Pages

Wednesday, October 24, 2012

မြန်မာကနေ တရုတ်နဲ့ အိန္ဒိယကို တင်ပို့နေတဲ့ သစ်လုံးပမာဏက ကျွန်မကိုတော်တော်အံ့အားသင့်စေပါတယ် EIA မှသစ်တောဆိုင်ရာ လှုပ်ရှားမှုခေါင်းဆောင် မစ္စဖိတ်ဒိုဟာသီနှင့်တွေ့ဆုံခြင်း

Photo: မြန်မာကနေ တရုတ်နဲ့ အိန္ဒိယကို တင်ပို့နေတဲ့ သစ်လုံးပမာဏက ကျွန်မကိုတော်တော်အံ့အားသင့်စေပါတယ်

EIA မှသစ်တောဆိုင်ရာ လှုပ်ရှားမှုခေါင်းဆောင် မစ္စဖိတ်ဒိုဟာသီနှင့်တွေ့ဆုံခြင်း

ရေးသားသူ- အေးမြကျော်

မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကြောင့် စီးပွားရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုများ ဖြေလျှော့ပြီးနောက် စီး
ပွားရေးအခွင့်အလမ်းများ ပွင့်လန်းလာတော့မည်ဖြစ်သည်။ နိုင်ငံတကာနှင့် ကူးသန်းရောင်းဝယ်မှုများတွင် ကမ္ဘာကျော်သော မြန်မာ့
ကျွန်းသစ်အပါအ၀င်သစ်ရောင်းဝယ်ရေးမှာလည်း   ကဏ္ဍအဖြစ် ပါဝင်လာမည်ဖြစ်သည်။  မြန်မာနိုင်ငံသည် မဟာစီးပွားရေးနိုင်ငံကြီး နှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံကြားတွင် တည်ရှိပြီး မြန်မာ့သစ်လုံးများ ဈေးပေါပေါနှင့်  တရားမ၀င်နည်းလမ်းများမှ တင်ပို့ရောင်းချနေခြင်းက မြန် မာနိုင်ငံအတွက် ကြီးမားသော ဆုံးရှုံးမှုကြီးဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ   စုံစမ်းထောက်လှမ်းရေး အေဂျင်စီ  Environmental  Investigation Agency-EIA က ပြောကြားလိုက်သည်။ 

EIA  သည်  ကမ္ဘာအနှံ့တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မသမာမှုများကို စုံစမ်းဖော်ထုတ် သည့် နိုင်ငံတကာ အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး  ပွင့်လင်းလာသော မြန်မာနိုင်ငံတွင် မကြာမီဖြစ် တည်လာတော့မည့် နိုင်ငံတကာနှင့် သစ်ရောင်းဝယ်ဖောက်ကားမှုများတွင် တရားမ၀င်သစ်ခိုး ထုတ်မှုများ လျော့နည်းနိုင်သမျှ လျော့နည်းအောင် ကူညီပေးရန် ကနဦးအနေနှင့်ပြည်တွင်းမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များနှင့် ဆွေးနွေးရန် ရောက် ရှိလာခြင်းဖြစ်သည်။    EIA ၏ စုံစမ်းထောက်လှမ်းထားသော အချက်အလက်များတွင် မြန်မာနိုင်ငံမှ သစ်လုံးများအပါအ၀င် သစ် တောထွက်ပစ္စည်းများကို ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၇ ခုနှစ်အထိ ၇ နှစ်တာကာလအတွင်း မက်ထရစ်တန်ပေါင်း ၁၉ ဒသမ ၉ သန်းကို တင် ပို့ရောင်းချခဲ့ပြီး ရောင်းချငွေအဖြစ် အမေရိကန်ဒေါ်လာ ၅ ဒသမ ၀၂ ဘီလီယံရရှိခဲ့သည်။ ထိုပမာဏမှာ တစ်နှစ်လျှင် ပျမ်းမျှ၂ဒသမ၄ ကုဗမီတာတင်ပို့ပြီး ရရှိငွေမှာ  အမေရိကန်ဒေါ်လာ ၆၂၇သန်းဖြစ် သည်။

လန်ဒန်တွင်အခြေစိုက်ပြီး တရားမ၀င်သစ်ခိုးထုတ်မှုများ ပပျောက်အောင် အင်ဒိုနီးရှားနိုင်ငံတွင် ၁၀နှစ်တာအတွေ့အကြုံ ရှိသော  EIA မှသစ်တောဆိုင်ရာ လှုပ်ရှားမှုခေါင်းဆောင် မစ္စဖိတ်ဒိုဟာသီနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံကာ မေးမြန်းထားသည်များကို ဖော်ပြပေးလိုက်ပါသည်။ 

ပထမဆုံး    EIA    အနေနဲ့ မြန်မာနိုင်ငံကို   ဘာကြောင့်  လာရတဲ့အကြောင်းရင်းကို ပြောပြပေးပါလား။
	ကျွန်မတို့ကို မြန်မာနိုင်ငံမှာရှိတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေနဲ့ ပေါင်းပြီး အလုပ်တွေ အတူတူတွဲလုပ်ဖို့ 
ဖိတ်ကြားခံရလို့ပါ။ ကျွန်မတို့ကလည်း ဒီမှာ တရားမ၀င် သစ်ခိုးထုတ်မှုတွေ၊ သစ်တောထွက်ပစ္စည်း တရားမ၀င်ရောင်းဝယ်မှုတွေနဲ့ပတ်သက်ပြီး ကျွန်မတို့အ ဖွဲ့အနေနဲ့ဘာလုပ်ပေးနိုင်မလဲဆိုတာ လေ့လာချင်တာလည်း ပါပါတယ်။ မကြာခင်မှာဘဲ ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံက သစ်တွေဝယ်ဖို့ လက်ဦးမှု ရယူ တော့မှာပါ။ အဲဒါက မြန်မာနိုင်ငံ အတွက်လည်း အရမ်းကို အသုံး ၀င်ပါတယ်။ ကျွန်မတို့အနေနဲ့ အ လုပ်လုပ်မယ်ဆို မြန်မာနိုင်ငံအ ကြောင်း လေ့လာဖို့ အများကြီးကို လိုပါသေးတယ်။ မြန်မာနိုင်ငံဟာ တရားမ၀င် သစ်ရောင်းဝယ်ရေးမှာ မဟာဗျုဟာကျပါတယ်။ မြန်မာနိုင်ငံဟာ နှစ်စဉ် ဒေါ်လာသန်းနဲ့ ချီဆုံးရှုံးနေပါတယ် ဘာ လို့လဲဆိုတော့ အိမ်နီးချင်းနိုင်ငံတွေက မြန်မာနိုင်ငံက သစ်လုံး တွေကို ဈေးပေါပေါနဲ့ မသမာတဲ့ နည်းနဲ့ဝယ်တယ်။ ပြီးတော့ ကုန် ချောလုပ်ပြန်ရောင်းပြီး သူတို့ အ မြတ်ထုတ်ကြတယ်လေ။ ဒါဟာ မကောင်းတဲ့ နည်းလမ်းဘဲလို့ ကျွန်မတို့မြင်တယ်။ ဒီဆယ်နှစ် အတောအတွင်း ကျွန်မတို့ ဘာတွေ သင်ယူခဲ့ရလဲဆိုတော့ ဒေသတွင်းမှာ တရားမ၀င် သစ်ခိုးထုတ်မှုတွေက မှုခင်းဖြစ်ရပ်တွေကို ဖြစ်ပေါ်စေတယ်။ အဲဒါက ဥရောပက အချို့သော ၀ယ်ယူသူတွေကို အကျိုးအမြတ် ပိုရစေနိုင်တဲ့အချက်ပေါ့ ။ ဒါပေမဲ့ လာမယ့်နှစ် မတ်လမှာတော့ ဒီတရားမ၀င် သစ်ခိုးထုတ်မှုတွေကို တားဆီးနိုင်မယ့် ဥပဒေတစ် ရပ်ကို ဥရောပသမဂ္ဂအနေနဲ့ ပြဋ္ဌာန်းသွားဖို့ ရှိတယ်။ အဲဒီ ဥပဒေက ဥရောပသမဂသစ် ထုတ်လုပ်ရေးဥပဒေ    (European Union Timber Regulation-EUTR) လို့ ခေါ်ပါတယ်။ သူက နှစ်ပိုင်းရှိတယ်။ ပထမက ဥရောပမှာသစ် (သို့မဟုတ်) သစ်အချောထည် ပစ္စည်းတွေ ၀ယ်ရင် တရားမ၀င် သစ်ဝယ်ယူမှုကို တားမြစ်ထားတယ်။ ဒုတိယအချက် ကတော့ ကျွန်မတို့ အင်တိုက်အား တိုက် တွန်းအားပေးခဲ့တဲ့ သစ် ၀ယ်ယူသူ လုပ်ငန်းရှင်တွေက သူတို့ဝယ်တဲ့သစ်တွေ ဘယ်ကခုတ်လှဲလာတာလဲ ဆိုတာကို ပြောပြနိုင်ရမယ်  ဆိုတာပါဘဲ ။ ဒါ ဘာလဲဆိုတော့ ကျွန်မ ဥပမာ ပေးပြောရရင်အခု တရုတ်နိုင်ငံက မြန်မာက သစ်လုံးတွေကို ၀ယ်တယ်။ ပြီးတော့ သူတို့က အချောထည် ပရိဘောဂတွေလုပ်ပြီးတရုတ်နိုင်ငံတွင်းမှာ ရောင်းသလိုမျိုးပေါ့။ တကယ်လို့ ဥပဒေထွက်လာရင် ဥရောပက သစ်ဝယ်မယ့် သူတွေက ဒီသစ်တွေ ဘယ်ကရ လဲဆိုတာ မေးတော့မယ်။ အဲဒီ တော့   ဥပဒေအရ    ဖြေကိုဖြေရမယ်။ ဆိုတော့ မေးခွန်းက အဲဒီ ဥပဒေက မြန်မာပြည်မှာ အလုပ် ဖြစ်မလား  ဆိုတာပါပဲ။   တစ်ကမ္ဘာလုံးမှာ အကောင်းဆုံးကျွန်းသစ်ဖြစ်တဲ့ မြန်မာ့ကျွန်းသစ်ကို လူတွေက၀ယ်ကြတော့မယ်။ အခုဆို    ပိတ်ဆို့အရေးယူမှုတွေ လည်း ဖယ်ရှားလိုက်ပြီဆိုတော့ မြန်မာက သစ်တောတွေမှာ ဖိအားတွေ ပိုများလာတော့မယ့် သဘောပါ။  ဘာလို့လဲဆိုတော့ ဥရောပက မြန်မာနိုင်ငံက ကျွန်းသစ်တွေကို အရမ်း   သဘောကျပါတယ်။ ကျွန်မတို့    မြန်မာပြည်တွင်းက အရပ်ဘက်အဖွဲ့အစည်း (Civil Society)တွေနဲ့ တွဲပြီး သစ်တောတွေ ရေရှည်တည်တံ့အောင် ဘယ်လိုကာကွယ်မလဲဆိုတာ၊ ဘယ်လို လက်တွဲအလုပ်လုပ်နိုင် မလဲဆိုတာ နည်းလမ်းရှာရပါမယ်။ တစ်ချိန်တည်းမှာ တရားမ၀င်သစ်ထုတ်လုပ်ရေးနဲ့ ဆက်နွှယ် နေတဲ့ အကျင့်ပျက်ချစားမှုတွေ  ပွင့်လင်းမြင်သာမှုမရှိတာတွေကို မီးမောင်းထိုးပြဖို့ လိုသလို အစိုး ရကိုလည်း ဒီ့ထက် ပိုပြီး ပွင့်ပွင့်
လင်းလင်း သတင်းအချက်အလက်တွေ   ထုတ်ပြန်ဖို့  တွန်းအားပေးသင့်ပါတယ်။ တစ်ဖက်မှာလည်း သစ်တောတွေကို ၀မ်းစာအတွက် မှီခိုနေရသူတွေအတွက်လည်း မမေ့သင့်ပါဘူး။ ဒီတော့ ကျွန်မ တို့ ဘာလုပ်နိုင်မလဲဆိုတာ နည်းလမ်းရှာရမှာပေါ့ ။

အခုဆိုရင် မြန်မာအစိုးရက   ပြုပြင်ပြောင်းလဲမှုတွေ  လုပ်ခဲ့ပြီ    အဲဒီအကျိုးဆက်ကြောင့် အရေးယူ ပိတ်ဆို့မှုတွေလည်း ဖယ်
ရှားပေးခဲ့ပြီးပြီဆိုတော့ ဥရောပနဲ့ နိုင်ငံတကာက လုပ်ငန်းရှင်တွေက မြန်မာနိုင်ငံက သစ်တွေကို ခုနကပြောသွားသလို ၀ယ်တော့မယ် ရောင်းဝယ်ဖောက်ကားတော့မယ်။ မြန်မာအစိုးရအနေနဲ့ လာတော့မယ့်  သစ်ရောင်းဝယ်မှုတွေအတွက် အခုကစပြီး  ဘာတွေ ပြင်
ဆင်ထားသင့်သလဲ။
	  ဒါကြောင့်  ကျွန်မတို့အခု ဒီမှာရှိနေတာပေါ့။    ကျွန်မတို့ယုံကြည်တဲ့  တစ်ခုတည်းသော အဖြေရှာနိုင်မယ့် နည်းလမ်းက တော့ လေးဦး လေးဖလှယ်ပါဝင်တဲ့ လုပ်ငန်းစဉ်တွေ  လုပ်သွားဖို့ လိုအပ်တယ်။ အစိုးရ၊ အရပ်ဘက် လူ့အဖွဲ့အစည်း၊ လူမှုအသိုင်းအ၀ိုင်းနဲ့ စက်ရုံအလုပ်ရုံတွေက ဒါကို မှီခိုနေရတယ်လေ။ ဒါကြောင့် ကျွန်မတို့ ဖြစ်စေချင်တာက စားပွဲဝိုင်းတစ်ခုတည်းမှာ အားလုံးထိုင်ပြီး တွေ့ဆုံဆွေးနွေးပြီးအမြဲ အဖြေရှာကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်မတို့ အင်ဒိုနီးရှားမှာ သစ်တရားမ၀င် ခိုးထုတ်မှုတွေ လျော့နိုင်သမျှ လျော့အောင်ကြိုး စားတဲ့အခါ အရပ် ဘက်လူ့အဖွဲ့ အစည်း   (Civil Society )    တွေကို ကြားခံအဖြစ် တည်ဆောက်ပြီး အသုံးပြုခဲ့တယ်။ ဒီကြားခံတွေ ကနေ အစိုးရအတွက်၊ သစ်ထုတ်လုပ်ရေး  လုပ်ငန်းတွေအတွက်  ပြဿနာတွေဖြေရှင်း နိုင်မယ့် နည်းလမ်းတွေ အများကြီး ထွက် ခဲ့တယ်။  ငြင်းခုံမှုတွေ၊ ဆွေးနွေးမှုတွေကနေ  နောက်ဆုံးနည်းလမ်းတွေ ထွက်လာတာပဲ။ အစိုးရဌာနတစ်ခုတည်း သစ်ခိုးထုတ်မှုတွေ၊ တရားမ၀င် သစ်ရောင်း ၀ယ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တားဆီး ဖို့ဆိုတာ  လုံးဝမဖြစ်နိုင်ပါဘူး။ လက်တွေ့မှာ  ချက်ချင်း လုပ်နိုင်မယ့် နည်းကတော့ အစိုးရအနေနဲ့ သစ်အလုံးလိုက် တင်ပို့ခြင်းကို ချက်ချင်းပိတ်ပင်ပစ်လိုက် ဖို့ပါပဲ ။ ဒါက ပထမဆုံးအနေနဲ့ နိုင်ငံရေး စိတ်ဓာတ်အင်အားကို ပြသလိုက်သလိုလည်း ဖြစ်ပါလိမ့်မယ်။ ဒုတိယအချက်ကတော့ သစ်တောတွေကို အသက်ရှူခွင့်ပေးလိုက်တာ ပါဘဲ။    ဒါက   မြန်မာနိုင်ငံမှာဥရောပက သစ်လုပ်ငန်းနဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက်တွန်းအားတစ်ခု ဖြစ်စေမှာပါ။ 

EIA    အနေနဲ့အင်ဒိုနီးရှား အပါအ၀င် တရားမ၀င်သစ် ထုတ်တဲ့ နိုင်ငံတွေမှာ စုံစမ်းထောက်လှမ်းမှုတွေ လုပ်ခဲ့တယ်။ မြန်မာနိုင်ငံမှာတော့ အရင်က နိုင်ငံရေး အခြေအနေတွေကြောင့် မလုပ်နိုင်ခဲ့ဘူး ပြောခဲ့တော့ အခုဒီကိုရောက် လာပြီဆိုတော့ ဘာတွေဆက်လုပ်သွားဖို့ ရှိပါသလဲ ။
ရှေ့အစီအစဉ်တွေက ဘာများဖြစ်မလဲ။
	ချက်ချင်းလုပ်လို့ရတဲ့ အလုပ်ကတော့ လူတွေများများနဲ့ တွေ့ပြီး သူတို့အသံတွေ နားထောင်တာပါပဲ။ ဒီမှာ အခြေအ နေအချို့က နည်းနည်းရှုပ်ထွေးပါတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နိုင်မလဲဆိုတာ မေးခွန်းတစ်ခုပါ။ နောက်တစ်ခုက ကျွန်မတို့    EIA   အနေနဲ့ အင်ဒိုနီး ရှားနိုင်ငံမှာ  အရပ်ဘက်လူ့အဖွဲ့ အစည်းတွေနဲ့ လက်တွဲပြီး သစ် ခိုးထုတ်တာတွေကို တားဆီးခဲ့ တာဟာ အရမ်းအားကောင်းခဲ့ တယ်။ အဲဒီအတွေ့အကြုံတွေ အောင်မြင်တာတွေကို ဒီမှာ ပြန် အသုံးချလို့ ရနိုင်ပါတယ်။ အရေး ကြီးတဲ့ အချက်ကတော့ အင်ဒိုနီး ရှားမှာတုန်းက ဒေသခံအရပ်ဘက် အဖွဲ့အစည်းတွေနဲ့ အီးယူ အရပ်ဘက် အဖွဲ့အစည်းတွေ ပူးပေါင်းပြီး တစ်စိုက်မတ်မတ် လှုံ့ဆော်မှုတွေလုပ်ခဲ့တယ် ဆိုတာပါဘဲ။ ကျွန်မတို့ ဥရောပသမဂက မကြာမီထွက်လာတော့မယ့် ဥပဒေသစ်ကို စောင့်ကြည့်ဖို့ အရမ်းကို    စိတ်အားထက်သန်နေပါတယ်။ 
	 ဒါက ကျွန်မတို့ အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်နေ တယ်လေ။ ကျွန်မတို့ အရမ်းကို စိတ်လှုပ်ရှားမိတယ်။ ဘာကြောင့် လဲဆိုတော့ ဒီလို သစ်ထုတ်လုပ် တာတွေနဲ့ ပတ်သက်ပြီး ပထမဆုံး ဥပဒေဖြစ်လာမှာမို့ပါ။ ဒီဥပဒေ ထွက်လာတာနဲ့ ဒီသစ်လုံးတွေ ဘယ်က ခုတ်လာလဲဆိုတာကို စုံ စမ်းထောက်လှမ်းနိုင်မယ့် စွမ်း အားတွေရလာမှာလေ။ ဒါကို ကျွန်မတို့ မြန်မာနိုင်ငံမှာ လုပ်နိုင် မလား ဆိုတာကတော့ ကျွန်မတို့ မသိပါဘူး။ ကျွန်မတို့ ဒီက အရပ်ဘက်လူ့အဖွဲ့တွေနဲ့ ဘယ်လောက်လက်တွဲ လုပ်ဆောင်နိုင်မလဲဆိုတာက မေးခွန်းတစ်ခု ဖြစ်နေပါ
တယ်။ 

 အင်ဒိုနီးရှားမှာ တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံတွေထဲကနေ မြန်မာနိုင်ငံမှာ လက်တွေ့ ပြန်အသုံးချနိုင်မယ့်အချက်များ ရှိနိုင်မလား။
	(အင်ဒိုနီးရှားနိုင်ငံမှ တရားမ၀င် သစ်တောအရေးတက်ကြွလှုပ်ရှားသူ မစ္စမာဒီမီနန်ဆာရီက ၀င်ရောက်ဖြေဆိုသည်) 
	ကျွန်မအထင်တော့ အစိုးရ Stakeholder Process  ကို စလုပ်တဲ့အထိ မစောင့်နေဘဲ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အ 
နေနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် စတင်ပြီး တရားမ၀င် သစ်ထုတ်လုပ်ခြင်းလုပ်ငန်းတွေက ဘယ်လို ရှိတယ်ဆိုတာ နားလည်သဘော ပေါက်ထားဖို့ လိုပါတယ်။ ဒီမှာတော့ ဘယ်လိုအခြေအနေရှိလဲ မသိပါဘူး။ အင်ဒိုနီးရှားမှာတော့ မီဒီယာတွေနဲ့ အရပ်ဘက်လူ့ အဖွဲ့အစည်းတွေလက်တွဲပြီး တရားမ၀င် သစ်ခိုးထုတ်မှုတွေကို စုံစမ်းထောက်လှမ်းပြီး ဖော်ထုတ်ရေးသားနိုင်ခဲ့တယ်။ ဒီလိုနည်းတွေနဲ့ စခဲ့ကြတယ်။
	
မြန်မာနိုင်ငံတွင်းမှာ သစ်တောဖုံး ဧရိယာများတဲ့ ကချင်ပြည်နယ် အပါအ၀င် နေရာတော်တော်များများက သစ်တောတွေက အရမ်း
မြန်တဲ့နှုန်းနဲ့ ခုတ်လှဲခံနေရတယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား အများစုက ပြောနေကြပါတယ်။ ခုတ်လှဲနေတာတွေရဲ့ ရာခိုင်နှုန်း
တော်တော်များများကလည်း တရားမ၀င်ဘူးလို့ ပြောတာရှိပါတယ်။ ဒါတွေရပ်သွားဖို့ အကောင်းဆုံးနည်းက ဘာဖြစ်မလဲ ။ 
	အရေးကြီးတဲ့ အချက်က တော့ မြန်မာနိုင်ငံရဲ့ ပြည်နယ်၊ တိုင်းဒေသတိုင်းမှာ ကြုံနေရတဲ့ စိန်ခေါ်မှုက လာဘ်ပေး၊ လာဘ်ယူမှုတွေ၊ ပွင့်လင်းမြင်သာမှု မရှိ တာတွေနဲ့ ဆင်းရဲနွမ်းပါးမှုတွေလို့ ကျွန်မမြင်ပါတယ်။ အစိုးရကတော့ မြန်မာနိုင်ငံမှာ သစ်တော ဖုံးလွှမ်းတဲ့ ဧရိယာဟာနိုင်ငံရဲ့ ၄၅ ရာခိုင်နှုန်း ကျန်တယ်လို့ ပြောပါ တယ်။ အချို့ပညာရှင်တွေက အဲ ဒီထက် နည်းမယ်လို့ ပြောကြပါတယ်။ ကျွန်မတို့ မသိပါဘူး ။ တကယ့် သစ်တောတွေထဲမှာ ဘယ်လိုဖြစ်နေတယ် ဒီသစ်ခုတ် လှဲမှုတွေနဲ့ အသက်မွေးဝမ်းကျောင်းမှုတွေ ဘယ်လိုဆက်ဆက်နေလဲ ဆိုတာ မြင်အောင်ကြည့်ဖို့ အရေးကြီးပါတယ်။ သစ်တောတွေ ပျောက်ကွယ်သွားရင် နောက်မှာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ရောက်လာမှာပါပဲ။ သစ်ထုတ်လုပ်ရေးဟာ သစ်တောကို မှီခိုနေရတံအားနည်းသူတွေကို အဓိက ထိခိုက်စေပါတယ်။ ကျွန်မတို့ ဒီလို ကိစ္စတွေကို မရှုပ်ထွေးစေချင်ပါ ဘူး။ ကျွန်မတို့တစ်တွေ ရန်ကုန် က အရပ်ဘက်လူ့အဖွဲ့စည်းက လူတွေနဲ့ စကားပြောနေရုံနဲ့ မပြီးပါဘူး။ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်က တိုင်းရင်းသားတွေနဲ့ပါ ကြားခံအဖွဲ့အစည်းဆိုတာမျိုးက လိုကိုလိုပါတယ်။ ကြားခံ တည်ဆောက်ပြီးတဲ့ အခါမှာတော့ ဦး
စားပေးကိစ္စတွေ စိန်ခေါ်မှုတွေကိုရင်ဆိုင်ရမှာဖြစ်သလို ဒီတရားမ၀င် သစ်ခိုးထုတ်တဲ့ကိစ္စဟာ သစ်ပင်တွေခုတ်လှဲတာ တစ်ခုတည်း
မဟုတ်ပါဘူး။ ဒါဟာ ထီးတစ်လက်လို အကိုင်းအဖြာဖြာထွက်နေတဲ့အရေးကိစ္စမျိုးပါ။ စိန်ခေါ်မှုတွေအများကြီးပါ။ ကျွန်မတို့ ခံစားမိ
တာတော့ သစ်တောထဲမှာ နေထိုင်တဲ့သူတွေနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေပေါင်းပြီး အတူတကွအဖြေတွေစဉ်းစားဖို့ပါပဲ။ ကျွန်မ
တို့မှာ အချိန်သိပ် မရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ သစ်ပင်တွေဟာ အရမ်းကို မြန်တဲ့အရှိန်အဟုန်နဲ့ ပျောက်ကွယ်နေပြီ။ အခုဆို ဒီ
မှာမိုးကုန်သွားတော့ သစ်ခုတ်တဲ့ရာသီစပြီလေ။ ဒီအချိန်က အရမ်းကို စိတ်ဝင်စားစရာပါ။ အားလုံးချုပ်ပြောမယ်ဆိုရင်တော့ စောစောကပြောခဲ့သလို မြန်မာအစိုးရအနေနဲ့ သစ်အလုံးလိုက်တင်ပို့မှုကို ရပ်တန့်ပစ်လိုက်ဖို့ပါပဲ။

မြန်မာနိုင်ငံမှာ တရားမ၀င်သစ်ခိုးထုတ်မှုနဲ့ပတ်သက်ပြီး သိရတဲ့ အချက်အလက်တွေအရမစ္စဖိတ်ဒိုဟာတီကို အံ့အားသင့်စေခဲ့
တဲ့ အရာတစ်ခုခုများ ရှိလား။
	နှစ်ခုရှိပါတယ်။ မြန်မာပြည်တွင်းကနေ တရုတ်နဲ့ အိန္ဒိယကို တင်ပို့နေတဲ့ သစ်လုံးတွေရဲ့ပမာဏက ကျွန်မကို တော်တော်အံ့ အား သင့်စေပါတယ်။ ။ နောက်တစ်ခုက ပွင့်လင်းမြင်သာမှု မရှိခြင်းက အကျင့်ပျက်ခြစားမှုတွေကို ဖြစ်ပေါ်စေတဲ့ အဓိကအချက် ဖြစ်တယ်ဆိုတာ တရားမ၀င် သစ် ခိုးထုတ်မှုတွေကို လေ့လာရင်း ကျွန်မတို့တွေ့ရှိခဲ့တယ်။ 

  မြန်မာဟာ မှားယွင်းတဲ့ သစ်တောထွက် ပစ္စည်းတွေကို မှားယွင်းတဲ့ ဈေးကွက်ကို တင်ပို့နေတယ်ဆိုပြီး မစ္စဖိတ်ဒိုဟာတီက ပြောခဲ့တယ်နော်။ အဲဒါက တိတိကျကျပြောရရင် ဘာကိုဆိုလိုတာပါလဲ။ 
	အခြေခံအားဖြင့် ပြောရမယ်ဆိုရင် ဒီမှာ သစ်လုံးတွေဟာ ပျောက် ကွယ်သွားနေပါတယ်။ ဥပမာ အားဖြင့် ပြောရရင် သစ်လုံးတွေ ကို အချောထည်ပစ္စည်းတွေ ပြုလုပ်ဖို့ အားပေးမှုတွေ များများစားစား မရှိဘူး။ တကယ်လို့ သစ်လုံးကို ရောင်းမယ်ဆိုရင် အခွန်သက်သာမယ်။ တကယ်လို့ ပရိဘောဂတွေ လုပ်မယ်ဆိုရင် အခွန်ပိုဆောင်ရပြီ။  စီးပွားရေးသမားတစ်ယောက်က သူ့အနေနဲ့ဆိုရင် သစ်လုံးပဲဝယ်မှာပေါ့။ ပြီးရင် ပရိဘောဂ လုပ်မယ်။ ပြီးရင် အ မြတ်များများနဲ့ ရောင်းမယ်။ ဒါက သစ်လုံးဈေးကွက်ကို ဖြစ်စေတဲ့ အဓိကအချက်ပေါ့။ အဲဒီ အမြတ် ငွေတွေဟာ မြန်မာနိုင်ငံထဲကို ပြန်လာတာပဲ ဖြစ်သင့်တယ်။ အခြားနိုင်ငံ အကျိုးအမြတ်အတွက် မဖြစ်သင့်ဘူးလေ။ ကျွန်မ ဆိုလိုတာ အဲဒါပါ။ 

မစ္စဖိတ်ဒိုဟာသီတို့ ပြောသွားတဲ့ သစ်တောဥပဒေစိုးမိုးရေး၊ အုပ်ချုပ်မှုနဲ့ ကုန်သွယ်မှုဆိုင်ရာ    (Forest Law EnforcementGovernance and Trade-FLEGT)     ဆိုတာကို ဘယ်လို အတိုဆုံးနဲ့ အလွယ်ဆုံး အဓိပ္ပာယ်ဖွင့်နိုင်မလဲ။ အဲဒါဘာကြောင့် အရေးကြီးတာလဲ။
	တစ်ကြောင်းတည်း ပြောရမယ်ဆိုရင်    FLEGT    ဆိုတာ သစ် တောကဏ္ဍပြုပြင် ပြောင်းလဲဖို့ ဆိုရင် မရှိမဖြစ်လိုအပ်တဲ့ ကိရိ ယာတစ်ခုလို့ ပြောရမယ်။ 

မြန်မာနိုင်ငံက သစ်ထုတ်လုပ်ရေး လုပ်ငန်းတွေ၊ တရားမ၀င်သစ်ထုတ်လုပ်တာတွေနဲ့ ပတ်သက်ပြီး ထပ်လောင်း ပြောချင်တာများ ရှိပါသေးလား။
	အခုဆို ပိတ်ဆို့မှုတွေ ရုပ်သိမ်းပြီ။ ကုန်သွယ်မှုတွေဟာ အ နှေးနဲ့အမြန် ရောက်လာတော့မယ်။ ဟုတ်ပါတယ်။ ဒီမှာ(မြန်မာနိုင်ငံ) မှာ တကယ်ကိုပဲ ပြုပြင် ပြောင်းလဲရေးတွေ အရာထင်ခဲ့ပါပြီ။ ဒါပေမဲ့ သစ်တောတွေထဲမှာတော့ ဘာမှ မပြောင်းလဲသေးပါဘူး။ ကျွန်မတို့ ခံစားမိတာက ဒါဟာ တကယ့်ကို ကြီးမားလှတဲ့ စိန်ခေါ်မှုကြီးတစ်ရပ်ပါ။ 

ကျွန်မတို့“မြန်မာနိုင်ငံက သစ်တွေမ၀ယ်ဖို့ သပိတ်မှောက်မလား။မြန်မာကသစ်တွေ မ၀ယ်ဖို့ ပြောမလား”။ 
	နိုး..ကျွန်မတို့ အဲလိုလုပ်လို့မရပါဘူး။ ကျွန်မတို့ လုပ်နိုင်တာက ရှေ့နှစ်မတ်လဆိုရင် ဥရောပမှာ ဥပဒေပြဋ္ဌာန်းတော့မယ်။ တိုက်
ရိုက်ကုန်သွယ်မှုတွေရှိလာရင် သစ်တွေဘယ်က ခုတ်သလဲဆိုတဲ့ မေးခွန်းတွေကို ဖြေရတော့မယ်။ 
မြန်မာလူမျိုးတွေအနေနဲ့သစ်ထုတ်လုပ်ငန်းအပေါ်ဘယ်လိုမြင်လဲဆိုတာကို သိချင်ပါတယ်။ ဒါဟာ ရေရှည်တည်တံ့တဲ့ သစ်တောတွေဖြစ်လာဖို့ အဖြေတွေ ဖြစ်လာပါလိမ့်မယ်။

ကျေးဇူးတင်ပါတယ်။


မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကြောင်စီးပွားရေးဆိုင်ရာအရေးယူပိတ်ဆို့မှုများ ဖြေ
လျှော့ပြီးနောက်စီးပွားရေးအခွင့်အလမ်းများပွင့်လန်းလာတော့မည်ဖြစ်သည် နိုင်ငံတကာနှင့် ကူးသန်းရောင်း
ဝယ်မှုများတွင် ကမ္ဘာကျော်သော မြန်မာ့ ကျွန်းသစ်အပါအ၀င်သစ်ရောင်းဝယ်ရေးမှာလည်းကဏ္ဍအဖြစ်ပါဝင်
လာမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် မဟာစီးပွားရေးနိုင်ငံကြီး နှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံကြားတွင် တည်ရှိပြီး
မြန်မာ့သစ်လုံးများ ဈေးပေါပေါနှင့်တရားမ၀င်နည်းလမ်းများမှတင်ပို့ရောင်းချနေခြင်းက မြန်မာနိုင်ငံအတွက်
 ကြီးမားသော ဆုံးရှုံးမှုကြီးဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အေဂျင်စီ Envir
onmental Investigation Agency-EIA က ပြောကြားလိုက်သည်။

EIA သည် ကမ္ဘာအနှံ့တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မသမာမှုများကို စုံစမ်းဖော်ထုတ် သည့် နိုင်ငံတကာ အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး ပွင့်လင်းလာသော မြန်မာနိုင်ငံတွင် မကြာမီဖြစ် တည်လာတော့မည့် နိုင်ငံတကာ
နှင့်သစ်ရောင်းဝယ်ဖောက်ကားမှုများတွင်တရားမ၀င်သစ်ခိုးထုတ်မှုများ လျော့နည်းနိုင်သမျှ လျော့နည်းအောင် ကူညီပေးရန်ကနဦးအနေနှင့်ပြည်တွင်းမှသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များနှင့် ဆွေးနွေးရန် ရောက်
ရှိလာခြင်းဖြစ်သည်။
EIA စုံစမ်းထောက်လှမ်းထားသောအချက်အလက်များတွင် မြန်မာနိုင်ငံမှသစ်လုံးများအပါအ၀င်သစ် တော
ထွက်ပစ္စည်းများကို ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၇ ခုနှစ်အထိ ၇ နှစ်တာကာလအတွင်းမက်ထရစ်တန်ပေါင်း ၁၉
ဒသမ ၉ သန်းကို တင် ပို့ရောင်းချခဲ့ပြီး ရောင်းချငွေအဖြစ် အမေရိကန်ဒေါ်လာ ၅ ဒသမ ၀၂ဘီလီယံရရှိခဲ့
သည်။ ထိုပမာဏမှာတစ်နှစ်လျှင်ပျမ်းမျှ၂ဒသမ၄ကုဗမီတာတင်ပို့ပြီးရရှိငွေမှာအမေရိကန်ဒေါ်လာ၆၂၇သန်း
ဖြစ် သည်။

လန်ဒန်တွင်အခြေစိုက်ပြီး တရားမ၀င်သစ်ခိုးထုတ်မှုများ ပပျောက်အောင် အင်ဒိုနီးရှားနိုင်ငံတွင် ၁၀နှစ်တာ
အတွေ့အကြုံ ရှိသော EIA မှသစ်တောဆိုင်ရာ လှုပ်ရှားမှုခေါင်းဆောင် မစ္စဖိတ်ဒိုဟာသီနှင့် ရန်ကုန်မြို့တွင်
တွေ့ဆုံကာ မေးမြန်းထားသည်များကို ဖော်ပြပေးလိုက်ပါသည်။

ပထမဆုံး EIA အနေနဲ့ မြန်မာနိုင်ငံကို ဘာကြောင့် လာရတဲ့အကြောင်းရင်းကို ပြောပြပေးပါလား။ ကျွန်မတို့
ကို မြန်မာနိုင်ငံမှာရှိတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေနဲ့ ပေါင်းပြီး အလုပ်တွေအတူတူတွဲလုပ်
ဖို့ ဖိတ်ကြားခံရလို့ပါ။ 
ကျွန်မတို့ကလည်း ဒီမှာ တရားမ၀င် သစ်ခိုးထုတ်မှုတွေ၊ သစ်တောထွက်ပစ္စည်းတရားမ၀င်ရောင်းဝယ်မှုတွေ
နဲ့ပတ်သက်ပြီး ကျွန်မတို့အ ဖွဲအနေနဲ့ဘာလုပ်ပေးနိုင်မလဲဆိုတာ လေ့လာချင်တာလည်းပါပါတယ်။မကြာခင်
မှာဘဲ ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံက သစ်တွေဝယ်ဖို့ လက်ဦးမှု ရယူ တော့မှာပါ။ အဲဒါက မြန်မာနိုင်
ငံ အတွက်လည်း အရမ်းကို အသုံး ၀င်ပါတယ်။ ကျွန်မတို့အနေနဲ့ အ လုပ်လုပ်မယ်ဆို မြန်မာနိုင်ငံအ ကြောင်း
လေ့လာဖို့ အများကြီးကို လိုပါသေးတယ်။ မြန်မာနိုင်ငံဟာ တရားမ၀င် သစ်ရောင်းဝယ်ရေးမှာ မဟာဗျုဟာ
ကျပါတယ်
မြန်မာနိုင်ငံဟာ နှစ်စဉ် ဒေါ်လာသန်းနဲ့ ချီဆုံးရှုံးနေပါတယ် ဘာ လို့လဲဆိုတော့ အိမ်နီးချင်းနိုင်ငံတွေက မြန်
မာနိုင်ငံက သစ်လုံး တွေကို ဈေးပေါပေါနဲ့ မသမာတဲ့ နည်းနဲ့ဝယ်တယ်။ ပြီးတော့ ကုန် ချောလုပ်ပြန်ရောင်း
ပြီး သူတို့ အ မြတ်ထုတ်ကြတယ်လေ။ ဒါဟာ မကောင်းတဲ့ နည်းလမ်းဘဲလို့ ကျွန်မတို့မြင်တယ်။ ဒီဆယ်နှစ် အတောအတွင်း ကျွန်မတို့ ဘာတွေ သင်ယူခဲ့ရလဲဆိုတော့ ဒေသတွင်းမှာ တရားမ၀င် သစ်ခိုးထုတ်မှုတွေက
မှုခင်းဖြစ်ရပ်တွေကို ဖြစ်ပေါ်စေတယ်။
အဲဒါက ဥရောပက အချို့သော ၀ယ်ယူသူတွေကို အကျိုးအမြတ်ပိုရစေနိုင်တဲ့အချက်ပေါ့ ။ဒါပေမဲ့ လာမယ့်
နှစ် မတ်လမှာတော့ ဒီတရားမ၀င် သစ်ခိုးထုတ်မှုတွေကို တားဆီးနိုင်မယ့် ဥပဒေတစ် ရပ်ကို ဥရောပသမဂ္ဂ
အနေနဲ့ ပြဋ္ဌာန်းသွားဖို့ ရှိတယ်။ အဲဒီ ဥပဒေက ဥရောပသမဂသစ် ထုတ်လုပ်ရေးဥပဒေ (European Union Tim
ber Regulation-EUTR) လို့ ခေါ်ပါတယ်။ သူက နှစ်ပိုင်းရှိတယ်။ ပထမက ဥရောပမှာသစ် (သို့မဟုတ်) သစ်အ
ချောထည် ပစ္စည်းတွေ ၀ယ်ရင် တရားမ၀င် သစ်ဝယ်ယူမှုကို တားမြစ်ထားတယ်။ ဒုတိယအချက် ကတော့ ကျွန်မတို့ အင်တိုက်အား တိုက် တွန်းအားပေးခဲ့တဲ့ သစ် ၀ယ်ယူသူ လုပ်ငန်းရှင်တွေက သူတို့ဝယ်တဲ့သစ်တွေ ဘယ်ကခုတ်လှဲလာတာလဲ ဆိုတာကို ပြောပြနိုင်ရမယ် ဆိုတာပါဘဲ ။ 
ဒါ ဘာလဲဆိုတော့ ကျွန်မ ဥပမာ ပေးပြောရရင်အခု တရုတ်နိုင်ငံက မြန်မာက သစ်လုံးတွေကို ၀ယ်တယ်။ ပြီး
တော့ သူတို့က အချောထည် ပရိဘောဂတွေလုပ်ပြီးတရုတ်နိုင်ငံတွင်းမှာ ရောင်းသလိုမျိုးပေါ့။ တကယ်လို့ ဥပဒေထွက်လာရင် ဥရောပက သစ်ဝယ်မယ့် သူတွေက ဒီသစ်တွေ ဘယ်ကရ လဲဆိုတာ မေးတော့မယ်။ အဲ
ဒီ တော့ ဥပဒေအရ ဖြေကိုဖြေရမယ်။
ဆိုတော့ မေးခွန်းက အဲဒီ ဥပဒေက မြန်မာပြည်မှာအလုပ် ဖြစ်မလားဆိုတာပါပဲ။တစ်ကမ္ဘာလုံးမှာအကောင်း
ဆုံးကျွန်းသစ်ဖြစ်တဲ့ မြန်မာ့ကျွန်းသစ်ကို လူတွေက၀ယ်ကြတော့မယ်။ အခုဆို ပိတ်ဆို့အရေးယူမှုတွေ လည်း ဖယ်ရှားလိုက်ပြီဆိုတော့ မြန်မာက သစ်တောတွေမှာ ဖိအားတွေ ပိုများလာတော့မယ့်သဘောပါ။ဘာလို့ကျွန်
မတို့ မြန်မာပြည်တွင်းက အရပ်ဘက်အဖွဲ့အစည်း (Civil Society)တွေနဲ့ တွဲပြီး သစ်တောတွေ ရေရှည်တည်
တံ့အောင် ဘယ်လိုကာကွယ်မလဲဆိုတာ၊ဘယ်လိုလက်တွဲအလုပ်လုပ်နိုင်မလဲဆိုတာနည်းလမ်းရှာရပါမယ်။ 
တစ်ချိန်တည်းမှာ တရားမ၀င်သစ်ထုတ်လုပ်ရေးနဲ့ ဆက်နွှယ် နေတဲ့ အကျင့်ပျက်ချစားမှုတွေပွင့်လင်းမြင်သာ
မှုမရှိတာတွေကို မီးမောင်းထိုးပြဖို့ လိုသလို အစိုး ရကိုလည်း ဒီ့ထက် ပိုပြီး ပွင့်ပွင့် လင်းလင်း သတင်းအချက်
အလက်တွေ ထုတ်ပြန်ဖို့ တွန်းအားပေးသင့်ပါတယ်။ တစ်ဖက်မှာလည်း သစ်တောတွေကို ၀မ်းစာအတွက် မှီ
ခိုနေရသူတွေအတွက်လည်း မမေ့သင့်ပါဘူး။ ဒီတော့ ကျွန်မ တို့ ဘာလုပ်နိုင်မလဲဆိုတာ နည်းလမ်းရှာရမှာ
ပေါ့ ။

အခုဆိုရင် မြန်မာအစိုးရက ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပြီ အဲဒီအကျိုးဆက်ကြောင့်အရေးယူပိတ်ဆို့မှုတွေ
လည်း ဖယ်ရှားပေးခဲ့ပြီးပြီဆိုတော့ ဥရောပနဲ့ နိုင်ငံတကာက လုပ်ငန်းရှင်တွေက မြန်မာနိုင်ငံက သစ်တွေကို ခုနကပြောသွားသလို ၀ယ်တော့မယ် ရောင်းဝယ်ဖောက်ကားတော့မယ်။ မြန်မာအစိုးရအနေနဲ့ လာတော့
မယ့် သစ်ရောင်းဝယ်မှုတွေအတွက် အခုကစပြီး ဘာတွေ ပြင်ဆင်ထားသင့်သလဲ။

ဒါကြောင့် ကျွန်မတို့အခု ဒီမှာရှိနေတာပေါ့။ ကျွန်မတို့ယုံကြည်တဲ့ တစ်ခုတည်းသော အဖြေရှာနိုင်မယ့် နည်း
လမ်းက တော့ လေးဦး လေးဖလှယ်ပါဝင်တဲ့ လုပ်ငန်းစဉ်တွေ လုပ်သွားဖို့ လိုအပ်တယ်။ အစိုးရ၊ အရပ်ဘက် လူ့အဖွဲ့အစည်း၊ လူမှုအသိုင်းအ၀ိုင်းနဲ့ စက်ရုံအလုပ်ရုံတွေက ဒါကို မှီခိုနေရတယ်လေ။ ဒါကြောင့် ကျွန်မတို
့ ဖြစ်စေချင်တာက စားပွဲဝိုင်းတစ်ခုတည်းမှာ အားလုံးထိုင်ပြီး တွေ့ဆုံဆွေးနွေးပြီးအမြဲအဖြေရှာကြည့်ဖို့ တိုက်
တွန်းလိုပါတယ်။ 
ကျွန်မတို့ အင်ဒိုနီးရှားမှာ သစ်တရားမ၀င် ခိုးထုတ်မှုတွေ လျော့နိုင်သမျှ လျော့အောင်ကြိုး စားတဲ့အခါ အရပ် ဘက်လူ့အဖွဲ့ အစည်း (Civil Society ) တွေကို ကြားခံအဖြစ်တည်ဆောက်ပြီးအသုံးပြုခဲ့တယ်။ဒီကြားခံတွေ
ကနေ အစိုးရအတွက်၊ သစ်ထုတ်လုပ်ရေး လုပ်ငန်းတွေအတွက် ပြဿနာတွေဖြေရှင်း နိုင်မယ့် နည်းလမ်း
တွေ အများကြီး ထွက် ခဲ့တယ်။ ငြင်းခုံမှုတွေ၊ ဆွေးနွေးမှုတွေကနေ နောက်ဆုံးနည်းလမ်းတွေ ထွက်လာတာ
ပဲ။ 
အစိုးရဌာနတစ်ခုတည်း သစ်ခိုးထုတ်မှုတွေ၊ တရားမ၀င် သစ်ရောင်း ၀ယ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်
မှုတွေကို တားဆီး ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ လက်တွေ့မှာ ချက်ချင်း လုပ်နိုင်မယ့် နည်းကတော့ အစိုးရ
အနေနဲ့ သစ်အလုံးလိုက် တင်ပို့ခြင်းကို ချက်ချင်းပိတ်ပင်ပစ်လိုက် ဖို့ပါပဲ ။ 
ဒါက ပထမဆုံးအနေနဲ့ နိုင်ငံရေး စိတ်ဓာတ်အင်အားကို ပြသလိုက်သလိုလည်း ဖြစ်ပါလိမ့်မယ်။ ဒုတိယအ
ချက်ကတော့ သစ်တောတွေကို အသက်ရှူခွင့်ပေးလိုက်တာ ပါဘဲ။ ဒါက မြန်မာနိုင်ငံမှာဥရောပက သစ်လုပ်
ငန်းနဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက်တွန်းအားတစ်ခု ဖြစ်စေမှာပါ။

EIA အနေနဲ့အင်ဒိုနီးရှား အပါအ၀င် တရားမ၀င်သစ် ထုတ်တဲ့ နိုင်ငံတွေမှာ စုံစမ်းထောက်လှမ်းမှုတွေ လုပ်
ခဲ့တယ်။ မြန်မာနိုင်ငံမှာတော့ အရင်က နိုင်ငံရေး အခြေအနေတွေကြောင့် မလုပ်နိုင်ခဲ့ဘူး ပြောခဲ့တော့ အခု
ဒီကိုရောက် လာပြီဆိုတော့ ဘာတွေဆက်လုပ်သွားဖို့ ရှိပါသလဲ ။ရှေ့အစီအစဉ်တွေက ဘာများဖြစ်မလဲ။

ချက်ချင်းလုပ်လို့ရတဲ့ အလုပ်ကတော့ လူတွေများများနဲ့ တွေ့ပြီး သူတို့အသံတွေ နားထောင်တာပါပဲ။ ဒီမှာ အခြေအ နေအချို့က နည်းနည်းရှုပ်ထွေးပါတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နိုင်မလဲဆိုတာ မေးခွန်းတစ်ခုပါ။ နောက်တစ်ခုက ကျွန်မတို့ EIA အနေနဲ့ အင်ဒိုနီး ရှားနိုင်
ငံမှာ အရပ်ဘက်လူ့အဖွဲ့ အစည်းတွေနဲ့ လက်တွဲပြီး သစ် ခိုးထုတ်တာတွေကို တားဆီးခဲ့ တာဟာ အရမ်းအား
ကောင်းခဲ့ တယ်။ 
အဲဒီအတွေ့အကြုံတွေ အောင်မြင်တာတွေကို ဒီမှာ ပြန် အသုံးချလို့ ရနိုင်ပါတယ်။ အရေး ကြီးတဲ့ အချက်က
တော့ အင်ဒိုနီး ရှားမှာတုန်းက ဒေသခံအရပ်ဘက် အဖွဲ့အစည်းတွေနဲ့ အီးယူ အရပ်ဘက် အဖွဲ့အစည်းတွေ ပူးပေါင်းပြီး တစ်စိုက်မတ်မတ် လှုံ့ဆော်မှုတွေလုပ်ခဲ့တယ် ဆိုတာပါဘဲ။ ကျွန်မတို့ ဥရောပသမဂက မကြာမီ
ထွက်လာတော့မယ့် ဥပဒေသစ်ကို စောင့်ကြည့်ဖို့ အရမ်းကို စိတ်အားထက်သန်နေပါတယ်။

ဒါက ကျွန်မတို့ အလုပ်ရဲ့တစ်စိတ်တစ်ပိုင်းလည်း ဖြစ်နေ တယ်လေ။ကျွန်မတို့အရမ်းကိုစိတ်လှုပ်ရှားမိတယ်
။ဘာကြောင့် လဲဆိုတော့ ဒီလို သစ်ထုတ်လုပ် တာတွေနဲ့ ပတ်သက်ပြီး ပထမဆုံး ဥပဒေဖြစ်လာမှာမို့ပါ။ ဒီဥ
ပဒေ ထွက်လာတာနဲ့ ဒီသစ်လုံးတွေ ဘယ်က ခုတ်လာလဲဆိုတာကို စုံ စမ်းထောက်လှမ်းနိုင်မယ့် စွမ်း အား
တွေရလာမှာလေ။ 
ဒါကို ကျွန်မတို့ မြန်မာနိုင်ငံမှာ လုပ်နိုင် မလား ဆိုတာကတော့ ကျွန်မတို့ မသိပါဘူး။ ကျွန်မတို့ ဒီက အရပ်
ဘက်လူ့အဖွဲ့တွေနဲ့ ဘယ်လောက်လက်တွဲ လုပ်ဆောင်နိုင်မလဲဆိုတာက မေးခွန်းတစ်ခု ဖြစ်နေပါ တယ်။

အင်ဒိုနီးရှားမှာ တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံတွေထဲကနေ မြန်မာနိုင်ငံမှာ လက်တွေ့ ပြန်အသုံးချနိုင်မယ့်အ
ချက်များ ရှိနိုင်မလား။

(အင်ဒိုနီးရှားနိုင်ငံမှ တရားမ၀င် သစ်တောအရေးတက်ကြွလှုပ်ရှားသူ မစ္စမာဒီမီနန်ဆာရီက ၀င်ရောက်ဖြေ
ဆိုသည်) ကျွန်မအထင်တော့ အစိုးရ Stakeholder Process ကို စလုပ်တဲ့အထိ မစောင့်နေဘဲ အရပ်ဘက် လူ့
အဖွဲ့အစည်းတွေ အ နေနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် စတင်ပြီး တရားမ၀င် သစ်ထုတ်လုပ်ခြင်းလုပ်ငန်းတွေက
ဘယ်လို ရှိတယ်ဆိုတာ နားလည်သဘော ပေါက်ထားဖို့ လိုပါတယ်။ 
ဒီမှာတော့ ဘယ်လိုအခြေအနေရှိလဲ မသိပါဘူး။ အင်ဒိုနီးရှားမှာတော့ မီဒီယာတွေနဲ့ အရပ်ဘက်လူ့ အဖွဲ့
အစည်းတွေလက်တွဲပြီး တရားမ၀င် သစ်ခိုးထုတ်မှုတွေကို စုံစမ်းထောက်လှမ်းပြီး ဖော်ထုတ်ရေးသားနိုင်ခဲ့
တယ်။ ဒီလိုနည်းတွေနဲ့ စခဲ့ကြတယ်။

မြန်မာနိုင်ငံတွင်းမှာသစ်တောဖုံးဧရိယာများတဲ့ကချင်ပြည်နယ်အပါအ၀င် နေရာတော်တော်များများကသစ်
တာတွေက အရမ်းမြန်တဲ့နှုန်းနဲ့ ခုတ်လှဲခံနေရတယ်လို့ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားအများစုက ပြော
နေကြပါတယ်။ ခုတ်လှဲနေတာတွေရဲ့ ရာခိုင်နှုန်းတော်တော်များများကလည်း တရားမ၀င်ဘူးလို့ ပြောတာရှိ
ပါတယ်။ ဒါတွေရပ်သွားဖို့ အကောင်းဆုံးနည်းက ဘာဖြစ်မလဲ ။

အရေးကြီးတဲ့ အချက်က တော့ မြန်မာနိုင်ငံရဲ့ ပြည်နယ်၊ တိုင်းဒေသတိုင်းမှာ ကြုံနေရတဲ့စိန်ခေါ်မှုက လာဘ်
ပေး၊ လာဘ်ယူမှုတွေ၊ ပွင့်လင်းမြင်သာမှု မရှိ တာတွေနဲ့ ဆင်းရဲနွမ်းပါးမှုတွေလို့ ကျွန်မမြင်ပါတယ်။အစိုးရက
တော့ မြန်မာနိုင်ငံမှာ သစ်တော ဖုံးလွှမ်းတဲ့ ဧရိယာဟာနိုင်ငံရဲ့ ၄၅ ရာခိုင်နှုန်း ကျန်တယ်လို့ ပြောပါ တယ်။
အချို့ပညာရှင်တွေက အဲ ဒီထက် နည်းမယ်လို့ ပြောကြပါတယ်။ ကျွန်မတို့ မသိပါဘူး ။ တကယ့် သစ်တော
တွေထဲမှာ ဘယ်လိုဖြစ်နေတယ် ဒီသစ်ခုတ် လှဲမှုတွေနဲ့ အသက်မွေးဝမ်းကျောင်းမှုတွေ ဘယ်လိုဆက်ဆက်
နေလဲ ဆိုတာ မြင်အောင်ကြည့်ဖို့ အရေးကြီးပါတယ်။ သစ်တောတွေ ပျောက်ကွယ်သွားရင် နောက်မှာ ဖွံ့ဖြိုး
တိုးတက်ရေးလုပ်ငန်းတွေ ရောက်လာမှာပါပဲ။ သစ်ထုတ်လုပ်ရေးဟာ သစ်တောကို မှီခိုနေရတံအားနည်းသူ
တွေကို အဓိက ထိခိုက်စေပါတယ်။ 
ကျွန်မတို့ ဒီလို ကိစ္စတွေကို မရှုပ်ထွေးစေချင်ပါ ဘူး။ ကျွန်မတို့တစ်တွေရန်ကုန် ကအရပ်ဘက်လူ့အဖွဲ့စည်း
က လူတွေနဲ့ စကားပြောနေရုံနဲ့ မပြီးပါဘူး။ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်က တိုင်းရင်းသားတွေနဲ့ပါ ကြားခံ
အဖွဲ့အစည်းဆိုတာမျိုးက လိုကိုလိုပါတယ်။ ကြားခံ တည်ဆောက်ပြီးတဲ့ အခါမှာတော့ ဦး စားပေးကိစ္စတွေ
စိန်ခေါ်မှုတွေကိုရင်ဆိုင်ရမှာဖြစ်သလို ဒီတရားမ၀င် သစ်ခိုးထုတ်တဲ့ကိစ္စဟာ သစ်ပင်တွေခုတ်လှဲတာ တစ်ခု
တည်း မဟုတ်ပါဘူး။ 
ဒါဟာ ထီးတစ်လက်လို အကိုင်းအဖြာဖြာထွက်နေတဲ့အရေးကိစ္စမျိုးပါ။ စိန်ခေါ်မှုတွေအများကြီးပါ။ ကျွန်မတို့ ခံစားမိတာတော့ သစ်တောထဲမှာ နေထိုင်တဲ့သူတွေနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေပေါင်းပြီး အတူတကွ
အဖြေတွေစဉ်းစားဖို့ပါပဲ။ ကျွန်မ တို့မှာ အချိန်သိပ် မရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့သစ်ပင်တွေဟာအရမ်း
ကို မြန်တဲ့အရှိန်အဟုန်နဲ့ ပျောက်ကွယ်နေပြီ။ အခုဆို ဒီ မှာမိုးကုန်သွားတော့ သစ်ခုတ်တဲ့ရာသီစပြီလေ။ 
ဒီအချိန်က အရမ်းကို စိတ်ဝင်စားစရာပါ။ အားလုံးချုပ်ပြောမယ်ဆိုရင်တော့ စောစောကပြောခဲ့သလို မြန်မာ
အစိုးရအနေနဲ့ သစ်အလုံးလိုက်တင်ပို့မှုကို ရပ်တန့်ပစ်လိုက်ဖို့ပါပဲ။

မြန်မာနိုင်ငံမှာ တရားမ၀င်သစ်ခိုးထုတ်မှုနဲ့ပတ်သက်ပြီး သိရတဲ့ အချက်အလက်တွေအရမစ္စဖိတ်ဒိုဟာတီကို အံ့အားသင့်စေခဲ့တဲ့ အရာတစ်ခုခုများ ရှိလား။

နှစ်ခုရှိပါတယ်။ မြန်မာပြည်တွင်းကနေ တရုတ်နဲ့ အိန္ဒိယကို တင်ပို့နေတဲ့ သစ်လုံးတွေရဲ့ပမာဏက ကျွန်မကို
တော်တော်အံ့ အား သင့်စေပါတယ်။ ။ နောက်တစ်ခုက ပွင့်လင်းမြင်သာမှု မရှိခြင်းက အကျင့်ပျက်ခြစားမှု
တွေကို ဖြစ်ပေါ်စေတဲ့ အဓိကအချက် ဖြစ်တယ်ဆိုတာ တရားမ၀င် သစ် ခိုးထုတ်မှုတွေကို လေ့လာရင်း ကျွန်
မတို့တွေ့ရှိခဲ့တယ်။

မြန်မာဟာ မှားယွင်းတဲ့ သစ်တောထွက် ပစ္စည်းတွေကို မှားယွင်းတဲ့ ဈေးကွက်ကို တင်ပို့နေတယ်ဆိုပြီး မစ္စ
ဖိတ်ဒိုဟာတီက ပြောခဲ့တယ်နော်။ အဲဒါက တိတိကျကျပြောရရင် ဘာကိုဆိုလိုတာပါလဲ။

အခြေခံအားဖြင့် ပြောရမယ်ဆိုရင်ဒီမှာသစ်လုံးတွေဟာ ပျောက်ကွယ်သွားနေပါတယ်။ဥပမာအားဖြင့်ပြောရ
ရင် သစ်လုံးတွေ ကို အချောထည်ပစ္စည်းတွေ ပြုလုပ်ဖို့ အားပေးမှုတွေ များများစားစား မရှိဘူး။တကယ်လို
သစ်လုံးကို ရောင်းမယ်ဆိုရင် အခွန်သက်သာမယ်။ တကယ်လို့ ပရိဘောဂတွေ လုပ်မယ်ဆိုရင် အခွန်ပို
ဆောင်ရပြီ။ စီးပွားရေးသမားတစ်ယောက်က သူ့အနေနဲ့ဆိုရင်သစ်လုံးပဲဝယ်မှာပေါ့။ ပြီးရင်ပရိဘောဂလုပ်
မယ်။ ပြီးရင် အ မြတ်များများနဲ့ ရောင်းမယ်။ ဒါက သစ်လုံးဈေးကွက်ကို ဖြစ်စေတဲ့ အဓိကအချက်ပေါ့။ အဲဒီ အမြတ် ငွေတွေဟာ မြန်မာနိုင်ငံထဲကို ပြန်လာတာပဲ ဖြစ်သင့်တယ်။ အခြားနိုင်ငံ အကျိုးအမြတ်အတွက်မဖြစ်
သင့်ဘူးလေ။ ကျွန်မ ဆိုလိုတာ အဲဒါပါ။

မစ္စဖိတ်ဒိုဟာသီတို့ ပြောသွားတဲ့ သစ်တောဥပဒေစိုးမိုးရေး၊ အုပ်ချုပ်မှုနဲ့ ကုန်သွယ်မှုဆိုင်ရာ (Forest Law Enf
orcementGovernance and Trade-FLEGT) ဆိုတာကို ဘယ်လို အတိုဆုံးနဲ့ အလွယ်ဆုံး အဓိပ္ပာယ်ဖွင့်နိုင်မလဲ။ အဲဒါဘာကြောင့် အရေးကြီးတာလဲ။

တစ်ကြောင်းတည်း ပြောရမယ်ဆိုရင် FLEGT ဆိုတာ သစ် တောကဏ္ဍပြုပြင် ပြောင်းလဲဖို့ ဆိုရင် မရှိမဖြစ်လို
အပ်တဲ့ ကိရိ ယာတစ်ခုလို့ ပြောရမယ်။

မြန်မာနိုင်ငံကသစ်ထုတ်လုပ်ရေးလုပ်ငန်းတွေ၊တရားမ၀င်သစ်ထုတ်လုပ်တာတွေနဲ့ပတ်သက်ပြီးထပ်လောင်း
ပြောချင်တာများ ရှိပါသေးလား။

အခုဆို ပိတ်ဆို့မှုတွေ ရုပ်သိမ်းပြီ။ ကုန်သွယ်မှုတွေဟာ အ နှေးနဲ့အမြန် ရောက်လာတော့မယ်။ ဟုတ်ပါတယ်။ ဒီမှာ(မြန်မာနိုင်ငံ) မှာ တကယ်ကိုပဲ ပြုပြင် ပြောင်းလဲရေးတွေ အရာထင်ခဲ့ပါပြီ။ ဒါပေမဲ့ သစ်တောတွေထဲမှာ
တော့ ဘာမှ မပြောင်းလဲသေးပါဘူး။ ကျွန်မတို့ ခံစားမိတာက ဒါဟာ တကယ့်ကို ကြီးမားလှတဲ့ စိန်ခေါ်မှုကြီး
တစ်ရပ်ပါ။

ကျွန်မတို့“မြန်မာနိုင်ငံက သစ်တွေမ၀ယ်ဖို့ သပိတ်မှောက်မလား။မြန်မာကသစ်တွေ မ၀ယ်ဖို့ ပြောမလား။

နိုး..ကျွန်မတို့ အဲလိုလုပ်လို့မရပါဘူး။ကျွန်မတို့လုပ်နိုင်တာက ရှေ့နှစ်မတ်လဆိုရင်ဥရောပမှာဥပဒေပြဋ္ဌာန်း
တော့မယ်။ တိုက် ရိုက်ကုန်သွယ်မှုတွေရှိလာရင် သစ်တွေဘယ်က ခုတ်သလဲဆိုတဲ့ မေးခွန်းတွေကို ဖြေရ
တော့မယ်။

မြန်မာလူမျိုးတွေအနေနဲ့သစ်ထုတ်လုပ်ငန်းအပေါ်ဘယ်လိုမြင်လဲဆိုတာကို သိချင်ပါတယ်။ 
ဒါဟာ ရေရှည်တည်တံ့တဲ့ သစ်တောတွေဖြစ်လာဖို့ အဖြေတွေ ဖြစ်လာပါလိမ့်မယ်။

ကျေးဇူးတင်ပါတယ်။
ရေးသားသူ- အေးမြကျော်

0 comments:

Post a Comment