Pages

Wednesday, July 4, 2012

ထားဝယ်စီမံကိန်းမှ မက်စ်မြန်မာကုမ္ပဏီ နုတ်ထွက်လိုက်ပြီ

၂၅ ရာခိုင်နှုန်း အစုရှယ်ယာ ပိုင်ဆိုင်ထားသောMax Myanmar ကုမ္ပဏီ မှာ ထားဝယ်စီမံကိန်းမှ နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း ထားဝယ်စီမံကိန်း လုပ်ငန်းအထောက်အကူပြုအဖွဲ့ဥက္ကဌ ဦးတင်မောင်ဆွေက အတည်ပြု လိုက်သည်။


''ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ် လို့ ပေးစရာမှတ်ချက်မရှိပါဘူး”''ဟု ဦးတင်မောင်ဆွေက ဆိုသည်။ယင်းကိစ္စနှင့် ပတ်သက်ပြီးMax Myanmar ကုမ္ပဏီ၏ ထား ဝယ်တာဝန်ခံ ဦးစောမြသောင်းကို ဆက်သွယ်မေးမြန်းရာ ရုံးချူပ်ညွှန် ကြားချက်မရောက်သေးဟု တုံ့ပြန် ပြောကြားသည်။Max Myanmar ကုမ္ပဏီသို့ ဇူလိုင် ၃ ရက်နေ့ ညနေပိုင်းတွင် ဆက်သွယ်မေြး မန်းရာ တာဝန်ရှိ သူတစ်ဦးက ယင်းသတင်း မှန်ကန် ကြောင်း အတည်ပြုေ ပာကြား သည်။ထားဝယ်စီမံကိန်းတွင် ထိုင်း နိုင်ငံမှ အကြီးဆုံးဆောက် လုပ်ရေး ကုမ္ပဏီ အီတာလျံထိုင်း(ITD) နှင့် Max Myanmar ကုမ္ပဏီတို့ ပူးပေါင်း ကာ Dawei Development Company (DDC) အမည်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် နေပြီး Max Myanmar ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှုတန်ဖိုး၏ ၂၅ ရာခိုင်နှုန်း ပါဝင်သည်။


ထားဝယ်စီမံကိန်းကို DDC အနေနှင့် လုပ်ကိုင်နေသည်ဟု သတင်းထုတ်ပြန်ထားသော် လည်း မြေယာအငြင်းပွားမှုနှင့် ဒေသခံများ ထိတွေ့လုပ်ကိုင်မှုများကို စီမံကိန်း အထောက်အကူပြုအဖွဲ့၊ Max Myanmar ကုမ္ပဏီတို့က လုပ်ကိုင် နေကြောင်း ထားဝယ်ဒေသခံအများ စု သိရှိထားသည်။ 

ITD အနေနှင့် ထားဝယ်စီမံကိန်း လုပ်ငန်းအချို့နှင့် ကရင်တိုင်းရင်းသား များ အဓိကနေထိုင်ရာ ထားဝယ် ဒေသအရှေ့ပိုင်း တောင်ပေါ်ဒေသ လမ်းဖောက်လုပ်ခြင်းကြောင့် ဖြစ် ပွားသော မြေယာအငြင်းပွားမှုများ ကို ကိုင်တွယ်သည်။ 



ယင်းသို့ Max Myanmar နုတ်ထွက်ခြင်းနှင့်ပတ်သက်၍-

''Max က ဒေသခံတွေရဲ့ အသံကို ကြားလာလို့ ထွက်လိုက် တာလို့ပြောလို့ရ တယ်”''ဟုထားဝယ် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(DDA) ၏ ရန်ကုန်ညှိနှိုင်းရေးမှုး ဦးဘိုဘိုအောင် က ပြောသည်။ရေနံချက်စက်ရုံ၊ ရေနံဓာတု စက်ရုံများ အပါအဝင် စက်မှုဇုန်များ ပါဝင်သည့် ထားဝယ်စီမံကိန်းသည် ကနဦးရင်းနှီြး မှုပ်နှံမှု အမေရိကန် ဒေါ်လာ ၈ ဒသမ ၆ ဘီလျံရှိပြီး စီမံကိန်းတစ်ခုလုံး၏ တန်ဖိုး အမေရိ ကန်ဒေါ်လာ ၅၈ ဘီလျံရှိမည်ဖြစ်သည်။



နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၏ ဧပြီလဂျပန်ခရီးစဉ်တွင် ထားဝယ် စီမံကိန်းသည် အာရှနိုင်ငံအချို့ အပါ အဝင် အရှေ့တောင်အာရှနိုင်ငံများ အတွက်လည်း အကျိုးရှိနိုင်သည့် အတွက် အမြန်ဆုံးအကောင် အထည်ဖော် ဆောင် ရွက်နိုင်ဖို့ ကြိုး စားနေပြီး ဂျပန်နိုင်ငံကိုလည်း လာ ရောက် ရင်းနှီးမြှုပ်နှံ ကြပါရန် ဖိတ်ခေါ် ခဲ့သည်။ 


ထားဝယ်ဖွံ့ဖြိုးရေးစီမံကိန်း အတွက် ငွေကြေးေ ထာက်ပံ့ ကူညီ နိုင်ရန် ဂျပန်-ထိုင်းနှင့် မြန်မာနိုင်ငံတို့ ပါဝင်သော သုံးနိုင်ငံ ပူးပေါင်းအဖွဲ့ အစည်းတစ်ရပ် ထူထောင်ထားမည် ဖြစ်ပြီး ဂျပန်အစိုးရ ကလည်း ထား ဝယ်အတွက် ချေးငွေကို ဆက်လက် ထုတ်ပေးမည်ဖြ စ်ကြောင်း ဥက္ကဌ ပရီချိုင်း၏ပြောဆိုချက်ကို ကိုးကား၍ ဧပြီလ ၂၈ ရက်ထုတ်Bangkok Post သတင်းတွင်ဖော်ပြထားသည်။ ထားဝယ်စီမံကိန်းနှ င့် ပတ် သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က လည်း ထားဝယ်ဒေသခံများ အမှောင်ချခံထားရကြောင်း ထိုင်း နိုင်ငံ ဘန်ကောက်တွင် ဇွန်လ၁ရက်နေ့ ၌ကျင်းပသည့် နိုင်ငံတကာ စီးပွားရေးဖိုရမ်၌ နိုင်ငံတကာမိသားစုများ အား ပြောကြားခဲ့သည်။


Ref: Popular Myanmar News

0 comments:

Post a Comment