Pages

Wednesday, October 24, 2012

ကျောက်ဖြူမှ မွတ်ဆလင်များ စက်လှေ အစီး ၄၀ ကျော်ဖြင့် ပင်လယ်ပြင်ကို ဖြတ်ပြီး ထွက်ပြေးနေရ

http://www.narinjara.com/burmese/wp-content/uploads/2012/10/k-pyu.jpg



ကျောက်ဖြူမြို့တွင် ယမန်နေ့က တိုက်ခိုက်မူများ ဖြစ်ပွားပြီးနောက် မွတ်ဆလင် မိသားစု အများအပြားသည် စက်လှေ အစီး ၄၀ ကျော်ဖြင့် ပင်လယ်ပြင်ကို ဖြတ်ကာ ထွက်ပြေးသွားကြသည်ဟု ထွက်ပြေးသည်ကို ကိုယ်တိုင်သွားကြည့်ခဲ့သူ မျက်မြင် တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
 စုစုပေါင်း အစီးလေးဆယ်ကျော်နဲ့ ထွက်ပြေး တာပါ။ အခုဘဲ ထွက်ပြေးတာပါ။ ကျွန်တော်ထင်တယ် ပင်လယ်ပြင်ကို ဖြတ်ပြီး မောင်းတော့ ဘင်္ဂလာဒေခ်ျ့ အုန်းကျွန်းဘက်ကို ရောက်နိုင်တယ်။ မဟုတ်ရင် စစ်တွေ ဆံတော်ရှင် ကျွန်းဘက်ကို ရောက်သွားနိုင်ပါတယ်” ဟု သူက ပြောသည်။

အများစု မွတ်ဆလင် မိသားစုများမှာ ထွက်ပြေးသွားကြပြီး အနည်းစုသာ ကျန်နေခဲ့သည်ဟု သူက ပြောသည်။
 
“ အခုက ပိုက်ဆိပ်က မွတ်ဆလင်တွေ အများစု ထွက်ပြေးသွားတာပါ။ အနည်းစုက အိမ်ခြေ ၅၀၊ ၆၀ က လူတွေလောက်ဘဲ ကျန်နေခဲ့တယ်။ အာဏာပိုင်တွေကတော့ ဘာမှ လိုက်တားတာကို မတွေ့ရဘူး” ဟု သူက ဆိုသည်။
 
ယမန်နေ့က ကျောက်ဖြူတွင် ရခိုင်နှင့် မွတ်လင်များ အကြား အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ခဲ့ပြီး အိမ်ခြေ ရာချီ၍ မီးရှို့ခံခဲ့ရကာ သေဆုံးမူများလည်း ရှိခဲ့ကြောင်း သိရသည်။
 
“ မွတ်ဆလင်တွေ ဘက်ကရော၊ ရခိုင်တွေဘက်က သေပါတယ်။ ဒဏ်ရာရတဲ့ သူတွေကလည်း  အများအပြား ရှိပါတယ်။ အခု ကျွန်တော် စာရင်းယူဖို့ ဆေးရုံကို သွားနေပါတယ်” ဟု ဆိုသည်။

နိရဉ္စရာ - သတင်း

0 comments:

Post a Comment