Pages

Wednesday, October 24, 2012

ပိတ်ဆို့အရေးယူမှု ပိုမိုပြင်းထန်လာပါက ရေနံတင်ပို့မှု အီရန် ရပ်ဆိုင်းမည်

ပိတ်ဆို့အရေးယူမှု ပိုမိုပြင်းထန်လာပါက ရေနံတင်ပို့မှု အီရန် ရပ်ဆိုင်းမည်

အနောက်အုပ်စုကအရေးယူပိတ်ဆိုမှုများပိုမိုတိုးမြှင့် ပြုလုပ်လာပါက ရေနံတင်ပို့ရောင်းချမှုကိုရပ်ဆိုင်းမည်
ဟု အီရန်နိုင်ငံက ပြောကြားလိုက်သည်။ထို့အပြင် ၎င်းတို့အနေဖြင့် ရေနံတင်ပို့ရောင်းချခြင်းမှ ဝင်ငွေမရရှိ
ပါကလည်း ဆက်လက်ရပ်တည်သွားနိုင်မည့်ဒုတိယအစီအစဉ်တစ်ရပ်ကို ရေးဆွဲထားပြီးဖြစ်ကြောင်း အီရန်
ကဆိုသည်။

အရေးယူပိတ်ဆို့မှုတွေ ပိုမိုပြင်းထန်လာရင်တော့ ရေနံတင်ပို့မှုကို ရပ်ဆိုင်းမယ်၊ ကျွန်တော်တို့မှာ ရေနံ
ရောင်းချမှုကနေ ဝင်ငွေမရှိဘဲနဲ့လည်း နိုင်ငံအတွက် လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နိုင်အောင် Plan Bကို
 ပြင်ဆင်ထားပါတယ်”ဟု အီရန် ရေနံဝန်ကြီး Rostam Qasemi ကဒူဘိုင်းတွင်သတင်းထောက်များနှင့် တွေ့ဆုံ
စဉ် ပြောကြားလိုက်သည်။

အီရန်နိုင်ငံသည် တစ်နေ့လျှင် ရေနံစည်ပေါင်း ၄ သန်း ထုတ်လုပ်နေဆဲဖြစ်ကြောင်းနှင့် နေ့စဉ်ထုတ်လုပ်မှု
တွင် ရေနံစည်ပေါင်း၂ ဒသမ ၇ သန်း လျော့ကျသွားသည့်ဆိုသော သတင်းများကို Qasemi က ပယ်ချလိုက်
သည်။


Planet Myanmar Network:

0 comments:

Post a Comment