Pages

Wednesday, October 24, 2012

ဝင်ငွေအလွဲသုံးစားလုပ်မှုများကို မကျေနပ်သဖြင့် စမ်းချောင်းမြို့နယ် သမ၀ါယမ အသင်းသူ၊ အသင်းသားများ ဆန္ဒဖော်ထုတ်မည်

ရန်ကုန်၊ အောက်တိုဘာ-၂၄

စမ်းချောင်းမြို့နယ်ရှိ သမ၀ါယမ အဆောက်အအုံနှင့် အသင်း၏ ၀င်ငွေအလွဲသုံးစားလုပ်မှုများအတွက်ဟုဆို

ကာအသင်းသူ၊ အသင်းသားများက မကျေနပ်၍ အောက်တိုဘာ ၂၈ ရကနံနက်တွင်စမ်းချောင်းမြို့နယ်ကျွန်း
ကျွန်းလယ်သမ၀ါယမ အဆောက်အအုံရှေ့တွင် ဆန္ဒထုတ်ဖော်ပြသသွားမည်ဖြစ်ကြောင်း တောလမ်းမပေါ်
ရှိစမ်းချောင်းမြို့နယ် သမ၀ါယမအသင်းဝင်များက ပြောသည်။
တရားဝင်ဆန္ဒထုတ်ဖော်ခွင့် ရရှိရန်အတွက် စမ်းချောင်းမြို့နယ် ရဲစခန်းသို့ ပထမဦးစွာ တင်ပြတောင်းခံခဲ့ရာ
စမ်းချောင်း မြို့နယ် ရဲစခန်းမှ ငြင်းပယ်လိုက်သည်။ ထိုကြောင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးသို့ အယူ
ခံတင်ရာ ဆန္ဒထုတ်ဖော်ရန် ခွင့် ပြုမိန့်ပြန်လည်ရရှိခဲ့သည်။ ၂၀၁၂ ခုနှစ်အတွင်းဆန္ဒပြရန်ခွင့်ပြုချက်တောင်း
ခံပြီး ငြင်းပယ်ခံရ၍ အယူခံဝင်သည့် ဖြစ်စဉ်များ၌ ပထမဆုံး ခွင့်ပြုမိန့် ရှရိသည့် ဆန္ဒပြပွဲတစ်ခုလည်း ဖြစ်နိုင်
ကြောင်း ဆန္ဒထုတ်ဖော်ရန် စီစဉ်သည့်

ကိုတင်ထက်ကိုက ပြောသည်။ ၄င်းတို့ကို ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ၁/၂၀၁၂ ဖြင့် ခွင့်ပြုခဲ့ခြင်း ဖြစ်
သည်။ ''ကျွန်တော်တို့ဆီ တင်ပြလာတဲ့အတွက် ဒီကိစ္စကို ဖြေရှင်းပေးဖို့

သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ မြို့နယ်အဆင့်ဆင့်ကို ပြန် ညွှန်ကြားထားတာမျိုးတွေ ရှိပါတယ်။လုပ်ထုံး၊ လုပ်
နည်းနဲ့ ဆောင်ရွက်တဲ့အပေါ်မှာ အသင်းသားတွေရဲ့ ဆန္ဒပြည့်ခြင်း၊ မပြည့်ခြင်းက သူတို့အပေါ်မှာပဲမူတည်ပါ
တယ်'' နေပြည်တော်ရှိ သမ၀ါယမ ၀န်ကြီးဌာနစီမံရေးရာမှ

ညွှန်ကြားရေးမှူးချုပ် ဦးမြင့်အောင်က အထက်ပါ ဆန္ဒထုတ်ဖော်မည့် အစီအစဉ်အပေါ် မှတ်ချက်မေးမြန်းရာ
ဖြေကြားသည်။
 
 
7days News:

0 comments:

Post a Comment