Pages

Wednesday, October 24, 2012

ဆရာကြီး ဦးနု နှစ်(၂၅၀)ပြည့် အထိမ်းအမှတ် ဟောပြောပွဲ စင်ကာပူတွင် ကျင်းပ



အလ်မောင်ဝ်ရီဒ်စာကြည့်တိုက် (ဒါရွလ်အရကမ်၊ စင်ကာပူ)မှဆရာကြီး ဦးနု နှစ်(၂၅၀)ပြည့် အထိမ်းအမှတ်
ဟောပြောပွဲများကို အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ဖြင့် အောင်မြင်စွာ စီစဉ် ကျင်းပနိုင်ခဲ့သည်။
ဟောပြောပွဲ၏ အခမ်းအနားမှုး အဖြစ် ဆရာ အိုမရ် ကျော်ဇင်ထွန်း (ဒါရွလ်အရ်ကမ်၊စင်ကာပူ)မှ  ဆောင်ရွက်
ခဲ့ပြီး၊ အလ်ဟာဂ်ျ မုဖ်သီ ဒေါက်တာမြင့်သိန်း (စာရေးဆရာ ငြိမ်းချမ်းလုလင်)မှ ပထမနေ့( ၂၀-၁၀-၂၀၁၂၊ စနေနေ့)တွင် မြန်မာမွတ်စ်လင်မ် ကလောင်ရှင်များ၏ စာပေအမွေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊

ဒုတိယနေ့( ၂၁-၁၀-၂၀၁၂၊ တနင်္ဂနွေနေ့)တွင် အလ္လာဟ်နှင့် သက်သေလက္ခဏာတော်များ ခေါင်းစဉ်ဖြင့်
လည်းကောင်း ဟောပြောပေးခဲ့သည်။ ဟောပြောပွဲသို့ စင်ကာပူရောက် မြန်မာ့မြေမှ မွတ်စလင်မ်များ ပ
ထမနှင့် ဒုတိယနေ့ပေါင်း ဦးရေ ၂၀၀နီးပါးခန့်က တက်ရောက် နားဆင်ခဲ့ကြသည်။ဟောပွဲ မှတ်တမ်းတင်
ပုံရိပ်များ



 အလ်ဟာဂ်ျ မုဖ်သီ ဒေါက်တာမြင့်သိန်း (စာရေးဆရာ ငြိမ်းချမ်းလုလင်) မှ ဟောပြောနေစဉ်၊ ပထမနေ့( ၂၀-၁၀-၂၀၁၂၊ စနေနေ့)

ဟောပြောပွဲလာ ပရိသတ်များ၊ ပထမနေ့( ၂၀-၁၀-၂၀၁၂၊ စနေနေ့)

မြန်မာမွတ်စ်လင်မ်ကလပ် (စင်ကာပူ)မှ စားသောက်ဖွယ်ရာများဖြင့် တည်ခင်း ဧည့်ခံစဉ်။ (ပထမနေ့)


အလ်ဟာဂ်ျ မုဖ်သီ ဒေါက်တာမြင့်သိန်း (စာရေးဆရာ ငြိမ်းချမ်းလုလင်) မှ ဟောပြောနေစဉ်၊ ဒုတိယနေ့( ၂၁-၁၀-၂၀၁၂၊ တနင်္ဂနွေနေ့)။

မြန်မာမွတ်စ်လင်မ်ကလပ် (စင်ကာပူ)မှ စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံစဉ်။ ( ဒုတိယနေ့)

ဒုတိယနေ့ ဟောပြောပွဲလာ ပရိသတ် အင်အားစု။

ဒုတိယနေ့ ဟောပြောပွဲ ဒုတိယပိုင်း အမေး/အဖြေကဏ္ဍတွင် မေးခွန်းများကို တာဝန်ယူဖြေကြားပေးနေသည့် အလ်ဟာဂ်ျ မုဖ်သီ ဒေါက်တာမြင့်သိန်း (စာရေးဆရာ  ငြိမ်းချမ်းလုလင်)၊ အလ်ဟာဂ်ျ ဆရာ ဦးအေးလွင် (အစ္စလာမ်ဓမ္မဗိမာန်)နှင့် အလ်ဟာဂ်ျ ဆရာ ဂျမားလ် ဦးစိုးသိန်း (မြန်မာမွတ်စလင်မ် ကလပ် စင်ကာပူ၏ နာယကနှင့် ပင်ထိုင် ဓမ္မကထိက)တို့အားတွေ့ရစဉ်၊ (၀ဲမှယာ)

ဒုတိယနေ့( ၂၁-၁၀-၂၀၁၂၊ တနင်္ဂနွေနေ့) အမေး/အဖြေကဏ္ဍတွင် ပရိသတ်မှ မေးမြန်းနေစဉ်၊



ဟာဂျီ ဦးမြင့်နိုင် (ဥက္ကဌ၊ မြန်မာမွတ်စ်လင်မ်ကလပ်၊ စင်ကာပူ)မှ ဒေါက်တာ မုဖ်သီ ဦးမြင့်သိန်းအား ဂုဏ်ပြု စကားပြောကြားနေစဉ်၊ (ဟောပြောပွဲ၊ ဒုတိယနေ့)

ကိုဘုန်းမြင့်နိုင် (ဒုဥက္ကဌ၊ မြန်မာမွတ်စ်လင်မ်ကလပ်၊ စင်ကာပူ)မှ ဒေါက်တာ မုဖ်သီ ဦးမြင့်သိန်းအား ဂုဏ်ပြု လက်ဆောင် ချီးမြှင့်နေစဉ်၊ (ဟောပြောပွဲ၊ ဒုတိယနေ့)

Add caption
ဒုတိယနေ့ အခမ်းအနားအား ဆရာမကြီး ဒေါ်ခင်စန်းလွင် (ဒေါက်တာ မုဖ်သီ မြင့်သိန်း၏ ဇနီးသည်)မှ ဆုမွန်ဒိုအာဖြင့် ရုပ်သိမ်းနေစဉ်။
Add caption
ဒုတိယနေ့ ဟောပွဲအပြီး အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်နေစဉ်။

REF: By MMSY(မြန်မာမွတ်ဆလင်ကျောင်းသားလူငယ်များ)

0 comments:

Post a Comment