Pages

Wednesday, July 4, 2012

ရပ်/ကျေး နည်းဥပဒေ မကြာမီ ထွက်ရှိနိုင်ဟု ပြည်ထဲရေး ဒုဝန်ကြီးပြောကြား

ဇွန်လ ၂၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားခဲ့သည့် ရပ်/ကျေး နည်းဥပဒေ မကြာမီ ထွက်ရှိနိုင်ဖွယ်ရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ဇံမြင့် ကပြောကြားလိုက်သည်။

အဆိုပါ နည်းဥပဒေတွင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ အား တရားဝင် လစာအဖြစ် တစ်လ ကျပ် ၇ သောင်း ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးများ အတွက် တစ်လ အသုံးစရိတ် ကျပ် ငါးသောင်း အဖြစ် နှုန်းထားသတ်မှတ်ချက်ပါဝင်ကာ တစ်နိုင်ငံလုံးရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရုံးများအတွက် အသုံး စရိတ် ကျပ် သန်းပေါင်း နှစ်ထောင့်လေးရာကျော် သုံးစွဲမည် ဟု ပါရှိကြောင်း သိရသည်။ 



ယင်းနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးကျော်ဇံမြင့်က ဇူလိုင် ၄ ရက် နေ့တွင် စတင်ကျင်းပသည့် ပထမအကြိမ် လွှတ်တော် စတ္ထုထ ပုံမှန် အစည်းအဝေး ၌ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးအောင်သိန်းလင်း၏ မေးမြန်းချက် အပေါ် ပြန်လည်ဖြေကြားချက် အရ သိရခြင်းဖြစ် သည်။

"ရပ်/ကျေး ဥပဒေက ၂၀၁၂ မတ်လ ၂၈ ရက် နေ့က နိုင်ငံတော် သမ္မတက ထုတ်ပြန်ပြီး ဖြစ်ပါတယ် ၊ နည်းဥပဒေက ပြည်ထောင်စုလွှတ်တော် တရား လွှတ်တော် ချုပ်ရုံး မှာ တင်သွင်း ထားခဲ့ပြီ ဖြစ်ပါတယ် ၊ ပြည်ထောင်စု အစိုးရ အဖွဲ့က အတည်ပြုချက်ရယူပြီး ထုတ်ပြန်သွားမှာ ဖြစ်ပါတယ် " ဟု ပြည်ထဲရေး ၀န်ကြီးဌာန ဦးကျော်ဇံမြင့် က ပြန်လည် ဖြေကြားခဲ့သည်။


Ref: ဝေမာသိမ့် Yangon Media

0 comments:

Post a Comment