Pages

Wednesday, July 4, 2012

အစ်ကိုဖြစ်သူ ဗျိုက် အကြောင်း အမှတ်တရ ပြည်လည်ပြောသူ နန္ဒ


 လွန်ခဲ့တဲ့ ၈နှစ်က ဆလုံဒေသမှာ ရိုက်ကူးတဲ့ မော်ကွန်းဥဒါန်း ရုပ်ရှင် ဇာတ်ကား ကြီးမှာ နန္ဒာကပါဝင် သရုပ်ဆောင်ခဲ့သလို နန္ဒရဲ့ အစ်ကိုဖြစ်သူ ဗျိုက်ကိုလည်း တွေ့ရ ပါတယ်။ နန္ဒက အစ်ကိုဖြစ်သူ ဗျိုက်နေမကောင်းတဲ့ အတွက် ဒီရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေချိန် ဆလုံဒေသမှာ ပြုစုခဲ့ရပုံနဲ့ အမှတ်တရတွေ ကိုလည်း ပြန်ပြောပြ ခဲ့ပါတယ်။

''အဲဒီတုန်းက တကယ့် ထူးထူးခြားခြား ပေါ့။ သူနေမကောင်းတဲ့အချိန်လေ။ သူအစာ အိမ် အချဉ်ပေါက်တယ်။ ဒီရုပ်ရှင်ကားကြီးက လည်း တည်ပြီးသားဖြစ်နေတော့ ဒီလိုအခွင့် အရေးမျိုးကလည်း ရခဲတယ်ဆိုတော့ သူကလည်း လိုက်မယ်တဲ့။ ဆရာဝန်ပြပြီးတော့ပဲ သွားကြတာပေါ့။ ဒီကားပြန်ကြည့်ရတဲ့အချိန် သူ့ကိုပိုပြီး သတိရ သွားတာက ခရီးကလည်း တအားဝေးတယ်။ အဖော် လည်းခေါ်လို့မရဘူး။ စရိတ်ကလည်း ကြီးတယ်။


 ခြေတံရှည် အိမ်လေး မှာနေရတယ်။ မနက်ဆိုရင် သောင်ပြင်ပေါ်ကို သွား၊ရေနွေးတည် ၊ခေါက် ဆွဲပြုတ် ပြီးကိုယ့်အစ်ကိုကို ပြုစုနေရတယ်။ သူက တော်တော် နေ မကောင်း ဘူး။နားထဲက လေတွေ ထွက်တယ်။ ကိုလူမင်းတို့ မနန္ဒာတို့ ကအစ အကုန် လုံးဝိုင်းဂရုစိုက်ကြပါတယ်။ သူ တစ်ယောက်တည်း လူမမာဖြစ်နေ တဲ့ သဘော ပေါ့''လို့ ဗျိုက်နေမကောင်းလို့ပြုစုခဲ့ရတဲ့ အကြောင်းနန္ဒ ကပြောပါတယ်။

နန္ဒက ဒီ ဇာတ်ကားကို ရိုက်ကူးခဲ့ရတာအဖွဲ့များတဲ့ အတွက် ပျော်ဖို့ကောင်းသလို၊ အိုက်တင်ပိုင်း ကအစ ကိုယ်လုပ်ချင်တာ လုပ်ခဲ့ ရတဲ့အတွက် ဘဝမှာ အမှတ်တရရှိနေမယ့် ဇာတ်ကားတစ် ကားပါပဲ လို့ နန္ဒက ဆိုပါတယ်။ ဒီဇာတ်ကားကြီးက ပရိသတ်တွေ ထိုက် ထိုက်တန် တန် နဲ့ကြည့်ရမယ့် ဇာတ်ကားမျိုး ဖြစ်ပြီး ဒီအချိန်မှာ ပြန်ကြည့်ရတာက လွန်ခဲ့ တဲ့၈နှစ်က စိတ်နဲ့မတူဘဲ ခုချိန်မှာ ဒီလောက် ကောင်းနေရင် လွန်ခဲ့တဲ့ ၈နှစ်ကကြည့်ရရင် ပိုကောင်းမယ်လို့ထင်ကြောင်း နန္ဒက ပြောပါ တယ်။


 ဗျိုက်က ဆလုံကပြန်လာပြီးချိန်မှာ နေပြန်ကောင်းသွားပြီး ဝဝဖြိုးဖြိုးပြန် လာပြီး နောက် ၂နှစ်နေမှ ဆုံးသွားတာဖြစ်ကြောင်း၊ ဒီဇာတ်ကားကြီးဟာ ဗျိုက်ရဲ့နောက်ဆုံးဇာတ် ကားပဲလို့ ပြောရမှာဖြစ်ကြောင်း နန္ဒကပြော ပါတယ်။

နန္ဒက ဒါရိုက်တာကျော်ဇောလင်း ရိုက်ကူးတဲ့ 'ဘာဖြစ်ချင်လဲပြော 'ဇာတ်ကားမှာ လူမင်း၊ရဲအောင်၊မင်းဦး ၊အေသင်ချိုဆွေ တို့နဲ့ သရုပ်ဆောင်ေ နပါတယ်။ဒီဇာတ်ကားမှာ နန္ဒ နဲ့မင်းဦးက လက်ရှိဖြစ်နေတဲ့ပွဲစားတွေအဖြစ် သရုပ်ဆောင်ထားတာပါ။ နန္ဒက ဒီဇာတ်ကား မှာ တစ်ခါမှ မလုပ်ဖူးတဲ့ ဇာတ်ရုပ်မျိုးဖြစ်တဲ့ အတွက် စိတ်ကိုသေချာသွင်းပြီး ကြိုးစား သရုပ်ဆောင် ထားတယ်လို့ ပြောပါတယ်။


 နန္ဒက နောက်လထဲမှာ သူ့ဇာတ် ကားတွေဖြန့်ဖို့ အတွက် နယ်ဈေးကွက်ကို စုံစမ်းနေပြီး၊ ရန်ကုန်ဗီဒီယိုဈေးကွက် က တော်တော်လေး အခြေအနေကောင်းနေပြီဖြစ်ပြီး နယ်ဈေး ကွက် မကောင်းသေးတဲ့အတွက် အခွေဖြန့်ဖို့ စောင့်နေကြောင်း ပြောပါတယ်။

Ref: ခိုင်ဝေလွင်( POPULAR NEWS)

0 comments:

Post a Comment