Pages

Wednesday, July 4, 2012

လွှတ်တော်အစည်းအဝေးများကို Sky Net ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဟု ထုတ်ပြန်ထားသော်လည်း နေ့လယ် ၁ နာရီအချိန်ထိ ပြသနိုင်ခြင်းမရှိခဲ့


Photo: ရွေးကောက်ခံရပြီးနောက် ကတိသစ္စာပြုရန် ကျန်ရှိနေသော လွှတ်တော်ကိုယ်စားလှယ်အချို့  ကတိသစ္စာပြု ထွက်ဆိုကြစဉ်
ရွေးကောက်ခံရပြီးနောက် ကတိသစ္စာပြုရန် ကျန်ရှိနေသော လွှတ်တော်ကိုယ်စားလှယ်အချို့  ကတိသစ္စာပြု ထွက်ဆိုကြစဉ် 

ပထမအကြိမ် စတုတ္တပုံမှန် လွှတ်တော်အစည်းအဝေးများကို Sky Net ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဟ
 ထုတ်ပြန်ထားသော်လည်း ယနေ့ နေ့လယ် ၁ နာရီအချိန်ထိ ပြသနိုင်ခြင်းမရှိသေးကြောင်းသိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ Sky Net ရုပ်သံမှ တာဝန်ရှိသူတစ်ဦးက ““ လွှတ်တော်ကျင်းပနေတာကို ရိုက်ကူးပြီး ပြန်ထုတ်လွှင့်ပေး
ဖို့အတွက် စက်ပိုင်းဆိုင်ရာအခက်အခဲ အနည်းငယ်ရှိနေတာကြောင့်မထုတ်လွှင့်ပေးသေးတာပါ။ နောက်ကျ (delay)
 အနေနဲ့ ပြန်လည်ထုတ်လွှင့်ပြသပေးသွားမှာပါ။ တိုက်ရိုက်ပြသနိုင်အောင်တော့ ဆောင်ရွက်ပေးသွားမှာပါ”” ဟု
 ပြောကြားခဲ့သည်။

ယနေ့ကျင်းပနေသည့် လွှတ်တော်အစည်းအဝေးများကို ဇူလိုင်လ ၄ ရက်မှ စတင်၍ လွှတ်တော် Channel အမည်ဖြင့် သီးသန့် လိုင်းတစ်ခုဖြင့်လွှတ်တော်ကျင်းပပြီးစီးချိန်ထိ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည်ဟု Sky Net ရုပ်သံမှ ထုတ်ပြန်ကြေငြာထား
ကြောင်းသိရသည်




0 comments:

Post a Comment