဝင်စားနေကြပါတယ်။
ဖေ့ဘွတ်အွန်လိုင်း လူမှုကွန်ရက်မှာ တချို့ဆို ဒေါ်ကြိုင်ကြိုင် ဆုံးပြီလို့တောင် ပြောလာကြပါတယ်။ ဒါ့ကြောင့် ဧရာဝတီက နီးစပ်ပတ်သတ်သူတွေကို မေးမြန်းကြည့်ပါတယ်။ သူတို့က ဒေါ်ကြိုင်ကြိုင် "အလတ်ကြီး ရှိသေးတယ်"လို့ ဆိုပါတယ်။ ဆေးရုံရောက်လာတာ "သွေးတိုး"ကြောင့်လို့ ဆိုတယ်။

 ဒေါ်ကြိုင်ကြိုင့် အခန်းကို လုံခြုံရေး အပြည့်ပေးထားတယ်လို့လည်း ဆိုတယ်။ မြင်ရသူတွေက "ပြုံးလို့ ပျော်လို့"တဲ့။ ဒီလို
အလတ်ကြီးရှိသေးတာ ဘာကြောင့် ဆေးရုံ အလောတကြီး တက်ရတာလဲလို့ မေးတော့ ဖြေတဲ့သူက " ဗေဒင်ကြောင့် ဖြစ်မှာပေါ့။ သူက အဲဒါတွေ အရမ်းလုပ်တာ"လို့ ဖြေပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်းလည်း ဒေါင်ဒေါင်မြည်ဆဲဖြစ်ပြီး နေပြည်တော်မှာလို့လည်း သိရပါကြောင်း

The Irrawaddy (Burmese Version) , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment