Pages

Sunday, June 22, 2014

ပြည်ပဈေးကွက်ဝင် တမလန်းသစ်များအား ကွန်တိန်နာကားများအတွင်း ၀ှက်၍ ခိုးထုတ်သယ်ယူနေ

RangonNewsDaily:: June . 22 .2014
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်နှင့် ယင်းမာပင်ခရိုင်အတွင်းမှ ထွက်ရှိသော ပြည်ပဈေးကွက်ဝင် တမလန်းသစ်များကို ယခင်က ကုန်တင်ကားကြီးများဖြင့်သယ်ဆောင်ခဲ့ကြသော်လည်း ယခုအခါ ကွန်တိန် နာကားများဖြင့် တရားမ၀င် ခိုးထုတ်
သယ်ယူလျက်ရှိနေသည်ဟု မုံရွာခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့ခေါင်း ဆောင် ရဲအုပ် လင်းထက်နိုင်မှ ပြောကြားလိုက်သည်။
ကုမ္မဏီလုပ်ငန်းသုံး ကွန်တိန်နာကားများဖြင့် ပြည်ပဈေးကွက်ဝင် တမလနန်းသစ်များကို တရားမ၀င် ခိုးထုတ်သယ်ယူမှု
များရှိနေသည့်အတွက်လည်း စောင့်ကြပ်စစ်ဆေးဖမ်းဆီးရာတွင် ကွန်တိန်နာကားဖြင့် တရားမ၀င်သစ်သယ်ဆောင်လာ
သူများကို ဖမ်းဆီးရရှိခဲ့သည်ဟု ၎င်းမှ ဆက်လက်၍ ပြောပြသည်။

ယခုလ ၂၀ ရက်နေ့ည ၁၀ နာရီခွဲအချိန်က မုံရွာ - ရေဦး ကားလမ်း အလုံဘိုတော်ကြီး နတ်နန်းနေရာအနီး တွင် ကင်တာ ကွန်တိန်နာ အမျိုးအစား ယာယီယာဉ်အမှတ် FG 82 EEV 50 …. အား ရပ်တန့်စစ်ဆေးခဲ့ရာ ကွန်တိန်နာဆေဘာက်
အတွင်း တရားမ၀င် ခိုးထုတ်သယ်ဆောင်လာသည့် တမလန်းသစ် စကွဲယားတုံး (၄၉)တုံး၊ သစ်တန်ချိန် ( ၂ ဒသမ ၁၉၃၂ )တန်အား မုံရွာခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ် သည်။

တိုင်းဒေသကြီး၏ အခွန်ဘဏ္ဍာများ ယိုးစီပေါက်မဖြစ်ပေါ်စေရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ယခု နှစ် ဧပြီလ

မှစတင်၍ တမလန်းသစ်များအား တရားမ၀င်ခိုးထုတ်သယ်ယူနေသူများအား ဖော်ထုတ်ဖမ်းဆီး သွားရန် စီမံချက်များရေး
ဆွဲ၍ စစ်ကြောင်းကြီးများကာ ဒေသတွင်း၌ ဖော်ထုတ်ဖမ်းဆီးလျက်ရှိသည်။ 

ထိုသို့ ဖမ်းဆီးရာတွင် ချင်းတွင်းမြစ်ကြောင်း၌ တမလန်းသစ်တန်ချိန် တစ်ထောင်နီးပါးအား စစ်ကြောင်းမှူး ဒုတိယ ရဲမှူးကြီး မင်းဇော်ဦး နှင့်အဖွဲ့က ပြီးခဲ့သည့်လက ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ကိုတိုး ချင်းတွင်း , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment