Pages

Wednesday, October 24, 2012

အရစ်ကျဖုန်းရောင်းချမှုအား ညွန်ကြားချက်ထက် ပိုတောင်းပါက အရေးယူမည်ဟု ရခိုင်ပြည်နယ်မန်နေဂျာသတိပေး

ရခိုင်ပြည်နယ်တွင် မြို့နယ်အလိုက်GSMဖုန်းများအားအရစ်ကျရောင်းချခွင့်ပေးထားရာဝန်ဆောင်ခများအား
ညွန်ကြားချက်အတိုင်းကောက်ခံရမည်ဖြစ်ရာပိုမိုကောက်ခံသည်ကိုတွေ့ရှိပါကအရေးယူမည်ဟု မြန်မာ့ဆက်
သွယ်ရေးလုပ်ငန်းရခိုင် ပြည်နယ် မန်နေဂျာ ဦးမျိုးသန့်က အသိပေးပြောကြားလိုက်သည်။

မြို့နယ်တစ်ချို့တွင်ဖုန်းကဒ်လျှောက်ရာ၌သတ်မှတ်ထားသည့်နှုန်းထားထက်ပိုမိုကောက်ခံနေသည်ဟုသတင်း
များ ထွက်ပေါ်လာသည့်အပေါ်တွင် ပြည်နယ်မန်နေဂျာ ဦးမျိုးသန့်က ယခုလို ပြောကြားလိုက်ခြင်းဖြစ်သည်။

ဖုန်းလျှောက်တဲ့အခါ ညွန်ကြားထားတဲ့ အတိုင်းကောက်ခံတာပါ၊တကယ်လို့အပိုကောက်ခံတာတွေ့လို့ရှိရင်
အရေးယူမှာ ဖြစ်ပါတယ်” ပြည်နယ်မန်နေဂျာ ဦးမျိုးသန့်ကပြောသည်။
အောက်တိုဘာ၁၁ရက်နေ့မှစ၍ ကျေးလက်ဒေသလူထုများအားGSMဖုန်းကဒ်ကို အရစ်ကျ ရောင်းချပေးနေ
ရာဝန်ဆောင်မှုကိုသတ်မှတ်ထားသည့်အတိုင်းကောက်ခံရန်ညွန်ကြားထားသည်ဟုဦးမျိုးသန်က ပြောသည်။
သတ်မှတ်တဲ့နှုန်းထား၎ သောင်းပဲသွင်းရမှာပါ၊လိုအပ်တဲ့စာရွက်စာတမ်း လျှောက်လွှာအားလုံးပေါ့၊လျှောက်
လွှာခတွေတော့ မလိုဘူး၊ ဒါပေမယ့် အင်တာနက်ဖွင့်ရင်တော့ တစ်သောင်းပေးရတယ်“ဟု ပြည်နယ်မန်နေ
ဂျာက ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် ကျေးလက်ဒေသလူထုအတွက်အရစ်ကျဖုန်းရောင်းချမှုကိုဒီဇင်ဘာ (၃၁)ရက်နေ့ နောက်
ဆုံး ထားမည်ဖြစ်သည်။ လက်ရှိအနေအထားရGSMဖုန်းကဒ် အလုံးရေသုံးသောင်းရောင်ချပေးပြီးပြီဖြစ်ရာ
လျာထားသည့် အရေအတွက်မှာ တစ်သိန်း လေးသောင်းရှိကြောင်း သိရသည်။
ယခုအရစ်ကျရောင်းနေသည့်ဖုန်းသည် တခြားနေရာများသို့ယူဆောင်၍ ပြောဆိုအသုံးပြုနိုင်ကြောင်း ဦးမျိုး
သန့်က ရှင်းပြသည်။
တချို့က ပြောကြတယ်၊ဒီဖုန်းကရခိုင်ပြည်နယ်မှာအတွင်းမှာပဲသုံးလို့ရတယ်ဆိုပြီးတော့၊အရစ်ကျသွင်းတဲ့ဖုန်း
တွေဟာနေပြည်တော်ယူသွားလို့ မရဘူး၊ရန်ကုန်ယူသွားလို့မရဘူးဆိုပြီးတော့ ပြောကြတာတွရှိတယ်၊ ဒါ
တွေမဟုတ်ပါဘူး၊ တစ်ပြည်လုံးပြောလို့ ရတယ်”ဟု ၄င်းက ဆက်ပြောသည်။
လက်ရှိတွင်ကျိ န္တလီမြို့နယ်ခွဲမှအပရခိုင်ပြည်နယ်အနှံ့အပြားတွင်GSMဖုန်းများကိုအသုံးပြု၍ရနေပြီဖြစ်ကြောင်း
သိရသည်။

ထိုအပြင် ရခိုင်ပြည်နယ်တွင် CDMA ထက် GSM ဖုန်းကဒ်များကို ဝယ်ယူသူများပြားကြောင်းGSM ဖုန်းကဒ်
သည်အင်တာနက် အသုံးပြုရာတွင် အဆင်ပြေသည့်အတွက် ဝယ်ယူသူများပြားလာခြင်းဖြစ်သည်။


မြစ်မခသတင်း

0 comments:

Post a Comment