Pages

Sunday, June 22, 2014

သန္တိသုခကျောင်းကိစ္စ တရားသဖြင့် ဖြေရှင်းပေးဖို့ နယူးယောက် မြန်မာသံရုံးရှေ့ ဆန္ဒပြ


RangonNewsDaily:: June . 22 .2014
နိုင်ငံတကာသာသနာပြု ပီနန်ဆရာတော်ဦးပညာဝံသရဲ့ တာမွေမြို့ နယ်က မဟာသန္တိသုခကျောင်းနဲ့  ပတ်သက်ပြီး တရားသဖြင့်ဖြေရှင်းပေးဖို့  အမေရိကန်ရောက်မြန်မာရဟန်းသံဃာတွေနဲ့ လူပုဂ္ဂိုလ် တချို့ က နယူးယောက်မြို့ က မြန်မာကောင်စစ်ဝန်ရုံးရှေ့မှာ မနေ့ နေ့ လည်က ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။
အဲဒီဆန္ဒပြပွဲနဲ့ ပတ်သက်လို့  နိုင်ငံရေးအကျဉ်းသားဟောင်း ရွှေပြည်သာ ပရိယတ္တိစာသင်တိုက် ဆရာတော် အရှင်ဇဝနက RFA ကို မိန့် ပါတယ်။

"ဒီနေ့လုပ်တဲ့ ကိစ္စက သန္တိသုခကျောင်းကို မတရားသောနည်းလမ်းတွေ နဲ့ ဖြေရှင်းတဲ့ ကစ္စအပေါ်ကို ကန့်ကွက်ဆန္ဒပြတာဖြစ်တယ် မြတ်စွာ ဘုရားဟောကြားထားတဲ့ တရားနည်းလမ်းတကျ နည်းလမ်းတွေရှိပါလျက်နဲ့ ဗုဒ္ဓအလိုကျလုပ်ထုံးလုပ်နည်းတွေကို ပါယ်ခွာပြီး အာဏာကိုအလွဲသုံးစား လုပ်တဲ့အတွက်ကြောင့် ဒသံဃာတော်တွေကနေ ကန့်ကွက်ဆန္ဒပြ တာဖြစ်ပါတယ်" 

မဟာသန္တိသုခကျောင်းကို ညအချိန်မတော်ဝင်ရောက်စီးနင်းသိမ်းပိုက်တာ ကို ကန့် ကွက်ကြောင်းနဲ့  ကျောင်းပိုင်ဆိုင်မှုကိုတရားသဖြင့်ဖြေရှင်းပေး ဖို့ တောင်း ဆို ထားတဲ့စာတစောင်ကို သံရုံးကနေတဆင့် သမ္မတ ဦးသိန်းစိန်ဆီပေးပို့  တဲ့ အခါ ဝန်ထမ်းတဦးကထွက်ပြီး လက်ခံယူသွားတယ် လို့ ဆန္ဒပြသူတဦး ကပြော ပါတယ်။

RFA , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment