Pages

Wednesday, October 24, 2012

ရခိုင်တွင်လက်ရှိ သေဆုံးသူစားရင်းနှင့် ဒဏ်ရာရရှိသူများစာရင်း ( ၂း၀၀ နာရီသတင်း )

http://sphotos-c.ak.fbcdn.net/hphotos-ak-snc7/404735_470520209638169_92442101_n.jpg
ကျောက်ဖြူမြို့၊ရခိုင်ပိုက်ဆိပ်ရပ်ကွက်တွင် ယမန်နေ့က ဘင်္ဂလီ ကုလား များရပ်ကွက်နှင့်ထိပ်စပ်လျှက်ရှိသည့် ရခိုင်ပိုက်ဆိပ်အစပ်ရှိ ရခိုင်တိုင်းရင်း သားများနေအိမ်ကို ကုလားများမှ မီးရှို့ခဲ့သဖြင့် မီးလောင်ကျွမ်းမှုများ စတင်ဖြစ်ပွားခဲ့သည်။ မီးလောင်လောင်ချင်း မီး
သတ်တပ်ဖွဲ့များမှမီးငြိမ်းသတ်ရန်လာသော်လည်းကုလားများမှချွန်ထက်သည့်စူးများ(ဂျင်ကလိများ)ဖြင့် အဆက်မပြတ်ပစ်ခတ်နေ
သည့်အတွက် ပြည်လည်ဆုတ်ခွာလာခဲ့ရပြီး နန်းမြင့်ဟိုတယ်အနီးတွင်သာ မီးသတ်ယာဉ်များအား ရပ်ထားခဲ့ရကြောင်းသိရသည်။ ယင်းနောက် အဆိုပါနေရာသို့ လုံခြုံရေးများရောက်ရှိလာပြီး ကုလားများကို လူစုခွဲရန်သတိပေးသော်လည် ကုလားများမှာ လူစုမကွဲသည့်အခြေအနေတွင်ရှိသဖြင့် သေနတ်ကို မိုးပေါ်သို့ ထောင်ပစ်ကာ လူစုခွဲပြီးမှ မိးသတ်ယာဉ်များဝင်ရောက်ကာ မီးငြိမ်းသတ်ခဲ့ရကြောင်းသိရသည်။ 
 
 မီးငြိမ်းသတ်သည့်အချိန်ထိအောင်ကုလားများမှဗလီအတွင်းမှမီးခွေများ၊ဓာတ်ဆီဗူးများ၊ ဂျင်ကလီများဆက်လက်ပစ်ခတ်နေသည့်
တွက် လုံခြုံရေးများမှာ အဆိုပါနေရာသို့သွားရောက်ရန် မီးသတ်ကားကို ကာဗာယူပြီးဝင်ရောက်ခဲ့ရကြောင်းလည်းသိရသည်။ အဆိုပါဖြစ်စဉ်တွင် ကုလားများမှာ ဗလီကို ကာဗာယူပြီး အစီအစဉ်တကျတိုက်ခိုက်ခဲ့သောကြောင့် ရခိုင်ဖက်မှ ဒါဏ်ရာရသူ (၂၁)ဦးရှိကြောင်းနှင့် ကုလားဖက်မှ (၈)ဦးသာဒါဏ်ရာရှိကြောင်းသိရှိရပါသည်၊

လက်ရှိအချိန်ထိ လက်လှမ်းမှီသလောက်ဒါဏ်ရာရ သေဆုံးစာရင်းကိုဖော်ပြလိုက်ပါသည်။ 
 
 -------------------------------------------------
၁။ဇင်ဝင်းမောင် ကုလာဘာရပ်ရွာ ကျောက်ဖြူမြို့နယ် ညှပ်ရိုး ဂျင်ဂလိတ် ဒဏ်ရာ ပြင်းထန်စွာဖြင့် သေးဆုံးသွားကြောင်းသိရှိရသည်။

၂။ မောင်ဝင်ရွှေ ရွှေ ရခိုင်ပိုက်ဆိပ် ကျောက်ဖြူ ဦးရွှေထီး+ဒေါ်မပု သား (၂၅) နှစ် ဘယ်ဖက် နောက်ကျော ဂျင်ဂလိတ် ထိမှန်ဒဏ်ရာ
၃။အာင်သိန်းထွန်း စေတီတောင်ရပ်ကွက် ကျောက်ဖြူ ဦးမောင်သိန်းဖြူ+ဒေါ်သောင်းရီ (၃၁) နှစ် ၀မ်းဗိုက် ဂျင်ဂလိတ် ထိမှန်ဒဏ်ရာ

၎။ ထွန်းထွန်းဝင်း တောင်ရင်း ကျောက်ဖြူ ဦးအောင်နက်+ဒေါ်နုချေ သား (၃၄) နှစ် ဘယ်ဖက် ခြေမျက်စိ ဂျင်ဂလိတ် ထိမှန်ဒဏ်ရာ

၅။ ထွန်းထွန်းဝင် ရခိုင်ပိုက်ဆိပ် ကျောက်ဖြူ ဦးခေါင်တင်+ ဒေါ်လှနုဖြူ သား (၁၉) နှစ် ချက် ဂျင်ဂလိတ် ထိမှန်ဒဏ်ရာ

၆။ ကျော်ဝင်းမောင် တိုးချဲ့ ၅ လမ်း ကျောက်ဖြူ ဦးကျော်လှဖြူ+ ဒေါ်အေးနုဖြူ သား (၃၄) နှစ် တင်ဘား ဂျင်ဂလိတ် ထိမှန်ဒဏ်ရာ

၇။ မဲကွက် ရခိုင်ပိုက်ဆိပ် ကျောက်ဖြူ ဦးမောင်ငယ်+ ဒေါ်ညိုမူ သား (၄၇) နှစ် ၀မ်းဗိုက် အထက် ဂျင်ဂလိတ် ထိမှန်ဒဏ်ရာ

၈။ ကောင်းမြတ်ကျော် တိုးချဲ့ ၅ လမ်း ဦးမောင်ဟန်+ ဒေါ်မတင်ညွှန့် သား (၁၉) ခန္ဒာကိုယ်တစ်ခုလုံး မီးပွားထိမှန် ဒဏ်ရာ

၉။ ဦးခင်မောင်ဝင်း အလယ်ပိုင်း ကျောက်ဖြူ ဦးမောင်မောင်+ ဒေါ်ခင်ထားရှိန် သား (၅၄) နှစ် ဘယ်ဖက်မျက်ခုံး ခဲထိမှန် ဒဏ်ရာ များနှင့် အတွင်းလူနာအဖြစ်ဆေးကုသခံယူနေရကြေင်းနှင့်

၁၀။ ကျော်စိုးနိုင် (ဇာတိတပ်တောင်ကျေးရွာ) နေရပ် ချင်းကွက်သစ် ဦးကျော်ထွန်းလှ+ဒေါ်ခင်ဝမ်း သား (၂၀) နှစ် ညာဖက်ပါး ဂျင်ဂလိတ် ထိမှန်ဒဏ်ရာ တို့ဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူမြို့ ရခိုင်ပိုက်ဆိပ်ရပ် မီးလောင်မှု

  

http://sphotos-h.ak.fbcdn.net/hphotos-ak-ash3/598697_470576432965880_1041735903_n.jpg 

Rakhine Straight Views 

0 comments:

Post a Comment