Pages

Wednesday, October 24, 2012

အစ္စလာမ့် ဘာသာရေး အဖွဲ့ကြီး၏ ၂၀၁၂- ကုရ်ဘာနီ ကြေညာချက်အပေါ် မွတ်စလင်မ် လူငယ်တို့၏အသံ

အောက်တိုဘာ၊ ၂၄ ၂၀၁၂
M-Media


ယခုနှစ် ၂၀၁၂-ခုနှစ်တွင် ကုရ်ဘာနီပြုလုပ်ခြင်းကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်းဝမ်းနည်းစွာအသိပေးကြေ
ညာချက်နှင့်ပတ်သက်ပြီး အနယ်နယ်အရပ်ရပ်က ဒေသခံ မွတ်စလင်မ်တွေရဲ့ စကားသံတွေကို M-Media မှ တင်ဆက်ပေးလိုက်ပါတယ်။

စစ်ကိုင်း ။ ။ ကုရ်ဘာနီမလုပ်တော့ဘူးလို့ ဘာသာရေးအဖွဲ့ကြီးက ကြေညာချက်အပေါ် ကြားကြားချင်းတော့ အံ့သြမိတယ်။ ကုရ်ဘာနီလုပ်ဖို့ နွားကလည်း ၀ယ်ပြီးသားဖြစ်နေတော့ကိုယ့်ဘာသာကိုယ်ပဲလုပ်မယ်လို့ စိတ်
ကူးလိုက်သေးတယ်။ ဒါပေမယ့် ကိုယ်တစ်ယောက်ကြောင့် ကိုယ့်မွတ်စလင်မ်အများစုရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး မလုပ်ဘူး။ ဒါကြောင့် အဲဒီထုတ်ပြန်ချက်ကို ကိုယ်တိုင်သဘောတူတယ်။ ကုရ်ဘာနီမလုပ်တော့ဘူး။

မကွေး ။ ။ ဒီမှာက ဘာမှတော့ အထွေအထူးမရှိဘူး။ ဒါပေမယ့် ဘာသာရေးအဖွဲ့ကြီးကထုတ်ပြန်တဲ့ ကြေညာ
ချက်အပေါ် လိုက်နာပြီး ကုရ်ဘာနီ မလုပ်ပဲ နေမယ်။

တောင်တွင်းကြီး ။ ။ ကုရ်ဘာနီလုပ်မယ့်သူတွေက နွားတွေဝယ်ထားတာတွေရှိတယ်။ ဒါပေမယ့် ဘာသာရေး
အဖွဲ့ကြီးက မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်ဆိုရင်တော့ ကျွန်တော်တို့လည်း မလုပ်ပဲ နေကြမှာပါ။ ဒါပေမယ့် စိတ်တော့လုံးဝ မကောင်းပါဘူး။

မန္တလေး ။ ။ ပထမတော့ ကုရ်ဘာနီမလုပ်တော့ဘူးလို့ ကြားကြားချင်း စိတ်တိုတယ်။ ဘာလို့မလုပ်ရမှာလဲလို့။ ဒါပေမယ့် နောက်ပိုင်းသေချာစဉ်းစားမိလာတော့ မလုပ်တော့တာ ကောင်းတယ်။ ကျွန်တော်တို့အတွက် ဘာ
လုံခြုံရေးမှ မရှိတာ။ ကောင်းတယ်ဗျာ မလုပ်ကြတာ ကောင်းတယ်။

ကောလင်း ။ ။ ဒီမှာတော့ တစ်ခြားဘာမှအကြောင်းကိစ္စမရှိဘူး။ဒါပေမယ့် ၂-ပိုင်းရှိနေတယ်။တစ်ချို့ကလည်း
ကြောက်လို့ ကုရ်ဘာနီမလုပ်ဘူး ထင်မှာကြောင့် လုပ်မယ်။ တချို့ကလည်း အဖွဲ့ကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာမယ်လို့ပြောတယ်။ ဒါပေမယ့် အခုတော့ အဖွဲ့ကြီးရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာပြီး မလုပ်ပဲ နေကြ
မယ်။ ကုရ်ဘာနီ မလုပ်လည်းဖြစ်တယ်ဆိုတဲ့ အခြေအနေတွေရှိတာကို ကျွန်တော်တို့ ရှင်းပြမယ်။

ပြင်ဦးလွင် ။ ။ ကုရ်ဘာနီမလုပ်ဖို့ ဘာသာရေးအဖွဲ့တွေက ဆုံးဖြတ်တဲ့အပေါ် ကျွန်တော်တို့တွေ လိုက်နာမှာ
ပါ။ ပြင်ဦးလွင်က အဖွဲ့တွေကလည်း စာထုတ်ပြီးပါပြီ။ ဒါကြောင့် ဒီနှစ် ကုရ်ဘာနီ မလုပ်တော့ပါဘူး။

ဘားအံ ။ ။ ဘာသာရေးအဖွဲ့ကြီးက ရန်ကုန်မှာ ထုတ်လိုက်တဲ့စာတွေ ရပါတယ်။ ဒီမှာလည်း တချို့က လုပ်
ချင်ကြတယ်။ တချို့ မလုပ်ချင်ဘူး။ ဒါပေမယ့် အခုအချိန်မှာ ဘာသာရေးအဖွဲ့ကြီးကထုတ်တာကို ကျွန်တော်
တို့ လိုက်နာပြီး ကုရ်ဘာနီ မလုပ်ပဲ နေပါမယ်။

တောင်ကြီး ။ ။ ရန်ကုန်က ထုတ်တဲ့စာတွေရပါတယ်။ တောင်ကြီးမှာတော့ အေးအေးဆေးဆေးပါပဲ။ ၀ယ်ပြီး
သားနွားတွေလည်းရှိနေတော့ တချို့လည်း စိတ်ညစ်တာပေါ့။ အခုမနက် (၁၀)နာရီမှာ အစည်းအဝေးရှိတယ်
ပြောတယ်။ အဲဒါပြီးမှ သေချာပြောနိုင်မယ်။

ဘိုကလေး ။ ။ ကုရ်ဘာနီ မလုပ်တော့ဘူးဆိုတော့ တော်တော်များများစိတ်မကောင်းဖြစ်ကြတယ်။ ဒါပေမယ့် ဘာသာရေးအဖွဲ့ကြီးက လူတွေက ပညာရှိတွေပီသစွာ ထုတ်ပြန်ကြေညာခဲ့တာအပေါ် အလွန်အားရတယ်။ ဒါကြောင့် ကုရ်ဘာနီ မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားကြတယ်။

ကျိုက်လတ်၊ ဖျာပုံ၊ ဒေးဒရဲ ။ ။ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ် ၊ ဖျာပုံ နဲ့ ဒေးဒရဲ မြို့နယ်တွေမှာ ကုရ်
ဘာနီပြုလုပ်ခြင်းနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်များက ကုရ်ဘာနီ ကြီးကြပ်ရေးကော်မတီ အဖွဲ့တွေကို ခေါ်ယူတွေ့ဆုံပါတယ်။ အာဏာပိုင်တွေအနေနဲ့ ကုရ်ဘာနီပြုလုပ်ဖို့ခွင့်ပြုပေမယ့်သားကောင်
ကို အကောင်ရေသတ်မှတ် ပြီး ခွင့်ပြုပေးပါတယ် ။

ဥပမာ အကောင် ၆၀ စာရင်းတင်ရင် ၂၅ ဘဲ ခွင့်ပြုတယ် ။ ဒါ့ကြောင့်မို့ ၄င်းမြို့ နယ် ၃ မြို့ နယ်က အစ္စလာမ်
များက သားကောင်ကန့်သတ်ပိတ် ပင်တဲ့အတွက် ကုရ်ဘာနီ လုံးဝမလုပ်တော့ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် ။ ဒီ
သတင်းဟာ အဖွဲ့ကြီး ၄ ဖွဲ့ က ကုရ်ဘာနီ မလုပ်ဖို့ မတားမြစ် ခင်ကတည်းက ဖြစ်ပျက်ခဲ့တာပါ ။ ဒီ ကနေ့ မနက် ၁၀ နာရီမှာ ဘိုကလေးမြို့နယ် မယက ရုံးမှာ ကုရ်ဘာနီ ကြီးကြပ်ရေးကော်မတီနဲ့ မြို့နယ်အာဏာပိုင်
တွေ အစည်းအဝေးရှိပါတယ်။

ရန်ကုန် ။ ။ ကုရ်ဘာနီမလုပ်ဖို့ဆုံးဖြတ်တာကို ကြောက်တာလို့ မယူဆ စေချင်ပါဘူး။ တကယ်ကိုရဲရင့်လို့ ဒီလို
ဆုံးဖြတ်ချက်ကိုလူကြီးတွေဆုံးဖြတ်တာလို့ပဲမြင်ပါတယ်။ ဒါကလည်းငြိမ်းချမ်းစွာ ဆန္ဒပြခြင်း တစ်မျိုးပါပဲ။ တ
ကယ်တမ်း ကုရ်ဘာနီလုပ်ရင်းနဲ့ တစ်စုံတစ်ရာဖြစ်သွားတယ်ဆို ရင် အရင်ဆုံးကိုယ့်အစ္စလာမ်တွေပဲ ထိခိုက်
နစ်နာမှုရှိမယ်။ သူများတွေထိခိုက်တာကိုမပြောချင်ပါဘူး။

ကိုယ့်အစ္စလာမ်တွေကို ထပ်ပြီမဆုံးရှုံးစေချင်ဘူး။ အစ္စလာမ် အနည်းစုရှိတဲ့နေရာတွေကို လည်းထဲ့စဉ်းစား
ပေးသင့်တယ်လေ။  ကြောက်လို့မလုပ်တာမဟုတ်ပဲ။ ၀မ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့မလုပ်တာ လို့ပဲ
ယူစပါတယ်။ တကယ်ကိုလဲဝမ်းနည်းပူဆွေးနေရတယ်။ ကိုယ်တွေထမင်းနှစ်နှပ်စားနေချိန်မှာ အခြားအဝေး
တစ်နေရာက ကိုယ့်ညီအကိုတွေအစာရေစာပျက်လပ်နေရပါတယ်။

အားလုံးလဲဒါတွေကိုသိမှာ…နေ့စဉ်နဲ့အမျှစာရင်းမရှိပဲအသက်ပေးနေရတဲ့သူတွေ အများကြီးဖြစ်နေပါတယ်။ အခုအချိန်ထိကိုယ့်အစ္စလာမ်တွေများကို ဆုံးရှုံးနေရတုန်းပါပဲ… ထပ်ပြီး အဆုံးရှုံးမခံနိုင်ပါဘူး။ အခုချိန်မှအား
လုံး စည်းလုံးညီညွှတ်ဖို့ အရမ်းကိုလိုအပ်နေတာပါ။ ဘာလို့ဆန့်ကျင်ဘက်တွေလုပ်ကြတယ်ဆိုတာ နားမ
လည်နိုင်ဘူး။ အရမ်းလည်းဝမ်းနည်းရပါတယ်။

ရန်ကုန် ။ ။ ဆရာကြီးတွေမလုပ်ဘူးလို့ဆုံးဖြတ်တာ ကောင်းပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အစ္စလာမ်ဘာ
သာဝင်အားလုံးဝမ်းနည်းကြေကွဲရပါတယ်။ အခြေအနေအရ ဘာသာရေးခေါင်းဆောင်တွေ ကုရ်ဘာနီမလုပ်
ဖို့ဆုံးဖြတ်တာကိုလည်း ထောက်ခံပါတယ်။ အားလုံးသိကြပါတယ် နိုင်ငံတော်က ခွငြ့်ပုထားတယ်ဆိုပေမဲ့ လုံ
ခြုံရေးအာမခံချက် ရှိဘူးဆိုတာလူတိုင်းသိပါတယ်။

ဒီတနှစ် မလုပ်ရလို့ နောက်နစ်တွေလည်းလုပ်ရမှာ မဟုတ်ဘူးလို့ မဆိုနိုင်ပါဘူး။ နှောင်နှစ်တွေမှာ အားသာ
ချက်ရှိဖို့ ဒီနှစ်မှာစွန့်လွတ်ပေးလိုက်တယ်လို့ပဲ မိသားစုတွေ နားလည်ပေးလိုက်ပါ။ အစ္စလာမ်ဘာသာခေါင်း
ဆောင်တွေက ဒီဆုံးဖြတ်ချက်ကို ၀မ်းနည်းစွာနဲ့ဆုံးဖြတ်တာပါ။ အခုချိန်မှာကုရ်ဘာနီတနိုင်ငံလုံးမလုပ်ဘဲနေ
တာ အကောင်းဆုံးပါ။

ဒါမှ ဘာကြောင့် မလုပ်တာလဲဆိုတာ ကမ္ဘာကပိုပြီးသိမှာ။ သူတို့တွေလည်း သူတို့အခါ ရက်မြတ်တွေနီးလာ
ပါပြီး ပျော်ရွင်ချမ်းမြေ့စွာနဲ့ ဆင်နွှဲနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

မော်လမြိုင် ။ ။ ကျွန်တော်တို့တွေ ကုရ်ဘာနီ လုပ်ချင်ကြတာပေါ့ဗျာ။ ကျွန်တော်ဆို မနေ့ကမှ နွား ၂-ကောင် ၀ယ်ပြီးသွားတယ်။ ကျွန်တော်မှ မဟုတ်ပါဘူး။ တစ်ခြားသူတွေလည်း မ၀ယ်ခင်က စောစောစီးစီးသာဘာသာ
ရးအဖွဲ့ကြီးရဲ့ထုတ်ပြန်ချက်ကို သိရရင် ပိုကောင်းတာပေါ့။ ဒါပေမယ့် အခုလည်း ကျွန်တော်တို့ဘာသာရေး
အဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်ကို လက်ခံပြီး ကုရ်ဘာနီ မလုပ်ပဲ နေကြဖို့ပဲ ဆုံးဖြတ်မှာပါ။

Credit to http://news.mmsy.info/news/6847

0 comments:

Post a Comment