Pages

Wednesday, July 4, 2012

လစ်လပ်သွားသော ဒုတိယသမ္မတ နေရာအတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ဇူလိုင်လ ၁၀ ရက် နောက်ဆုံးထားတင်သွင်းရမည်



Photo: ပထမအကြိမ် စတုတ္တပုံမှန် လွှတ်တော်အစည်းအဝေးများကို ယနေ့ ဇူလိုင်လ ၄ ရက်တွင် နေပြည်တော်၌ စတင်ကျင်းပခဲ့သည်။


သမ္မတ သို့မဟုတ် ဒုတိယသမ္မတတစ်ဦး အနားယူခြင်းနှင့် ပတ်သက်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၃ ၊ ပုဒ်မ ၇၂ တွင် နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယသမ္မတ တစ်ဦးဦးသည် မိမိ၏ ရာထူး သက်တမ်းမကုန်ဆုံးမီ ဆန္ဒအလျောက်
 နုတ်ထွက်လိုလျှင် နုတ်ထွက်ခွင့်ပြုရမည် ဟု လည်းကောင်း ၊



 ပုဒ်မ ၇၃ အပိုဒ်ခွဲ(စ) နှင့် (ဆ) တို့တွင် ဒုတိသမ္မတ တစ်ဦးဦးသည် ရာထူးသက်တမ်းမကုန်ဆုံးမီ နုတ်ထွက်သောကြောင့်ဖြစ်စေ၊ 
ကွယ်လွန်သောကြောင့်ဖြစ်စေ၊ ထာဝစဉ်မစွမ်းဆောင်နိုင်သောကြောင့်ဖြစ်စေ ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ
ဒုတိယ သမ္မတရာထူးနေရာလစ်လပ်လျှင် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကျင်းပချိန်ဖြစ်ပါက ယင်းဒုတိယသမ္မတကို ရွေးချယ်တင်မြှောက်ပေးခဲ့သော လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ခုနှစ်ရက်အတွင်း ဒုတိယသမ္မတတစ်ဦး ရွေးချယ်တင်မြှောက်ပေးရေးအတွက်နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ဆောလျင်စွာ 

အကြောင်းကြားရမည်။

ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကျင်းပချိန်မဟုတ်လျှင်ပြည်ထောင်စု လွှတ်တော်အကြီးအမှူးသည် နိုင်ငံတော်သမ္မတ၏ အကြောင်းကြားစာရရှိသည့် နေ့မှစ၍ ၂၁ ရက်အတွင်းပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ခေါ်ယူပြီး
သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ဒုတိယ သမ္မတ တစ်ဦးကို ရွေးချယ်တင်မြှောက်ပေးရေးအတွက် သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်ဟု ဖော်ပြပါရှိသည်။



လစ်လပ်သွားသော ဒုတိယသမ္မတ နေရာအတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက
ဇူလိုင်လ ၁၀ ရက် နောက်ဆုံးထားတင်သွင်းရမည်ဖြစ်သည်။ 



Ref: Popular Myanmar Media:

1 comments:

Anonymous said...

သူတို့လူပဲသူတို့ပေးမှာပေါ့။အမေစုကိုဘယ်ပေးချင်ပါ့မလဲ

Post a Comment