Pages

Sunday, June 22, 2014

ရိုဟင်ဂျာမွတ်စလင်တို့အား ဆက်လက်ဖိနှိပ်အကြမ်းဖက်နေမှုကို ရပ်တန့်ရန် OIC တိုက်တွန်း


RangonNewsDaily:: June . 21 .2014
ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင်တို့အား ဆက်လက်ဖိနှိပ် အကြမ်းဖက်နေမှုများကို ရပ်တန့်ရန် OIC အဖွဲ့၏ ဂျစ်
ဒါကြေညာချက်တွင် တိုက်တွန်းလိုက်သည်။
ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျစ်ဒါမြို့၌ ဇွန်လ ၁၈-၁၉ ရက်များတွင် ကျင်းပသော အစ္စလာမ်မစ်နိုင်ငံများပူးပေါင်းဆောင်
ရွက်ရေးအဖွဲ့ (OIC)၏ ၄၁ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး၌ ထုတ်ပြန်သော ကြေညာချက်တွင် ယင်းကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

ယင်းအစည်းအဝေး၌ OIC အဖွဲ့၏ နှစ်ပတ်လည် အစီရင်ခံစာ တင်သွင်းခဲ့ပြီး အခမ်းအနားအပြီး ကြေညာချက် တစ်စောင် လည်း ထုတ်ပြန်ခဲ့သည်။


အဆိုပါအဖွဲ့၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ကမ္ဘာအနှံ့ဖြစ်ပေါ်နေသော အစ္စလာမ်ကြောက်ရောဂါပျံ့နှံ့နေမှုနှင့် ပတ်

သက်၍ ရိုဟင်ဂျာပြဿနာ၊ သီိရိလင်္ကာမှ မွတ်စလင်တို့၏ အခြေအနေ၊ အစ္စလာမ်ကို ပိတ်ပင်ကြောင်း သတင်းများထွက်ပေါ်နေသည့် အန်ဂိုလာ၊ ခရိုင်မီးယားရှိ မွတ်စလင်တာတာတို့၏ ကြောက်ရွံ့နေမှု၊ အာဖရိကအလယ်ပိုင်း ပြည်သူ့သမ္မတနိုင်ငံ(CAR)တွင် မွတ်စလင်တို့အား ဖိနှိပ်ညှင်းပန်းပြီး စစ်ပွဲဖန်တီးမည့်အခြေအနေတို့အပါအ၀င် ကမ္ဘာအနှံ့က သိသာထင်ရှားသော အစ္စလာမ်ကြောက်ရောဂါပျံ့နှံ့မှုအခြေအနေ သတိပေးချက်များကို လွှမ်းခြုံ၍လေ့လာအကဲခတ်ရန် စောင့်ကြည့်ရေးအဖွဲ့တို့က ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြသည်။

ထို့ပြင် အစည်းအဝေးအပြီး၌ ထုတ်ပြန်သော ကြေညာချက်တွင် အတွင်းရေးမှူးချုပ် အိုင်ယဒ်မဒနီက မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သူ မစ္စတာဟာမစ်အလ်ဘားကို မြန်မာနိုင်ငံက မွတ်စလင် လူနည်းစုများအရေး အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ကြောင်း၊ 


၎င်း၏ မြန်မာနိုင်ငံအကြောင်း ကျွမ်းကျင်မှုနှင့်အတူ အဖွဲ့ဝင်နိုင်ငံများအပါအ၀င် ဒေသတွင်းနိုင်ငံများ၏ အကျပ်အတည်းကို သိမြင်နှံ့စပ်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံက ခေါင်းဆောင်များအကြောင်း သိရှိနားလည်မှုနှင့်အတူ မြန်မာပြည်က အသိုင်းအ၀ိုင်း အားလုံး၏ လူမှုငြိမ်းချမ်းရေးအောင်မြင်မှုရှိနိုင်ရန် ပိုမိုထိရောက်ပြီး ဖြစ်နိုင်ချေရှိသော လှုပ်ရှားမှုမျိုးကို ဆောင်ရွက်ရန် မျှော်လင့်ပါကြောင်း၊ 

အလားတူ နှစ်ဘက် ဗုဒ္ဓဘာသာနှင့် မွတ်စလင်ပညာရှင်များ၊ အတွေးအခေါ်ရှင်များအကြား သမိုင်းဆိုင်ရာ ဘုံတူညီချက်များနှင့် တန်ဖိုးထားအပ်မှုများကို အထူးပြုပြီး ဒိုင်ယာလော့ဂ်ဆွေးနွေးညှိနှိုင်းမှုရရှိစေရေး ကြိုးစားအားထုတ်နိုင်ရန် မျှော်လင့်ကြောင်း ဖော်ပြထားသည်။

Source : Saudi Gazette/ OIC
ဘာသာပြန် - စိုင်ဖုလ္လာဟ်(Myanmar Muslim Media)

KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment