Pages

Wednesday, October 24, 2012

၂၀၃၀ အထိ ဝင်ငွေအနိမ့်စားနိုင်ငံ စာရင်းဝင် ဖြစ်နေမည်ဟု ဦးမြင့်ပြော


ပြီးခဲ့သည့်ဇွန်လအတွင်းက နေပြည်တော်တွင်ကျင်းပသောဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး ဆွေးနွေးပွဲတွင်
တွေ့ရသည့် ဒေါက်တာ ဦးမြင့်နှင့် သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ – Voice of Myanmar)
၂၀၃၀ ပြည့်နှစ် ရောက်သည့်တိုင် မြန်မာနိုင်ငံသည် ၀င်ငွေ အနိမ့်စား နိုင်ငံများ စာရင်းတွင်သာ ပါဝင်နေဦး
မည် ဖြစ်ကြောင်း သမ္မတ စီးပွားရေးနှင့် လူမူရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးမြင့်က ပြောသည်။


နောင်လာမည့် ၁၉ နှစ် ကြာသည့်အချိန်တွင် မြန်မာနိုင်ငံသည် ၀င်ငွေ အလယ်အလတ် အဆင့်အတန်း ရှိ
သည့် နိုင်ငံ ဖြစ်လာမည်ဟု အာရှဖွံ့ဖြိုးရေး ဘဏ်က ခန့်မှန်းထားမှုမှာ မဖြစ်နိုင်ကြောင်းကို အောက်တိုဘာ ၂၀ ရက်နေ့က မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလက်မှု အသင်းချုပ် (UMFCCI) ၌ ကျင်းပသော FDI နှင့်
ပတ်သက်သည့် ဆွေးနွေးပွဲအတွင်း ဦးမြင့်က ပြောခဲ့သည်။

လက်ရှိ အနေအထားအတိုင်း ဂျီဒီပီ ၇ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်း အတိုင်းသွားပါက နောင် ၁၉ နှစ်ကြာ ၂၀၃၀
 ရောက်လျှင် မြန်မာနိုင်ငံ၏ တဦးချင်း ဂျီဒီပီသည် အမေရိကန် ဒေါ်လာ ၂၀၀၀ မှ ၃၀၀၀ အကြား ရှိလာမည်
ဟု အာရှဖွံ့ဖြိုးရေး ဘဏ်က ခန့်မှန်းထားခဲ့သည်။လက်ရှိ မြန်မာနိုင်ငံ၏ တဦးချင်း ဂျီဒီပီမှာ ၈၅၇ ဒေါ်လာ ဖြစ်
ပြီး အာဆီယံ ၁၀ နိုင်ငံတွင် အနည်းဆုံး ဖြစ်နေသည်ဟု သိရသည်။

“အာရှ ဖွံ့ဖြိုးရေးဘဏ်က တွက်တာ မှန်တယ်ပဲထားအုံး ၂၀၁၁ ခုနှစ်မှာတင် အင်ဒိုနီးရှားရဲ့ တဦးချင်း ဂျီဒီပီ
က ဒေါ်လာ ၃၄၉၅၊ ထိုင်းက ၄၉၇၂။ ၁၉ နှစ်ကြာလည်း ဒီလူတွေကို မမီနိုင်သေးဘူး။ ၁၉ နှစ်မှာ ဒီလူတွေက
လည်း တက်နေဦးမှာပဲ။

ကျနော်တို့ပဲ ကျန်ခဲ့မှာ။ ဂျီဒီပီ ၇ ရာခိုင်နှုန်း၊ ၈ ရာခိုင်နှုန်း တက်လို့ ၁၉ နှစ်ကြာလည်း သူများနောက်မှာ ရှိဦး
မှာ။ တရုတ်လို ၁၀. ၄ ရာခိုင်နှုန်း တက်မယ်ဆိုရင်လည်း မမီနိုင်ဘူး” ဟု ဦးမြင့်က ဆိုသည်။ဝင်ငွေ အလယ်
အလတ် တန်းစား နိုင်ငံ ဖြစ်ရန်အတွက်သတ်မှတ်ချက်မှာအချိန်နှင့်အမျှ ပြောင်းလဲနေသဖြင့်လိုက်မီရန်မဖြစ်
နိုင်ကြောင်း သူက ဆက်ပြောသည်။

၂၀၁၀ ပြည့်နှစ်တွင် ၀င်ငွေ အလယ်အလတ်တန်းစား နိုင်ငံများအတွက်တဦးချင်းဂျီဒီပီ ၁၉၇၀ ဒေါ်လာ သတ်
မှတ်ထား သော်လည်း ၂၀၁၁ ခုနှစ်တွင် ၃၇၆၄ အထိ မြင့်တက် သွားခဲ့ကြောင်း သိရသည်။“၁၀ နှစ်မှာ ၂ ဆ
ဖြစ်သွားတာ။ အခု လက်ရှိက ၃ ထောင်ကျော် ဆိုတော့ ၂၀၃၀ အတွက်ဆိုရင် ၄ နဲ့ မြှောက်ရလိမ့်မယ်။ ၄ နဲ
့ မြှောက်ရင် တသောင်းကျော်သွားမယ်။ အဲဒီအချိန်မှာ ကျနော်တို့ရဲ့ GDP per capita (တနိုင်ငံလုံးရဲ့ ဂျီဒီပီကို လူဦးရေ သန်း ၆၀ နဲ့ ပြန်စား) က သုံးထောင်ကျော်ပဲ ရမယ်ဆိုတော့ ကျနော်တို့ဟာ ၀င်ငွေ အနိမ့် စာရင်း
မှာပဲ ကျန်ခဲ့မှာ။

ကျနော်တို့ဟာ ဘယ်တော့မှ ၀င်ငွေ အလယ်အလတ်တန်းစား နိုင်ငံဖြစ်မှာမဟုတ်ဘူး။၂၀၃၀ ရောက်လည်း
မဖြစ်နိုင်ဘူး။ တိုင်းပြည်ကတော့ သိက္ခာကျတာပေါ့” ဟု ဦးမြင့်က ရှင်းပြသည်။

ဂျီဒီပီ ကိန်းဂဏန်း အရေအတွက်များဖြင်တခြား နိုင်ငံများကို ယှဉ်ရန်မဖြစ်နိုင်သဖြင့်ဂျီဒီပီ၏ အရည်အသွေး
ကို အလေးပေး ဆောင်ရွက်ရန်သာ ရှိကြောင်း၊ ဂျီဒီပီ ကိန်းဂဏန်း အရေအတွက်ကို မြှင့်သကဲ့သို့ တချိန်
တည်းမှာပင် အရည်အသွေး ကိုလည်း တိုးမြှင့်ရန် လိုသည်ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိ ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေး အစီအစဉ်များသည် ပြည်သူကို ဦးစားပေးသည့် အစီအစဉ်၊ အထူး
သဖြင့် ဆင်းရဲသား ပြည်သူများကို ထည့်သွင်း စဉ်းစားသည့် အစီအစဉ် ဖြစ်သင့်ကြောင်း၊ ရင်းမြစ်ကြွယ်ဝပြီး လူတော် ပေါများသည့် တိုင်းပြည် ဖြစ်သည့် အလျောက် ပြည်သူများအတွက် အခြေပြု စဉ်းစားသည့် ဖွံ့ဖြိုး
တိုးတက်မှု (People Center Development) သို့ သွားနိုင်ကြောင်း၊ ထိုသို့ သွားရာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
သည် အရေးပါပြီး လက်ရှိအချိန်အခါ အခွင့်ကောင်းကို လက်မလွှတ်သင့်ကြောင်း ဦးမြင့်က ဆိုသည်။

“လူတွေက နေထွက်ကနေ နေ၀င်အထိ အလုပ်လုပ်နေရတာ၊ သူတို့အတွက်လည်း အားလပ်တဲ့ အချိန်လေး
 ပေးရမယ်။ အလုပ်ချိန်တွေ လျှော့ပေးရမယ်။ ပိုကောင်းတဲ့ ဘ၀တွေ၊ အနားယူ အပန်းဖြေတဲ့အချိန်၊ ယဉ်ကျေးမူ၊ လူမူရေး၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ ဟာတွေ လုပ်ပေးရမယ်” ဟု ၎င်းက သုံးသပ်သည်။

ယခင်က ဂျီဒီပီကို တနှစ်လျင် ၁၀. ၅ ရာခိုင်နှုန်း တိုးမြှင့်သွားရန် စီစဉ်ထားသည့် သမ္မတ၏ ၅ နှစ်ကြာ ဆင်းရဲ မွဲတေမှု လျှော့ချခြင်း စီမံကိန်းကိုလည် ၇. ၇ ရာခိုင်နှုန်း အထိသာ တိုးမြှင့်ရန်အတွက် ပြန်လည် ပြင်ဆင်ခဲ့
သည်။

မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏသည် ၂၀၁၁ ခုနှစ်တွင် အမေရိကန်ဒေါ်
လာ ၈၅၀ သန်း ဖြစ်ပြီး မြန်မာနိုင်ငံ အထက်တွင် ကမ္ဘောဒီးယားက အမေရိကန်ဒေါ်လာ ၈၉၂ သန်းဖြင့် ရပ်
တည်ကာ အမြင့်ဆုံး ဖြစ်သော စင်ကာပူက အမေရိကန်ဒေါ်လာ ၆၄၀၀၃ သန်း အသီးသီးရှိကြောင်း သိရ
သည်။

မြန်မာနိုင်ငံသို့ ၀င်ရောက်မြှုပ်နှံသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အာဆီယံ နိုင်ငံများနှင့် ယှဉ်လျှင် အနည်းဆုံးဖြစ်ပြီး မြန်မာအောက်တွင် လောနိုင်ငံ တနိုင်ငံတည်းသာအမေရိကန်ဒေါ်လာသန်း ၄၅၀ ဖြင့်ကျန်
ရှိနေသည်။


ဧရာဝတီသတင်း

0 comments:

Post a Comment