Pages

Wednesday, October 24, 2012

မြေပုံမြိုတွင် အစ္စလာမ် ဘာသာဝင်များ၏ အိမ်ခြေနှင့် ဗလီ ၀တ်ကျောင်းတော်များအားလုံး ကို ရခိုင်အကြမ်းဖတ် များ ထပ်မံမီးရှို့နေကြောင်းသတင်းရရှိ

အောက်တိုဘာ ၂၄ နံနက် ၀၁နာရီ ၃၀ မီနစ် မြေပုံ မြို့

မြေပုံမြို့ အစ္စလာမ် ဘာသာဝင်များ၏ အိမ်ခြေနှင့် ဗလီ ၀တ်ကျောင်းတော်များအားလုံး ကို ရခိုင်အကြမ်းဖတ် များက အောက်တိုဘာ ၂၃ ည ၉နာရီမှ စတင်ဖျက်စီးခဲ့ရာ အောက်တိုဘာ ၂၄ နံနက်၁နာရီခန့်တွင် မြေပုံမြို့
ပ်ါရှိ အစ္စလာမ် ဘာသာဝင်များအားလုံး တောင်ပေါ် ရပ်ကွက်သို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြ သည်။
တောင်ပေါ်ရပ်ကွက်တွင်လည်း မြေပုံနှင့် နီးစပ်ရာရွာများကရခိုင်အကြမ်းဖတ်များက စုပေါင်းတိုက်ခိုက်မှု ကို
 အောက်တိုဘာ ၂၄ နံနက် ၁နာရီခွဲ ခန့်တွင် စတင် ပြုလုပ်နေပြီ ဖြစ်သည်။ ယင်းသတင်း ဗိုလ်ချုပ်သိုက်ထွန်း
 ကို ယနေ့ နံနက် ၁နာရီခန့်တွင် တောင်ပေါ်ရပ်ကွက်ရှိ အစ္စလာမ် ဘာသာဝင်များကိုယ်တိုင် သတင်းပေးပို့
ထားပြီး ဖြစ်သည်။

အောက်တိုဘာ ၂၄ နံနက် ၁နာရီ  ကျောက်ဖြူ

အောက်တိုဘာ ၂၃ ည၈နာရီတွင် ကျောက်ဖြူမြို့ရှိ ရတနာပုံနှင့် ရတနာထွန်း တည်းခိုးခန်းပိုင်ရှင် ဦးဘဘ က ဓါတ်ဆီကို ကားဖြင့် တင်ဆောင်၍ အစ္စလာမ် ဘာသာဝင်များ၏ အိုးအိမ်များအား မီးရှို့ရန် စတင်ကြိုးပမ်း
ခဲ့ သည်။

ည ၈နာရီ ၀န်းကျင်ခန့်တွင် အကြမ်းဖတ်သမားများက ဆိုင်ကယ်များဖြင့် လမ်းမများထက်တွင် ဓားများလွယ်
ကာ ဥဒဟို သွားလာနေကြသော်လည်း လုံခြုံရေး တာဝန်ယူသူများအနေဖြင့် တားဆီးခြင်းမရှိကြောင်း သိရ
သည်။

ကျောက်ဖြူမြိုရှိအစ္စလာမ်ဘာသာဝင်အများစု နေထိုင်ရာ နေရာများတွင်စတင်မီးရှိုရန် ကြိုးစားခဲ့သော်လည်း
အစ္စလာမ် ဘာသာဝင်များက ခုခံခဲ့ကြသဖြင့် ဗလီ သစ် အနီးမှ စတင် မီးရှို့ခဲ့သည်။ ယင်းနေရာသည်ရခိုင်လူ
မျိုး ဗုဒ္ဓဘာသာ ၀င်အများစု နေထိုင်ရာ နှင့် အစ္စလာမ် ဘာသာဝင်အများစု နေထိုင်ရာ နေရာနှစ်ခု ကြားနေ
ရာဖြစ် သည်။

အစ္စလာမ် ဘာသာဝင် နေအိမ်များသို့ ဦးတည် မီးရှို့ခဲ့သော်လည်း မီးမှာ ရခိုင်ဗုဒ္ဓဘာသာဝင်များ နေထိုင်ရာ
နေရာများသို့ ကူးစက်သွားခဲ့သည်။ အောက်တိုဘာ နံနက် ၀၀း၃၀ အထိ ဆက်သွယ် မေးမြန်းချက် များအရ
ကျောက်ဖြူမြို့ရှိ အိမ်ခြေနှစ်ရာ ၀န်းကျင်ခန့် မီးကူးစက်ပြီ ဖြစ်ကြောင်းသိရသည်။ ယင်းသို့ အစုအလိုက်အပြုံ
လိုက် မီးကူးစက်မှုကြောင့် မီးသတ်ကားများ ငြိမ်းသတ်နိုင်ခြင်း မရှိကြောင်း သိရသည်။


သတင်းပေးပို့သူ-SK, myanmarmuslim.net

0 comments:

Post a Comment