Pages

Sunday, June 22, 2014

ညီမနှင့် တူဖြစ်သူတို့အား တိုက်ခိုက်ခဲ့မှုကြောင့် အမေရိကန်အမျိုးသမီး လက်ရွေးစင်ဂိုးသမား ဟုတ်ဆိုလို ဖမ်းဆီးခံထားရ

ဟုတ်ဆိုလို (Photo:Funnyjunk.com)
RangonNewsDaily:: June . 22 .2014
အမေရိကန်အမျိုးသမီးလက်ရွေးစင်အသင်း၏နာမည်ကြီးဂိုးသမား ဟုတ်ဆိုလို သည် သောကြာနေ့ကပြုလုပ်ခဲ့သည့် မိသားစုပါတီပွဲတွင် ညီမနှင့်တူဖြစ်သူတို့ အား တိုက်ခိုက်ခဲ့မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်းသိရသည်။
ယင်းပါတီပွဲမှာ ဟုတ်ဆိုလို၏နေအိမ်တွင် ကျင်းပခဲ့ပြီး သူမ၏တိုက်ခိုက်မှုကြောင့် ညီမနှင့် တူဖြစ်သူတို့မှာ ဒဏ်ရာအများ
အပြားရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှပြောကြား ခဲ့သည်။ 

ဟုတ်ဆိုလိုသည် စစ်ဆေးကြားနာမည့် တနင်္လာနေ့သည့်တိုင်အောင် အာမခံရရှိမည်မဟုတ်ဘဲ ထိန်းသိမ်းခံထားရ
မည်ဖြစ်ကြောင်း သိရသည်။

EMG , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment