Pages

Sunday, June 22, 2014

မြန်မာ့လက်ရွေးစင်အသင်းကို ပဏာမကစားသမား (၂၅)ဦးဖြင့် ဖွဲ့စည်း


RangonNewsDaily:: June . 22 .2014
အာဆီယံ ဒေသတွင်းအဆင့်အမြင့်ဆုံးပြိုင်ပွဲဖြစ်သည့် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရန် အတွက် မြန်မာအသင်း
သည် ပြင် ဆင်မှုများ ပြုလုပ်နေပြီဖြစ်သည်။
ပြိုင်ပွဲမတိုင်မီ မြန်မာအသင်းမှာ နိုင်ငံတကာ ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး ဇွန် ၂၈ ရက်တွင် ဂျပန်ကလပ် ဆီရီ
မိုအိုဆာကာ အသင်း၊ ဇူလိုင် ၂ ရက်တွင် ဗီယက် နမ် လက်ရွေးစင်အသင်းတို့နှင့် ခြေ စမ်း ကစားမည်ဖြစ်သည်။ ဆီရီမိုအို ဆာကာအသင်းနှင့် ခြေစမ်းပွဲကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းတွင် ကစား မည်ဖြစ်ပြီး ဗီယက်နမ်လက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲကို ဗီယက်နမ် နိုင်ငံတွင် ယှဉ်ပြိုင်ကစားမည်ဖြစ် သည်။ 

အဆိုပါ ခြေစမ်းပွဲစဉ်များကို ယှဉ်ပြိုင်ကစားရန် မြန်မာ့လက်ရွေး စင်အသင်းကို ပဏာမကစားသမား ၂၅ ဦးဖြင့် ဖွဲ့စည်း
လိုက်ပြီဖြစ်သည်။ 

ယခုရွေးချယ်လိုက်သည့် မြန်မာ အသင်းသည် AFC Challenge Cup ပြိုင်ပွဲဝင် အသင်းမှ ကစား သမား ၁၄ ဦးပြန်ပါ

လာပြီး ကျော် ဇေယျာဝင်း၊ ကြည်လင်း၊ စိုးမင်းဦး တို့လည်း အေဗရာမိုဗစ်လက်ထက် ပထမဆုံး ရွေးချယ်ခံခဲ့ရသည်။

ထို့ပြင် MNL တွင် ခြေစွမ်းပြ နေသော မျက်နှာသစ် ကစားသမား များဖြစ်သည့် နေမျိုးအောင်၊ ဇန်ဘိုထွန်း၊ အောင်ရှိုး

သာမောင်နှင့် အောင်ကျော်နိုင်တို့ ရွေးချယ်ခံခဲ့ရ သည်။ မြန်မာအသင်းမှာ ဇွန် ၂၃ ရက်တွင် စတင်လေ့ကျင့်မည်ဖြစ် သည်။

ပဏာမ မြန်မာ့လက်ရွေးစင် အသင်းတွင် နည်းပြချုပ် အေဗရာ မိုဗစ်၊ လက်ထောက်နည်းပြ ဇီကို ဗစ်နှင့် ဦးစိုးမြတ်မင်း၊ ဂိုးနည်းပြ ဒီနို၊ ကစားသမားများအဖြစ် ဂိုး-သီဟစည်သူ(ရတနာပုံ)၊ ကျော်ဇင်ဖြိုး(မကွေး)၊ မန်လာဟရွယ် (နေပြည်တော်)၊ ရန်အောင်လင်း(ဟံသာဝတီ)၊


 နောက်တန်း-ဇော်မင်းထွန်း၊ သက်နိုင် (ရတနာပုံ)၊ အောင်ဇော်၊ ခင်မောင် လွင်(ရန်ကုန်)၊ သိန်းဇော်(ဇွဲကပင်)၊ နေမျိုးအောင်(GFA)၊ ဇန်ဘိုထွန်း (မနောမြေ)၊ 

အလယ်တန်း- ရန်အောင်ကျော်၊ အောင်မိုး၊ ကြည်လင်း (ရန်ကုန်)၊ မင်းမင်းသူ၊ နေလင်းထွန်း၊ နိုင်လင်းဦး(ဧရာဝတီ)၊ အောင်ရှိုးသာမောင်(မကွေး)၊ အောင်ကျော်နိုင် (နေပြည်တော်)၊ ကျော်ဇေယျာဝင်း (ကမ္ဘောဇ)၊ ရန်အောင်ဝင်း(ရတနာပုံ)၊

 ရှေ့တန်း-ရန်ပိုင်၊ ကောင်းစည်သူ (ရတနာပုံ)၊ စိုးမင်းဦး(ကမ္ဘောဇ)နှင့် ကျော်ကိုကို(ရန်ကုန်)တို့ ပါဝင်ကြသည်။

MOI Webportal , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment