Pages

Wednesday, July 4, 2012

ရိုးရာဝတ်စုံကို အနောက်ဟန်ရောပြီး ရှိုးပွဲဝင်သည့် ပါကစ္စတန်လုံမများ




ပါကစ္စတန် နိုင်ငံတွင် ပါကစ္စတန် ဒီဇိုင်း ကောင်စီက ကြီးမှူး ကျင်းပသော (၂၀၁၂)ခုနှစ်
အပတ်စဉ်ဖက်ရှင်ရှိုးပွဲ
 ကျင်းပခဲ့သည်။ ထိုနိုင်ငံသည် အရောင်သွေးမျိုးစုံ သော ချည်ထည်ပိတ်စထုတ်လုပ်မှုတွင် ကမ္ဘာ့စတုတ္ထအဆင့်တွင်ရှိသည်။



 နိုင်ငံသူ အားလုံးမှာလည်း ရှေးရိုးဓလေ့ဆာရီဝတ် စုံသာဝတ်ကြပြီး၊ ပိတ်စဝယ် အပ်ချုပ် ဆိုင်မှချုပ်ကြသဖြင့် အချိန်ကုန်၊ အဆန်း မဝတ်ရသည့်အပြင် ကမ္ဘာ့ဖက်ရှင်ဒီဇိုင်း လောကကို မဝင်နိုင်ဟုဆိုသည်။

ထို အခက်အခဲများကို ကျော်လွှားနိုင်ရန် ပါကစ္စတန်ဒီဇိုင်းကောင်စီဖွဲ့ပြီး၊ နိုင်ငံ အတွင်းမှ ဒီဇိုင်းပညာရှင်များစုပေါင်းပြီး ရှေးထုံးလည်းမပယ် ခေတ်မီဆန်းသစ် သော ပုံစံရှိအသင့်ဝတ်၊ အဝတ်အထည် များတီထွင်ကာ ဖက်ရှင်ရှိုးပွဲကို နှစ်စဉ် ပြုလုပ်ခဲ့သည်။

ယခုနှစ်ပွဲတွင် ရိုးရာဝတ် စုံနှင့် အနောက်ဟန်တွဲစပ်ထားသည့် ဝတ်စုံ၊ ရိုးရာဝတ်စုံကိုပင် ထပ်ဆင့်တီ ထွင်ထားသည်။ နွေ၊ မိုး၊ ဆောင်း ဝတ်စုံ များကို ပါကစ္စတန်လုံမပျိုတို့က ဝတ်ဆင် ဟန်ရေးပြကြသည်။ နိုင်ငံတကာဝယ် လက်များကို ဖိတ်ကြားပြသထားသော ရှိုးပွဲဖြစ်၍ အမှာစာအော်ဒါအမြောက် အမြားရရှိအောင်မြင်ကြောင်း သတင်းက ဆိုသည်။

Ref : The star News
 BY မန္တလေးအာရုဏ်ဦး ဂျာနယ်

0 comments:

Post a Comment