Pages

Wednesday, July 4, 2012

အောင်မြင်မှုချိုချို အိုး အိုး ဟော့တယ် စိုင်းစိုင်းခမ်းလှိုင်


အရေးနှင့်အဆို အောင်မြင်မှုချိုချို အိုး အိုး ဟော့တယ် စိုင်းစိုင်းခမ်းလှိုင်အရေးနှင့်အဆို အောင်မြင်မှုချိုချို အိုး အိုး ဟော့တယ် စိုင်းစိုင်းခမ်းလှိုင် တေးသီချင်းတစ်ပုဒ် ပေါက်ရင်ဖြင့် လူငယ်ထုရဲ့ ပါးစပ်ဖျား၊ ဒါမှမဟုတ် အချစ်သီချင်း ချိုချိုလေးတွေ
 ဆိုရင်ဖြင့် လူငယ်တွေရဲ့ ဂစ်တာဝိုင်းတွေမှာ ကြားရလေ့ ရှိပါတယ်။ 



  အဲဒီလို အောင်မြင်တဲ့ တေးသီချင်း တစ်ပုဒ်ရဲ့ နောက်ကွယ်က ဖန်တီးသူ တေးရေးဆရာနဲ့ အသက်သွင်းသူ တေးဆိုတို့ရဲ့ အောင်မြင်မှုအပေါ် ခံစားချက်လေးတွေကို တေးသီချင်းချိုချို အောင်မြင်မှုချိုချို ဆိုတဲ့ ကဏ္ဍလေးကနေ တင်ဆက်ဖို့ စီစဉ်ဖြစ်ခဲ့ပါတယ်။


 8 DAYS ရဲ့ တေးချစ် ပရိသတ်တွေလည်း ကြိုက်နှစ်သက်မယ်လို့ ယူဆရင်း တင်ဆက်လိုက်ပါတယ်။ ဒီသီချင်းကို ရေးဖြစ်သွားတာကတော့ မနှစ်က A21 က မအိက A21 Fashion Show ပွဲလုပ်မယ်။ A21 Next ဆိုပြီး ဆပ်ပြာအသစ် ထုတ်မယ်။ အဲဒီပွဲမှာ Performance လုပ်ပေးပါ ဆိုပြီး ပြောတော့ တီးလုံးတစ်ခုကို A21 အတွက် ရေးတယ်။ အဲဒီပွဲမှာလည်း ဆိုတယ်။ နောက် ကိုဘိုဆန်းက သူ့အခွေတစ်ခွေ ထုတ်မယ်။ သီချင်းတစ်ပုဒ် ပေးပါ ဆိုတော့ ကိုယ့်လက်ထဲမှာလည်း တခြားသီချင်း ရေးထားတာလည်း မရှိသေးတော့ အဲဒီ A21 အတွက် ရေးထားတဲ့ သီချင်းတီးလုံးကို အသစ်ပြန်တီးတယ်။ စာသားတွေကိုလည်း ပြန်ပြင်တယ်။ အဲဒီကမှ ဒီသီချင်းလေး ဖြစ်လာတယ်။


 ဒီနာမည်ကလည်း ဘာလို့ ပေးဖြစ်တာလဲ ဆိုတော့ သီချင်းထဲမှာပါတဲ့ စာသား ကောင်မလေးက ဟော့တဲ့အကြောင်း ရေးထားတာ ဆိုတော့ သီချင်း Cho: ဖြစ်တဲ့ အိုး..အိုး.. ဟော့တယ်ကိုပဲ သီချင်းနာမည် ပေးဖြစ်သွားတာပါ။ ဆိုတုန်းကလည်း မိန်းမချောလေးတွေကို မျက်စိထဲ မြင်ယောင်ပြီး ဆိုလိုက်တာပဲ။ တကယ်လည်း Feeling  အပြည့်နဲ့ ဆိုလိုက်တယ်။ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုကို အဆင်ပြေအောင် လုပ်ဖို့ပဲ ဆန္ဒရှိပါတယ်။ 


ပရိသတ် ကြိုက်မယ်လို့လည်း မယုံကြည်ရဲပါဘူး။ သိလည်း သိမထားပါဘူး။ ကျွန်တော်တို့ သီချင်းရေးတဲ့ သူတွေကတော့ သီချင်းကို ကောင်းစေချင်တာပါပဲ။ ပရိသတ်ကိုလည်း ကြိုက်စေချင်ပါတယ်။ အရပ်စကားနဲ့ ပြောရရင်တော့ ပေါက်စေချင်ပါတယ်။ ပေါက်မယ် မပေါက်ဘူး ဆိုတာကတော့ တကယ်ကို မမှန်းရဲတဲ့ ကိစ္စတစ်ခုပါ။

By 8 Days,Myanmar News Now

0 comments:

Post a Comment