Pages

Wednesday, October 24, 2012

တစ်နိုင်ငံလုံးရှိ (၁)နှစ်အောက် ကလေးငယ်များ (၅)မျိုးစပ်ကာကွယ်ဆေး ထိုးရမည်


ငါးမျိုးစပ်ကာကွယ်ဆေးအသစ်တစ်မျိုးအား တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်အရ နိုဝင်ဘာလ (၆) ရက်တွင် တစ်နှိင်ငံလုံးအတိုင်းအတာဖြင့် အသက် (၁)နှစ်အောက်ကလေးငယ်များကို ထည်သွင်းထိုးနှံပေး
သွားမည် ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနက သိရသည်။

အဆိုပါငါးမျိုးစပ်ကာကွယ်ဆေးသည်၊ကလေးငယ်များတွင် ဖြစ်ပွားတတ်ပြီး သေဆုံးမူနူန်းမှာလည်းများသော
ရာဂါများဖြစ်သောဦးနှောက်အမြှေးပါးရောင်ရောဂါနှင့်နမိုးနီးယား ရောဂါကာကွယ်ရန်အတွက်ဖြစ်ပြီး၊ဆုံဆို့နာ
၊ကြက်ညှာ ၊ မေးခိုင်ရောဂါ၊အသည်းရောင်အသားဝါဘီရောဂါ ၊ကာကွယ်ဆေး(၅)မျိုး ပါဝင်ပေါင်းစပ်ထား
သော ကာကွယ်ဆေး   ဖြစ်ကြောင်းသိရသည်။

“အရင်က ကာကွယ်ဆေးတစ်မျိုးစီလာတဲ့အတွက် ကာကွယ်ဆေးတစ်ကြိမ်သွားထိုးရင် ရောဂါတစ်မျိုးပဲ ကာ
ကွယ် နိုင်မယ်၊ အခုဆေးက ကလေးတစ်ယောက် မိခင် မအားလို့ ဆေးသွား မထိုးပေးနိုင်ရင် ရောဂါငါးမျိုး
ကို ကာကွယ်နိုင်တဲ့ ဆေးဖြစ်တဲ့ အတွက် ရောဂါ ငါးမျိုး ရနိုင်တယ် အဲ့ဒီရောဂါတွေကို မကာကွယ်နိုင်တော့
ဘူး”ဟု ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်မှလက်ထောက်ညွှန်ကြားရေးမှူး
ဒေါက်တာထားထားလင်းမှပြောသည်။

အဆိုပ(၅)မျိုးစပ်ကာကွယ်ဆေးအားကလေးအသက်(၂)လတွင်တစ်ကြိမ်စတင်ထိုးပေးရမည်ဖြစ်ပြီးအသက်
(၄)လတွင် တစ်ကြိမ်၊(၆)လတွင်တစ်ကြိမ် (၃) ကြိမ်ထိုးရမည်ဖြစ်ပြီး ဘီစီဂျီ၊ပိုလီယိုအစက်ချ ကာကွယ်ဆေး
နှင့်အတူတကွ   ဘေးအန္တရာယ်ကင်းစွာ ထိုးနိုင်ကြောင်းကိုလည်း သိရသည်။
 
ဟေမိုမီလပ်အင်ဖလူရင်ဇာ(ဘီ)ရောဂါပိုးဟာလေထဲကနေကူးစက်တာဖြစ်တယ်၊ကလေးတွေရဲ့နှာခါင်းနဲ့ ပါး
စပ်ကနေ ကူးစက်တာ၊ အသက်ရူလမ်းကြောင်းကနေ ကူးစက်တာပါ။ မြန်မာနှိင်ငံမှာ ငါးနှစ်အောက်ကလေး
 သေဆုံးမူမှာဝမ်းပျက်၊ ၀မ်းလျှောရောဂါပြီးရင် ဒုတိယအများဆုံးက ဦးနှောက်အမြှေးပါးရောင် ရောဂါနဲ့နမိုး
နီးယားရောဂါကြောင့် ဖြစ်တယ်၊ ဒါကြောင့်နှိင်ငံတော်အစိုးရရဲ့ ငွေကြေးထောက်ပံမှု အလုရှင်များရဲ့ပံပိုးကူ
ညီမူတွေနဲ့ နောင်မျိုး ဆက်ဖြစ်လာမယ့် ကလေးငယ်တွေအတွက် ကျွန်တော်တို့ လုပ်ဆောင်ခဲ့တာ”ဟုကျန်း
မာရေးဦးစီးဌာန မှညွှန်ကြားရေးမှူး ဒေါက်တာစိုးလွင်ငြိမ်း မှပြောသည်။

နှိင်ငံတော်အစိုးရအနေဖြင့် (၅)မျိုးစပ် ကာကွယ်ဆေးတစ်နှစ်စာအတွက် ကန်ဒေါ်လာ(၁.၃)သန်းနှင့် အလှူ
ရှင်များမှ ကန်ဒေါ်လာ(၁၀)သန်း ထည့်ဝင်ထားပြီးငါးနှစ်စာအတွက်ထည်ဝင် ထားခြင်းဖြစ်ကြောင်းကိုလည်း
သိရသည်။
 
 အဆိုပါဆေးတစ်ပုလင်း၏တန်ဖိုးမှာကန်ဒေါ်လာ(၁၇.၅)ကျသင့်မည်ဖြစ်ပြီး ဆေးတစ်ပုလင်းလျှင် ကလေး
(၁၀)ဦးအား ထိုးပေးနိုင်မည် ဖြစ်သည်။
 
HIB ရောဂါပိုးက လေထဲက ကူးစက်ပါတယ်၊ပြင်းထန်အဆုတ်ရောင်ရောဂါဟာကလေး ၄လမှ၁၈လအတွင်း
မှာ အများ ဆုံးဖြစ်တယ်၊ ရောဂါဖြစ်ပွားရင် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ သေဆုံးနိုင်ပါတယ်၊ မသေ
ဆုံးရင်လည်း ဒုက္ခိတ   ဖြစ်သွားတာ၊နားပင်းသွားတာ၊ဥာဏ်ရည်နိမ့်သွားတာတွေ ဖြစ်သွားနိုင်ပါတယ်။ က
လေးမွေးတဲ့ အချိန်မှာ မိခင်ရဲ့မွေး လမ်းကြောင်းနဲ့ နို့ရည်က ကလေးအတွက် ခုခံပဋိဇီဝဓာတ်ရတယ်၊ 

အဲ့ဒီခုခံပဋိဇီဝဓာတ်က ကလေးရဲ့ ခန္တာကိုယ်ထဲမှာေ မွး စကနေ ၂လသားအရွယ်အထိ ရှိတယ်၊ဒါ့ကြောင်
့(၅) မျိုးစပ် ကာကွယ်ဆေးကို ကလေး ၂ လသား အရွယ်မှာ စတင်ထိုး တာဖြစ်ပါတယ်” ဟု ကျန်းမာရေးဦး
စီး ဌာနတိုးချဲ့ကာကွယ်ဆေး ထိုးလုပ်ငန်းစီမံချက် လက် ထောက် ညွှန်ကြားရေး မှူး ဒေါက်တာကျော်ကံ
ကောင်းက ပြောသည်။

ကလေးများအား (၅)မျိုးစပ် ကာကွယ်ဆေးထိုးရန်အတွက် ကျန်းမာရေးဝန်ထမ်းများအား သင်တန်းပေးခြင်း၊ တစ်ခါ သုံးဆေးထိုးအပ်များသာ အသုံးပြုစေရန်ညွှန်ကြားထားခြင်း၊ကာကွယ်ဆေးများအာနိသင်မပျက်ပယ်
စေရန် 2ံ C မှ 8ံ C ရှိ အအေးလမ်းကြောင်းဖြင့် သယ်ဆောင်ခြင်းလုပ်ငန်းများအတွက်လည်းစီစဉ်ဆောင်
ရွက်လျှက်ရှိကြောင်း သိရသည်။


မြစ်မခသတင်း
 

0 comments:

Post a Comment