Pages

Sunday, June 22, 2014

ဝန်ကြီးဟောင်း ဦးဆန်းဆင့်နှင့်အတူ ဆက်စပ်နေသူများကိုပါ ထိန်းသိမ်းစစ်ဆေးနေ

RangonNewsDaily:: June . 22 .2014
ရန်ကုန်၊ ဇွန် ၂၀- သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဟောင်း ဦးဆန်းဆင့်အား စစ်ဆေးမှု များပြုလုပ်ရာတွင် ဆက်စပ်စစ်ဆေး ရန်လိုအပ်သူများကိုပါ စစ်ဆေးနေ ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဒီမိုက ရေစီတူဒေးသတင်းစာသို့ ထုတ်ဖော် ပြောကြားခဲ့သည်။

''ဝန်ကြီးဟောင်း ဦးဆန်းဆင့် အပြင် ဆက်စပ်စစ်ဆေးဖို့လိုအပ် သူများကိုလည်း စစ်ဆေးနေတယ်လို့ ပဲ သိရပါတယ်။ အသေးစိတ်ထုတ် မပြောနိုင်သေးပါဘူး''ဟု ဦးရဲထွဋ် က ပြောကြားခဲ့သည်။

ဇွန် ၁၉ရက်က သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား ရာထူးမှရပ်စဲခဲ့ပြီး စုံစမ်းစစ်ဆေးမှုများပြု လုပ်နေမှုနှင့် ပတ်သက်ပြီး ဒီမိုကရေစီတူဒေးသ တင်းစာ၏ မေးမြန်းမှုအား ဦးရဲထွဋ် က ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။


ဝန်ကြီးဟောင်းဦးဆန်းဆင့်နှင့် အတူအပေါင်းပါများအား ရမည်းသင်း ထောင်သို့ ပို့ဆောင်ထားကြောင်း စုံ စမ်းသိရှိရသည်။ 


''ဝန်ကြီးဟောင်း ဦးဆန်းဆင့် ကို ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်း စစ်ဆေးနေပါတယ်။ စစ်ဆေးနေတဲ့ ကိစ္စရပ်များက သာသ နာရေး ဆိုင် ရာကိစ္စများပါဝင်သလို အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စများလည်း ပါဝင်ပါတယ်။ စစ်ဆေးတွေ့ရှိချက် များအပေါ် မူ တည်ပြီး အရေးယူမှာဖြစ် ပါတယ်။ အခုရဲစခန်းမှာ အမှုဖွင့်တယ် ဆိုတာက အရေးယူရတဲ့အကြောင်း အရာအများကြီးထဲက တစ်ခုသာ ဖြစ်ပါတယ်''ဟု ဦးရဲထွဋ်က ဆက် လက်ပြောကြားခဲ့သည်။

ဦးအံ့မောင်ကိစ္စနှင့်ပတ်သက်၍ လတ်တလောတွင် မှတ်ချက်မပေး နိုင်သေးကြောင်း၊ သမ္မတရုံးအကြံ ပေးပုဂ္ဂိုလ်များ ထားရှိတာဝန်ပေး မှု စနစ်ကိုတော့ ပြန်လည်သုံးသပ်ရန်ရှိ ကြောင်း ပြောကြားခဲ့သည်။
ဦးရဲထွဋ်က ယနေ့ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေး တွင် သတင်းထောက်များအား ဦးဆန်း ဆင့်အား အရေးယူခဲ့ရမှုနှင့် ပတ်သက် ပြီး ရှင်းပြသွားသည်။

''သန္တိသုခကိစ္စကလဲ အ ကြောင်းတစ်ချက် အပါအဝင်ပေါ့။ သန္တိသုခဖြစ်စဉ်စပြီးတော့ ဖြစ်တဲ့ အချိန်ကတည်းက သမ္မတကြီးက သာသနာရေးဝန်ကြီးအနေနဲ့ ဒီကိစ္စ မှာ သံဃနာယကအဖွဲ့ ရဲ့ဆုံးဖြတ် ချက်ကိုလည်း အေးအေးချမ်းချမ်း အကောင် အထည်ဖော်နိုင်အောင် တစ်ဖက် က ဟိုဘက်နဲ့ဒီဘက်ကြားမှာ သာသနာရေးဝန်ကြီးအနေနဲ့ရော၊ ဆရာဒကာတွေအနေနဲ့ရော ဝင် ရောက်ဆောင် ရွက်ပေးဖို့ တာဝန် ပေးခဲ့တယ်။ 


ဒါပေမဲ့အဲဒီကိစ္စအပါ အဝင်ကျန်တဲ့ကိစ္စတွေမှာ ဦးဆန်းဆင့် ရဲ့ ဆောင်ရွက်ချက်တွေဟာ ပါဝင် ပတ်သက်နေတဲ့လူတွေကြားမှာ နား လည်မှုဖြစ်စေဖို့ထက် စိတ်ဝမ်းကွဲ ပြားမှုဖြစ်စေ တယ်။ နောက်ဆုံးမှာ အစိုးရနဲ့သံဃာတွေကြားထဲမှာပါ နားလည်မှုလွဲစေတဲ့အဖြစ်မျိုးတွေ ဖြစ်လာတယ်။ 

တချို့ဟာတွေဆိုရင် သမ္မတကြီးမှာကြားတဲ့ဟာတွေကို ကျော်လွန်ပြီးတော့ လုပ်လိုက်တယ်ဆို တဲ့ သဘောမျိုးတွေရှိတယ်။ သတင်း မပို့ဘဲနဲပေါ့။ ဒါကြောင့်မို့ကျွန်တော် တို့က မလွှဲမရှောင်သာ အခုလိုအရေး ယူဆောင်ရွက်လိုက်ရတာ။ သမ္မတ ကြီးက သူတို့အရင်ကတည်းက အ ကြိမ်ကြိမ်ပြောဆိုဆုံးမပြုပြင်ပေးခဲ့ တာတွေရှိတယ်။ ဒါကတော့ နောက် ဆုံးအနေနဲ့မို့ ကျွန်တော်တို့လုပ်လိုက် ရတာပါ''ဟု ရှင်းပြခဲ့သည်။

ဆက်လက်၍ ''လောလောဆယ် တော့ အဂတိလိုက်စားမှု ဟိုဘက်က ကော်မရှင်အနေနဲ့တော့ မဟုတ်ဘူး ပေါ့။ ကျွန်တော်တို့ဌာန မှာရှိတဲ့ တိုင် ကြားချက်တွေအရ တရားစစွဲပြီး အမှုဖွင့်ခံထားရတဲ့ဝန်ကြီးလို့ပြော လို့ရတာပေါ့။
ဝန်ကြီးတွေက ပိုင်ဆိုင်မှုတွေ ကတော့ ချိတ်ပိတ်ပြီးတော့ ပေးထား ပြီးသားလေ။ 


ဆိုတော့ သူ့ကိုပိုင်ဆိုင် မှုနဲ့ပတ်သက်လို့ တိုင်ကြားမှုရှိလာရင် ဒီတိုင်ကြား မှုကြောင့် ဒါကို ဖွင့်ဖောက် စစ်ဆေးဖို့လိုတယ်ဆိုရင်တော့ ဖွင့် ဖောက်စစ်ဆေးရ မှာပေါ့။ ကျန်တဲ့အ ချိန်မှာဆိုရင်တော့ ဒါကိုချိတ်ပိတ် တဲ့အနေနဲ့ထားမှာ။ ထိုးကျွေးတာမ ဟုတ်ဘူးဗျ။ 

အမှန်ကတော့ သူက အဓိကကတော့ ဝန်ကြီးဦးဆန်း ဆင့် အ နေနဲ့ သာသနာရေးကိစ္စတွေလုပ်တဲ့အ ခါမှာ သမ္မတကြီးနဲ့အစိုးရ အဖွဲ့ရဲ့မူဝါဒ တွေ ကို ကျော်လွန်ပြီးတော့ လုပ်လိုက် တာတွေရှိတယ်။ ဆိုတော့ အခုက သန္တိသုခကို အေးအေးချမ်းချမ်းဖြစ် စေဖို့ ကျွန်တော်တို့ ကပြောတယ်။ ခင် ဗျားတို့မှတ်မိပါလိမ့်မယ်။ ပဲခူးမှာ သမ္မ တကြီးသွားပြီးတော့မှ သမဝါယမ အခမ်းအနား တက် တဲ့နေ့မှာ ရန်ကုန် မှာ မှာခဲ့တယ်။ ဒါကိုနှစ်ဘက်စလုံးက ဆရာသံဃာတွေပဲ။ 

ဘာပဲပြောပြော သံဃနာယကအဖွဲ့ဆုံးဖြတ်ချက်ဆို တာလဲ အကောင်အထည်ဖော်ရ မယ်။ သူကလဲ ဆုံးဖြတ်ချက်ချတယ် ဆိုတဲ့အခါမှာ အကြောင်းအကျိုးမဲ့ လုပ်တာမဟုတ်ဘူးလေ။ ရှိပြီးသား သက်သေခံအထောက် အထား စာ ရွက်စာတမ်းတွေ၊ အရင်တုန်းက ကျောင်းပိုင်ရှင်နဲ့ပတ်သက်လို့ ဆုံး ဖြတ်ခဲ့တဲ့ ဓမ္မသတ်အစဉ်အလာတွေ၊ ထုံးတမ်းအစဉ်အလာတွေ၊ ဝိနည်း တွေ ဒါတွေနဲ့အညီဆုံးဖြတ်ခဲ့တာပါ။

သို့သော် ဟိုဘက်ကို အကောင်အ ထည်ဖော်တဲ့အခါမှာ တည်တည်ငြိမ် ငြိမ်အေးအေးချမ်းချမ်းနဲ့ဖြစ်စေချင် လို့ သမ္မတကြီးက သူ့ကိုသေချာမှာ ခဲ့တာ။ ဒါဟာ သာသနာရေးဝန်ကြီး တစ်ယောက်အနေနဲ့ ဆောင်ရွက်ပေး ရမယ့်ဟာတွေဖြစ်တယ်။


 ရှေ့မှာပြောခဲ့ သလိုပဲ ဟိုဘက်ဒီဘက်မှာ ပြောတဲ့ စကားတွေက အေးချမ်းမှုကိုမဖြစ်စေ တာထက် ကွဲပြားမှုကိုပိုဖြစ်စေ တယ်။ နောက်တစ်ခါ ဒီကွဲပြားမှုသည်ပင် လျှင် အစိုးရအဖွဲ့ကို အန္တရာယ်ဖြစ် အောင် ဒုက္ခရောက်အောင်လုပ်တယ် ဆိုတဲ့ဟာမျိုး ထင်မြင်စရာတွေဖြစ် လာတာပေါ့။ သူရဲ့လုပ်ဆောင်ချက် က ဒီလိုတွေကြောင့် မလွှဲမရှောင်သာ အရေးယူရတာပါ'' ဟုပြောခဲ့သည်။

Yangon Media  , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment