Pages

Sunday, June 22, 2014

အိန္ဒိယဘောလုံးဝါသနာရှင် ဇနီးမောင်နှံ(၂)ဦး ကမ္ဘာ့ဖလားပွဲစဉ်များကို (၉)ကြိမ်မြောက်ကြည့်ရှု

ပန်နာလယ်(ယာ)နှင့် ချိုင်တလီ(၀ဲ)တို့ဇနီးမောင်နှံ(Photo:AFP)
RangonNewsDaily:: June . 22 .2014
အိန္ဒိယနိုင်ငံမှ ဘောလုံးဝါသနာရှင် ဇနီးမောင်နှံ(၂)ဦး ဖြစ်သော ပန်နာလယ်ချက်တာဂျီ နှင့် ချိုင်တလီချက်တာဂျီတို့သည် ၂၀၁၄ ကမ္ဘာ့ဖလားပွဲစဉ်များကို ကြည့်ရှုရန်အတွက် ဘရာဇီးလ်နိုင်ငံသို့ သွားရောက်လျက်ရှိကြောင်းသိရသည်။
၎င်းတို့(၂)ဦးမှာ အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့အရှေ့ပိုင်းတွင်နေထိုင်ကြသူများဖြစ်ကြပြီး ပန်နာလယ်၏ အသက်မှာ
(၈၁)နှစ်ရှိနေပြီ ဖြစ်ပြီး သူ၏ဇနီးဖြစ်သူ ချိုင်တလီမှာမူ (၇၂)နှစ်ရှိနေပြီဖြစ်သည်။ 

ချက်တာဂျီဇနီးမောင်နှံသည် စပိန်နိုင်ငံတွင် ကျင်းပခဲသည့် ၁၉၈၂ကမ္ဘာ့ဖလား ပြိုင်ပွဲမှ စတင်ကာကမ္ဘာ့ဖလားပွဲစဉ်များ
ကို ကျင်းပသည့်နိုင်ငံတိုင်းသို့ သွားရောက်၍ ကြည့်ရှုခဲပြီး ယခု ၂၀၁၄ ကမ္ဘာ့ဖလားမှာ ချက်တာဂျီဇနီးမောင်နှံအတွက်
(၉)ကြိမ်မြောက်ကြည့်ရှုမည့်ပြိုင်ပွဲဖြစ်လာမည်ဖြစ်ပြီး ပန်နာလယ်ချက်တာဂျီက “၁၉၈၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံး
အဖြစ်ကြည့်ရှုခွင့်ရခဲ့တဲ့နောက် ဒီလိုစိတ်လှုပ်ရှားစရာကောင်းတဲ့ ပြိုင်ပွဲမျိုးကိုလက်လွတ်မခံဘဲ ထပ်မံကြည့်ရှုဖို့ ကျွန်တော်
ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ 

အခုကမ္ဘာ့ဖလားပြိုင်ပွဲဟာ ကျွန်တော်တို့အတွက် နောက်ဆုံးကြည့်ရှုမယ့်ပြိုင်ပွဲဖြစ်နိုင်ပေမယ့် ဘရာဇီးလ်ကို ကိုယ်တိုင်
ကိုယ်ကျသွားပြီးကြည့်ရှုခွင့်ရတဲ့အတွက် ကျွန်တော် အရမ်းကိုဝမ်းသာကျေ နပ်မိပါတယ်”ဟုပြောကြားခဲ့သည်။ 

ဖီဖာက ချက်တာဂျီဇနီးမောင်နှံ ဘရာဇီးလ်နိုင်ငံသို့ သွားရောက်နိုင်ရန်အတွက် ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ပြီး ဘရာဇီးလ်နိုင်ငံတွင် အခမဲ့နထိုင်ခွင့်ရရှိအောင် စီစဉ်ပေးခဲ့သလို၊ အိန္ဒိယပြည်တွင်းရုပ်သံလိုင်းတစ်ခုကလည်း ကမ္ဘာ့
ဖလားပွဲ လက်မှတ်များကို ၎င်းတို့ဇနီးမောင်နှံအား ပေးအပ်ခဲ့ကြာင်းသိရသည်။ 

EMG , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment