Pages

Sunday, June 22, 2014

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးတွင် မောင်းနှင်နေသောယာဉ်များအား ခဲဖြင့် ပစ်ပေါက်သူ အရေးယူ

RangonNewsDaily:: June . 22 .2014
၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်အချိန် ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၃/၃-၄)ကြားတွင် နေပြည်တော်မှရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နေ ဖြိုးဝေဦး(၃၅)နှစ်မောင်းနှင်လာသော ၅ဃ/xxxx အယ်လ်ဖတ်ယာဉ်နှင့် မြောက်ဥက္ကလာပမြို့နယ်နေ ထွန်းထွန်းအေး(၄၃)နှစ်မောင်းနှင်လာသော 
၅ဂ/xxxx ရွှေမန်းသူမှန်လုံယာဉ် တို့အား
လှည်းကူးမြို့နယ်၊ နန္တိအုပ်စု၊ ကြို့ကုန်းကျေးရွာနေ ဖိုးဇော်(၂၈)နှစ်မှ ခဲနှင့်ပစ်ပေါက်ခဲ့သဖြင့် ၅ဃ/xxxxအယ်လ်ဖတ်ယာဉ်
၏ နောက်ယာဘက်ဘေးမှန်ကွဲကြေ၍တန်ဘိုးငွေကျပ်(၁၀၀၀၀၀ိ/-)နှင့် ၅ဂ/xxxxရွှေမန်းသူမှန်လုံယာဉ်၏ယာဘက်ဘေး
နံပါတ်ပြားအနီး ဆေးပွန်းချိုင့်၍ တန်ဘိုးငွေကျပ် (၂၀၀၀၀ိ/-)ခန့် ပျက်စီးဆုံးရှုံးခဲ့သည်။
::
ထိုသို့ ခဲဖြင့်ပစ်ပေါက်သူ ဖိုးဇော်အား ရွှေမန်းသူယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှ ၀ိုင်းဝန်းဖမ်းဆီးပြီး အမှတ်(၃)

လမ်းဆုံ အမြန်လမ်းရဲစခန်းသို့ လာရောက်အပ်နှံခဲ့သောကြောင့် ဖိုးဇော်အား (ပ)၁၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉-က/၄၄၀ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။ 

ရဲဇာနည် ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment