Pages

Sunday, June 22, 2014

ပုပ္ပားတောင်အနီးတွင် ဗုံးသီးဟောင်း နှစ်ရာကျော်တွေ့


RangonNewsDaily:: June . 22 .2014
ပုပ္ပားတောင်မြောက် ဘက်ရှိ စိတ္ထိန်းကျေးရွာတွင် ဆေး ခန်းအနီး ၀န်ထမ်းအိမ်ရာ တည်ဆောက်ရန် မြေကျင်းတူးရာ ဗုံးသီးနှစ်ရာကျော်တွေ့ရှိ၍ မိတ္ထီလာမိုင်းရှင်းလင်းရေးတပ်က လာရောက်ရှင်းလင်းပေးခဲ့ကြောင်း သတင်းရရှိသည်။
ဇွန်လ ၂၀ ရက်တွင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားမြို့၊ စိတ္ထိန်းကျေးရွာရှိ ဆေးခန်း၌ ၀န်ထမ်းအိမ်ရာ အဆောက်အအုံ ဆောက်ရန် မြေကျင်းတူးရာမှ ဗုံးသီးများတွေ့ရှိ၍ မြို့နယ်ရဲတပ်ဖွဲ့နှင့် တပ်မ (၇၈) တပ်ရင်းသို့အကြောင်းကြားပြီး မိတ္ထီလာမိုင်းရှင်းလင်းရေးတပ်ကို ခေါ်ဆောင်၍ တူးဖော်ရာ ဗုံးသီး ၂၅၇ လုံးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

‘‘ဆေးခန်းက အလုပ်သမား ၀န်ထမ်းနေဖို့ အဆောက်အအုံ ဆောက်ဖို့ မြေကျင်းတူးတာကနေ စတွေ့တာလို့ ပြောတယ်။ မိတ္ထီ လာက မိုင်းရှင်းလင်းရေးတပ်ကို ခေါ်ပြီး အကုန်လုံးတူးတာ ၂၅၇လုံးတွေ့တာပဲ။ အဲဒါကို အကုန်လုံး သူတို့ဖျက်
ဆီးပစ်ဖို့ ဆိုပြီးသယ် သွားတယ်’’ဟု စိတ္ထိန်းကျေးရွာ ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ ဗုံးသီးများတွေ့ရှိ ခြင်းနှင့် ပတ်သက်ပြီး ပုပ္ပားမြို့ နယ်ရဲစခန်းမှူးထံဆက်သွယ်မေးမြန်းရာ လုံခြုံရေးအတွက် ဖြစ်သောကြောင့် ဖြေကြား ပိုင်ခွင့်မရှိကြောင်းပြောသည်။


‘‘စစ်တပ်က ဗိုလ်တွေ ပြော သွားတာတော့ ဒီနေရာက ဒုတိယ ကမ္ဘာစစ်တုန်းက ဂျပန်တွေ စခန်း ချသွားတဲ့နေရာလို့ပြော

တယ်။ဒီဗုံးတွေကိုသူတို့မြှုပ်သွားတာလို့ ပြောတယ်။အဲဒီနေ့တုန်းကတော့ တစ်နေကုန် တူးဖော်နေရတာပဲ။ ညနေရောက်
မှ ပြီးသွားတယ်။ နောက်ထပ်မရှိတော့ဘူးလို့ပြော သွားတာပဲ’’ဟု ထိုနေရာသို့ သွား ရောက်ကြည့်ရှုသော ပုပ္ပားမြို့ ဒေသခံကိုဝင်းကိုကပြောသည်။

အဆိုပါဗုံးများသည် ဗုံးအသစ်များမဟုတ်ဘဲ ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးဟောင်းများဖြစ်ကြောင်း သတင်းရရှိသည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment