Pages

Sunday, June 22, 2014

မျိုးစောင့်ဥပဒေ အကောင်အထည်မဖေါ်ဖို့  ကုလလူ့ခွင့်အရေး ကျွမ်းကျင်သူတွေ တောင်းဆို

RangonNewsDaily:: June . 22 .2014
မြန်မာနိုင်ငံမှာ ပြဌါန်းဖို့ ပြင်ဆင်နေတဲ့ မျိုးစောင့်ဥပဒေမူကြမ်းကို ဆက်လက် အကောင်အထည်မဖေါ်ဖို့  ကုလသမဂ္ဂရဲ့ လူ့ အခွင့်အရေးကျွမ်းကျင်သူတွေ က မနေ့ ကတောင်းဆိုလိုက်ပါတယ်။လူတိုင်းမှာ တဦးချင်းအလိုက် ဘာသာတရားကိုးကွယ်ယုံကြည်မှုအတွက် လွတ်လပ်စွာရွေးချယ်ခွင့်ရှိတယ်လို့ လဲ ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။
ဘာသာရေးနဲ့ ယုံကြည်မှုဆိုင်ရာလွတ်လပ်ခွင့်အထူးကိုယ်စားလှယ် Heiner Bielefeldt ၊ လူမျိုးစု အရေးဆိုင်ရာအထူးကိုယ်စားလှယ် Rita Izsak နဲ့  မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် Yanghee Lee တို့ ကတောင်းဆိုလိုက်တာပါ။

ဘာသာရေးနဲ့ ယုံကြည်မှုဆိုင်ရာလွတ်လပ်ခွင့်အထူးကိုယ်စားလှယ် Heiner Bielefeldt က- လူတယောက်ရဲ့ ကိုးကွယ်ယုံကြည်ရာဘာသာတရား ကူးပြောင်းခြင်းမှာ အစိုးရကပါဝင်စွက်ဖက် တာဟာ နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်စံညွှန်းနဲ့ မကိုက်ညီသလို တရားဝင်မှုလဲမရှိဘူးလို့  ပြော ပါတယ်။

လူမျိုးစု အရေးဆိုင်ရာအထူးကိုယ်စားလှယ် Rita Izsak ကတော့ လူမျိုးစုအခွင့်အရေးနဲ့  လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို ဆက်လက်ရှင်သန်အောင် မြန်မာအစိုးရအနေနဲ့ ဆောင်ရွက်ပေးဖို့ တိုက်တွန်း လိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် Yanghee Lee က မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်ပြုပြင်ပြောင်းလဲနေတဲ့အချိန် မှာ နောက်ကြောင်းပြန်လှည့်မှာကို စိုးရိမ်မိတယ်လို့  ပြောဆိုလိုက်ပါတယ်။

RFA , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment