Pages
Wednesday, October 24, 2012
ငပိန်း တစ်ယောက်ကြည့်တဲ့ ပြဇာတ် (ဆောင်းပါး)
သတင်းကြားမိတော့ စိတ်မကောင်းဖြစ်မိတယ်။ ၂၂ ရက်နေ့ ညနေထဲက ကျွန်တော် သတင်းခိုင်ခိုင်မာမာ ရ
နေတယ်။ဒါပင်မဲ့မဖြစ်ပါစေနဲ့ လို့ အကြိမ်ကြိမ် အခါခါ ဆုတောင်းမိတယ်။ ဒါကြောင့်တတ်နိုင်သလောက်တွေ
သမျှ လူတွေကိုလည်း မဖြစ်နိုင်ပါဘူးလို့  မျက်စိမှိတ်ငြင်းခဲ့ပါသေးတယ်။
အခုကျတော့လည်း ကုရ်ဘာနီကြေညာချက်ထုတ်တော့ အားလုံးက ကြေညာလိုက်တော့လည်း ရင်နာနာနဲ့ 
ဝမ်းနည်းဝမ်းသာကြီးခံစားရတယ်။
ကုရ်ဘာနီ အနှစ်သာအလွန်ပြည့်စုံတဲ့အဓိပ္ပါယ်များစွာနဲ့ စွန်လှူခြင်းပါ။ကျွန်တော်တို့  မြန်မာမွတ်စ်လင်မ်တွေ
လုပ်ခွင့် မရခဲ့ဘူး။ ဒီနှစ်မှာ မြန်မာမွတ်စ်လင်မ်တွေ စွန့် လွှတ်ခဲ့ရတဲ့အရာတွေ အလွန်များခဲ့ပါပြီ။သက်ရှိအရာ
တွေက စလို့  သက်မဲ့အရာတွေ အဆုံး ဆုံးရှုံးခဲ့ရတဲ့အပြင်အခုတော့ နာမ်ပိုင်းဆိုင်ရာပါဆုံးရှုံးခဲ့ရပါလား။
နှစ်စဉ်မည်သို့ သော အခက်ခဲ ဒုက္ခမျိုးစုံ ၊ ပိတ်ဆို့ မှုများစွာကို ကျွန်တော်တို့  မွတ်စ်လင်မ်တွေ ကျော်ဖြတ်ပြီး စွန့် လှူမှုတွေကို လုပ်ခဲ့ကြတယ်။ တစ်နှစ်ထက်တစ်နှစ် အလ္လာဟ်အရှင်မြတ်အလိုတော်နဲ့ ပိုမိုပြုလုပ်နိုင်ခဲ့ကြ
တယ်။ ကျွန်တော်တို့ ပြုလုပ်ခဲ့တာတွေကို အလ္လာဟ်အသိဆုံးပါ။
အခုချိန်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေအပေါ် ခံပြင်းမှုတွေအားလုံးကိုယ်စီရှိကြမှာပါပဲ။ကျွန်တော်အမြင်
မှာကတော့ ရှို့ မဲ့မီးတစ်စကို မီးလောင်မှုကြီး မဖြစ်အောင် ကြိုတင်တားဆီးလိုက်ခြင်းလို့  မြင်မိပါတယ်။အများ
စုကတော့ စိတ်ညစ်ခြင်းနဲ့  စိတ်တိုခြင်း နှစ်မျိုးကို ခံစားနေကြရတယ်။ဒီအကြောင်းချက်ပေါ် မူတည်ပြီးသူတို
တွေမီးစကိုထုတ်ချင်နေပါတယ်။
ကျွန်တော်တို့ တွေရဲ့  အမှားကို ရှာကာ သူတို့ တွေ နိုင်ငံအနှံ့ မီးမွေးနေချင်တယ်။ ပြသနာကိုယခုအချိန်ထိဆွဲ
ဆန့် ထားခြင်း ကိုသာကြည့်ပါ။ လူမျိုးတုံးသတ်ဖြတ်မှုတွေကို အရှိန်တိုး ဆောင်ရွက်နေတယ်။ OIC အရေးနဲ
ပြည်သူတွေကိုစိတ်ဆွထားတယ်။မီဒီယာများရဲတစ်ဖက်စောင်းနင်းတွေကိုမျက်နှာလွှဲထားတယ်။ယခင်ခေတ်
အဆက်ဆက်က စာပေစိစစ်ရေးဆိုတာ ဘယ်ဆီရောက်နေလဲ။
ကာလတစ်လျှောက်လုံး ဈေးနှုန်းအဆမတန်နဲ့  လိုင်းကြေးတွေတအားမြင့်တဲ့ Internet လိုင်းတွေကိုနောက်လ
မှာ ဈေးအဆမတန် လျော့ချလိုက်တယ်။ ရခိုင်အရေး ဖြစ်ခါစမှာပဲ mobile internet တွေကိုတပ်ဆင့်ခွင့်တွေအ
လွယ်တကူ ချပေးသလို ဈေးနှုန်းတွေ လျော့ချပေးခဲ့တယ်။ ဒါဟာ စေတနာတွေလားအမုန်းတရား တွေတိုးဖို့ 
မီးစာ တွေစုပေး နေတာလား။မှတ်ချက်မိုဘိုင်း အင်တာနက်တွေမှာပိတ်ထားတဲ့ဆိုဒ်တွေ တော်တော်နည်းပါ
တယ်။
အပြင်မှာ လူ ၄-၅ ယောက်ဖြင့် စကားပြောရုံဖြင့် ထောက်လှမ်းရေးများရဲ့  အကြည့်ခံရကာ ၁၀ယောက်ကျော်
ပါက စခန်းရောက်သွားတဲ့ နိုင်ငံမှာ လူ ၂၀၀ကျော် -၃၀၀ ဖြင့် ထင်တိုင်းကြဲနေသော ပွဲများကို လွှတ်ထားခြင်း
မှာ သဘောရိုးပါလား။ဒါတွေဟာ ကျွန်တော် ငပိန်း တွေးမိတဲ့ အတွေးတွေပါ။ ဒီလိုနဲ့ ကျွန်တော်ငပိန်း ပြဇာတ်
ရုံ ထဲရောက်သွားတယ်။
ကြိုးကိုင်နေတဲ့ လူတစ်စုကို သိသော်လည်း နှာစေး ချင်ယောင်ဆောင်ကာ ပြဇာတ်က နေကြတယ်။ အကွက်
ချကာ လူမျိုးတုံးရေးနှင့် အဏာကိုလည်းရ အမျိုးသားသူရဲကောင်ကြီးလည်း ဖြစ်မယ့် ကမ်းချင်ယောင်ဆောင်
နေတဲ့ နာဇီခေါင်းဆောင်ကတော့ ဇတ်ညွန်းနဲ့  ဒါရိုက်တာပေါ့ဗျာ။ မင်းသားကြီးကတော့ ပြုံးစိစိနဲ့  အမေရိက က ရောက်လာသလို နာမည်ကြီး မင်းသမီးကတော့ပရိသတ်ကဗီလိန်လို့  ထင်သွားမှာစိုးလို့ တဲ့။ဒီဇာတ်လမ်း
ကို ခဏတောင် ၀င်သရုပ်မဆောင်တော့ဘူး။
ဒီဇာတ်လမ်းကို တော့ မကြာသေးခင်က လွှတ်လာတဲ့ လူကြမ်းကြီးလည်း ပါတယ်ဗျ။ သူကတော့ ဒီဇာတ်တွေ
ကိုအတွေ့ အကြုံခဏခဏရှိပြီးသားဆိုတော့ဗျာသရုပ်ဆောင်ကောင်းလိုက်တာပရိသတ်တောင်သတိမထား
မိဘူး။ အဲဒီလောက်တော်သာ။ ဇတ်ရံတွေကတော့ သနားပါတယ်။ တစ်ချို့ ကိုကျတော့ ရှာလာတာပေါ့ဗျာ။အ
များစုကတော့ တကယ့် အဖိနှိပ်ခံတွေပဲ။ သူတို့ ကို အသုံးချပြီး ရိုက်နေတာ။ အားလုံးလည်းသိပါတယ်။ ဟုတ်
တယ်မလား။
ပုရိသတ်ကတော့ လူပေါင်းစုံ ပါတယ်ဗျ။ ရှေ့ ဆုံးတန်းမှာတော့ မျက်ကန်းတွေ၊ နာလေးတွေ၊ ဦးနှောက်တစ်
ဖက်ပဲ အလုပ်လုပ်တဲ့သူတွေ ၊ အလုပ်လက်မဲ့တွေ ၊ တအားချစ်တတ်တဲ့ စာရိုက်သမားတွေ စုံလို့  ပေါ့ဗျာ။ အ
လယ်တန်းမှာတော့ လေးလုံးတွေ၊ ကောက်ရိုးမီး ချစ်သူစုံတွဲလေးတွေ၊ ကုပ်ချောင်းကုပ်ချောင်း အခွင့်ရေးသ
မားတွေ၊လစ်မှထအော်တတ်တဲ့ အရူးလေးတွေအစုံပါပဲ။ နောက်ဆုံးကတော့အထက်တန်းဆိုတော့ရူနာရိုက်
ကုန်း မူးကြီးမတ်ရာတွေ ၊ ကျောင်းသားဘ၀က မတက်တော့တဲ့ ကျောင်းသားတွေ၊ တစ်သိန်းယူပြီး ငါးမူးပြန်
ပေးတဲ့ ခရိုနီကြီးတွေ ၊  ခေါင်းရှောင်တတ်သော ခေါင်းဆောင်ကြီးတွေ အစုံပါပဲ။ တွေ့ ရတာ။
အမျိုးမျိုးသော တတ်သိနားလည်သောပညာရှင်ကြီးများနှင့် လူ့ အခွင့်အရေးအော်ကာ တောင်းဆိုခဲ့ကြသော ပုဂ္ဂိုလ်ကြီး တွေကတော့ ချောင်လေးထဲကနေ ချောင်းကြည့်နေကြတယ်။တစ်ချို့ ကတော့လူမသိအောင်လက်
ခုပ်လေးတီးသလို တစ်ချို့ ကတော့ ထခုန်ပြီးတောင် အာပေးကြတယ်။ အားပေးကြတာတော့ အမျိုးသားရေး
စိတ်ဓါတ်နဲ့ အားပေးတာ။ တစ်ချို့ ဆို ဆုတော်ငွေတောင် ထထပြီးအားပေးတာ။အဲဒီလိုပေးလိုက်တော့လည်း
ဗျာ တစ်သက်လုံး ဂုပ်သွေး စုပ်လာတဲ့သူတွေ သူတော်ကောင်း တန်းဖြစ်တာပဲ။
သမိုင်းဆိုတာလည်း ဒါရိုက်တာ ဇတ်ညွန်းဆရာကြီးရဲ့  ရေးချက်များအတိုင်းပဲ။ ကြည့်နေတဲ့ပရိသတ်ကလည်း
ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေအမျိုးသားရေးစိတ်ဓါတ်နဲ့  အားပေးတာပဲ။ပြဇတ်ထဲမှာ ပေါက်တဲ့ဇတ်
ကားတွေလည်း ရှိတယ် “ကုလား” “ဘင်္ဂလီ”ကမပါမဖြစ်လည်လှီးသတ်မယ်’ဆိုတာလည်းပါတယ်ဗျ။နောက်
စကားတွေကတော့ ကျွန်တော်လည်း မပြောရဲဘူး ဒီပြဇတ်လောက် ဆင်ဆာမရှိတဲ့ ပြဇတ် မကြည့်ဖူးလို့ ။
တိုက်ပွဲတွေကတော့ ပေါသလားမမေးနဲ့  တစ်ဖက်က သေနက်နဲ့ ပစ်တယ် နောက်တစ်ဖက်ကတော့လက်မဲ့
ဘဲ အသေခံရတာ။ ကိုယ့်အိမ်ကိုယ်မီးရှို့ တယ် ဆိုတဲ့ ဇတ်ကွက်ကတော့ အဓိပ္ပါယ် မရှိလိုက်တာ။ဒုက္ခသည်
ယောင်ဆောင်ထားတဲ့ မောက်တွေက လည်း မခေသားဗျ။ ရသမျှ ယူတဲ့အပြင် အချင်းချင်းတောင် အဝေမ
တည့်ကြဘူး။ ဖြစ်ပုံတွေများ။
သူတော်ကောင်းတရား ထားတဲ့လူတွေ ကိုင်ထားတဲ့ တုတ်ကတော့ ကြောက်စရာဗျ။ အကြမ်းဖက် လုယက်၊ မီးရို့ ၊ အဓမ္မကျင့်၊ လူသတ် စတာ တွေပေါ့ဗျာ။ ဂုဏ်းချုပ်ကြီးတွေကတော့ ခြုံလွှာကြီးနဲ့ ပေါ့။
နာဇီအကျဉ်း စခန်းတွေလည်း ပါတယ်။ ညှင်းပန်း နှိပ်စက်မှုတွေကို မြင်ရတာ မျက်ရည် စို့ တယ်။ ဘာဖြစ်လို့  လည်းဆိုတော့ နာဇီဟစ်တလာကြီး ကတောင် သချိုင်းမှာ ထိုင်ငိုရလောက်တဲ့အထိ ရက်စက်တယ်။
အဲဒီမှာ ဘာလုပ်လုပ် အပြစ်မဖြစ်တဲ့ အာပတ်ဖြေနည်းက “အမျိုးသားရေးဝါဒ”ပဲ။ခင်ဗျားပဲ ဖြစ်ဖြစ် ကျွန်တော်
ပဲဖြစ်ဖြစ် လုပ်ချင်ရာလုပ် ပြီးရင် အမျိုးသားရေးဝါဒ လို့ အော်။အဲဒါဆိုပုရိသတ်က လက်ခုပ် တဖြောင်းဖြောင်း
 တီးပြီး အားပေးမယ်။ ကံကောင်းရင် ဆုတော်ငွေတောင်ရမယ်။ မနည်းဘူးနော်။
ဥပဒေစိုးမိုးမှုဆိုတဲ့ စကားလား စိုးမိုးမှု မပြောနဲ့  ဥပဒေကိုတောင် ပိတ်ကန်လိုက်တာ။ လည်ထွက်သွားတယ်။ လုံခြုံရေးဆိုတာလား မြင်တော့မြင်ဖူးပါတယ် ။ မီးသတ်လား အင်း ဓါတ်ဆီလိုက် ဖြန်းတာတော့ တွေ့ တယ်။
ထမင်းစားခန်းတွေကတော့ သူဋ္ဌေးနဲ့ ဆင်းရဲသား အိမ်က စားတဲ့အခန်းတွေထက်တောင်ဆိုးတယ်။ တစ်ဖက်
က အဆင့်သင့် ဇွန်းကိုင်ပြီးစားရတယ်။ နောက်တစ်ဖက်ကတော့ ဗမာကားတွေမှာ ချဉ်ပေါင်ကြော်စားရင်
 တော်တော်ဆင်းရဲတယ်ပေါ့ဗျာ။ ဒီမှာတော့ ပိန်းရွက်နဲ့  ဋ္ဌက်ပျော်အူ စားနေရတယ်။ စားစရာမရှိလိုငတ်ပြတ်
နေတဲ့ လူတွေက များသား။
ကယ်ဆယ်ရေးအဖွဲ့ နဲ့ စစ်ဆေးရေးအဖွဲ့ တွေကိုလည်း အကွက်စိအောင် ထည့်ထားပါတယ်။ သူတို့ ကိုတော့ ကျွန်တော် လေယဉ်စီးမင်းသားများလို့  ခေါ်ချင်တယ်။ မိုက်တယ်ဗျ။ အခေါက်ခေါက် အခါခါ လေယဉ်စီး ပြန်
လာ၊ ပြန်စီး ။ ဓါတ်ပုံရိုက်- ထမင်းစား ပြန်လာ။ သူတို့ လည်း သိပ်တော့ ထမင်မစားနိုင်ဘူး။ လေယဉ်နဲ့ ဆို
တော့ အစာကျေမလွယ်ဘူး။
တစ်ဖက်လပ်မျက်ကန်းမီဒီယာသမားတွေကို တော့မတွေ့ ချင်မှ အဆုံး တွေ့ နေရတယ်။တစ်ဖက်ထဲမြင်တော့
တစ်ဖက်ထဲ တင်ပြပေးတာပေါ့ဗျာ။ဥပမာဓါတ်ပုံရိုက်တော့တစ်ခြမ်းပဲပါတာတိုလူနှစ်ယောက်အတူတူရိုက်ရင်
တစ်ယာက်ပဲ ပါတာတို့  ပေါ့။ပုရိသတ်အားပေးဆုံးဆိုတော့သူတိလည်း မြောက်နေတာ အောက်ကို မရောက်
တာ့ဘူး။ ပြဇတ်ထဲမှာ ဂျာနယ်တွေအရင်ထက်တအားရောင်းကောင်းတယ်။သူတို လည်းအမျိုးသားရေးဝါဒကို
မှီ ဆင်ဖြူတော်ကိုမှီ ကြံဆုပ်သလိုပေါ့။ပြဇတ်လားမဆုံးသေးပါဘူး။သူတို ဆက်ချင်သေးတယ်လေ။ 
အခုတောင် နွားတွေမသတ်တော့ဘူးဆိုလား ဘာလားကြားတော့ သူတို့  ဆက်ဖို့ ခက်နေတယ်လေ။ သူတို့ 
ကတော့ နွားသနားတယ်ပြောပြီး ရှေ့ ဆုံးက ယူမယ့် ပုဂ္ဂိုလ်တွေလေ။ နောက်ပြီး ဒီနှစ်မှာ အထူးလက်ဆောင် ပြန်ပေးဖို့ ရှိတယ်လေ။ မီးစ တွေပေါ့Sorry မဟုတ်ဘူးဗျ ချိန်ကိုက်ဗုံး ပေးမှာ။ အခု သူတို့ ပြဇာတ်ဆက်ဖို့ ခက်
နေတယ်။ နွားဇာတ်နဲ့  ဆက်လုပ်ဖို့ တာဆူထားတာ။
ကျွန်တော်လား ဘေးက ထိုင်ကြည့်နေတာ။ ပြဇာတ်မှာစတေးခဲ့ရတဲ့ဘ၀တွေ ပေးဆပ်နေရဆဲဘ၀တွေဘယ်
တော့များမှ လွတ်မြောက်မလဲဆိုတာ ဆုတောင်းကာ . . .
                                                                                                                                   တင်မင်းထွဋ်
                                                                                                                                    23-Oct-2012
MMSY (မြန်မာမွတ်ဆလင်ကျောင်းသားလူငယ်များ)
0 comments:
Post a Comment