Pages

Sunday, June 22, 2014

သိမ်ကြီးဈေး(ဒီ)ရုံရှေ့၌ ဈေးဝယ်နေသူ အမျိုးသမီး၏စလင်းဘက်အိတ်အတွင်းမှ ငွေ များနှိုက်ယူနေသည့် ခါးပိုက်နှိုက် အမျိုးသမီးတစ်ဦးဖမ်းဆီးရမိ


RangonNewsDaily:: June . 22 .2014
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊အကူတပ်ဖွဲ့ခွဲ၊လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များသည်ခါးပိုက်နှိုက်များဖမ်းဆီးအရေး
ယူနိုင်ရေးအတွက် ၂၁.၆.၂၀၁၄ ရက်နေ့တွင် လသာမြို့နယ်၊ (ဂ) ရပ်ကွက်၊ သိမ်ကြီးဈေး(ဒီ)ရုံရှေ့၌စောင့်ကြည့် သတင်းစုံစမ်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စောင့်ကြည့်နေစဉ် ၁၀၁၀ အချိန်ခန့်၌ သိမ်ကြီးဈေး(ဒီ)ရုံရှေ့ မုန့်ဆိုင်တန်းဝင်ပေါက်အနီးတွင်မကွေးတိုင်းဒေသကြီး
၊ တောင်တွင်းကြီးမြို့နယ်နေမစန်းအေး၊(၃၈)နှစ်၊(ဘ)ဦးကျော်သောင်းမှ ဈေးဝယ်နေသူ အမျိုးသမီးတစ်ဦးလွယ်ထားသော
 စလင်းဘက်အိတ်အားဇစ်ဖွင့်၍ အတွင်းမှငွေကျပ် (၂၂၀၀၀)ကို နှိုက်ယူနေစဉ် ဖမ်းဆီးရမိခဲ့ပါသည်။
::
ထိုသို့ဖမ်းဆီးရမိသဖြင့် ၎င်းအား လသာမြို့မရဲစခန်း(ပ)၁၉၁/၂၀၁၄၊ပြစ်မှုပုဒ်မ-၃၇၉(နှိုက်)/၅၄ ဖြင့် အမှုဖွင့် အရေး

ယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရဲဇာနည် ::--
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment