Pages

Sunday, June 22, 2014

ဘားအံတွင် နှစ်စဉ်ရေကြီးမှုကို ကာကွယ်ရန် မြစ်ရေကြီးနိုင်သည့် နေရာများကို တိုင်းတာနေ

RangonNewsDaily:: June . 22 .2014
ကရင်ပြည်နယ်၊ ဘားအံမြို့သည် သံလွင်မြစ် ရေလျှံမှုကြောင့် ရေကြီးမှုဒဏ်ကို နှစ်စဉ် ခံနေရသောကြောင့် ရေကြီးမှုများကို ကာကွယ်နိုင်ရန် အတွက် မြစ်ရေကြီးနိုင်သည့် နေရာများကို တိုင်းတာနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ထိုကဲ့သို့ တိုင်းတာပြီးပါက မြစ်ရေကြီးနိုင်သည့် နေရာတစ်ဝိုက်ရှိ ပြည်သူများအား သတိပေးမှုများ၊ ရွှေ့ပြောင်း နေရာချမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

““လုပ်တာတော့ ကျွန်တော်တို့ တင်မဟုတ်ပါဘူး။ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်း တွေရော ပေါင်းပြီး လုပ်တာပါ။ သူတို့က ရန်ပုံငွေ ထောက်ပံ့တယ်””ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်မိုးဦးက ပြောသည်။


အဆိုပါတိုင်းတာမှုကို ယခု မိုးတွင်းကာလတွင်ပင် ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကာ ရေကြီးရေလျှံမှုများ မဖြစ်ပွားခင် ရေကြီးရေလျှံမှုဒဏ်ကို အဓိကခံစားရမည့် နေရာ အသေးစိတ်ကို ပြည်သူများထံသို့ ဖြန့်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။


““ရေကြီးတာကတော့ နှစ်စဉ်ပဲ။ ရေကြီးတဲ့ အခါဆိုရင် အလုပ်အကိုင်ပျက်သလို ကိုယ့်မှာရှိတဲ့ ပစ္စည်းတွေလည်း ပါသွားတတ်တယ်။ အဲဒီအချိန်တွေမှာတော့ အလှူရှင်တွေက ပစ္စည်းတွေ လာလှူတာ၊ အစားအသောက် လှူတာတွေရှိတယ်””ဟု ဘားအံဒေသခံ တစ်ဦးဖြစ်သူ ဒေါ်နော်လားမူက ပြောသည်။


ဘားအံမြို့တွင် ယမန်နှစ်က သံလွင်မြစ်ရေကြီးမှုကြောင့် ရေဘေးဒုက္ခသည်စခန်း ခြောက်ခု ဖွင့်လှစ်ခဲ့ရပြီး ရေဘေးဒုက္ခသည်များ ကို ကြက်ခြေနီ အသင်းမှ အထောက်အပံ့များ ပေးအပ်သော်လည်း လုံလောက်မှု မရှိခဲ့ကြောင်းသိရသည်။

Messenger News , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment