Pages

Wednesday, July 4, 2012

ကျောင်းသားသမဂ္ဂအဆောက်အဦဖြိုခွဲခံရတဲ့ 7 July နှစ် ၅၀ ပြည့် အခန်းအနားကျင်းပရေးစီစဉ်နေတဲ့ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်


Photo: ကျောင်းသားသမဂ္ဂအဆောက်အဦဖြိုခွဲခံရတဲ့ 7 July နှစ် ၅၀ ပြည့် အခန်းအနားကျင်းပရေးစီစဉ်နေတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က-ဥက္ကဋ္ဌ ကိုကျော်ကိုကို - ကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း - က ဒီနေ့ညနေ မှာ ခေါ်ယူတွေ့ဆုံပြီး အခန်းအနားကိစ္စတွေမေးမြန်းတယ်လို့ သိရပါတယ်။

ဒီလိုမေးမြန်းတဲ့အခါ အခန်းအနားစီစဉ်သူတွေအနေနဲ့ အဲဒီနေ့မှာ လမ်းပေါ်ထွက် ချီတက်တာမျိုး မဟုတ်ဘဲ အဆောက်အဦတခုထဲမှာဆိုရင် သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ ခွင့်ပြုနိုင်ချေရှိတယ် လို့ ဗိုလ်မှူးကြီးတင်ဝင်း - ကပြောဆိုတဲ့အကြောင်း ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကိုက RFA ကိုပြောပါတယ်။

"ရခိုင်ဒေသလို ကိစ္စမျိုးတွေ ဖြစ်နေတဲ့ အချိန်မှာ လုံခြုံမှု ကင်းမဲ့တယ်လို့ ယူဆ၇တဲ့ အတွက် လမ်းပေါ်မှာ လူစုလူဝေးနဲ့ လှုပ်ရှားမှုတွေ ဖြစ်လာမှာကို စိုးရိမ်တယ်။ ဒါကြောင့် လမ်းပေါ်ထွက် ချီတက်တာမျိုး လုပ်တာ သူတို့ အနေနဲ့ ခွင့်မပြုနိုင်ဘူးလို့ ဆိုတယ်။ အမိုးအကာအောင်မှာ လုပ်ချင်တဲ့ ဆန္ဒရှိတယ် ဆိုရင် စဉ်းစားမယ်။ တော်ဝင်ခန်းမမှာ လုပ်ခွင့်ရဖို့ ၀နကြီးချုပ်ကို ပြန်တိုင်ပင်မယ် ဆိုတဲ့ ကတိတခုတော့ ရခဲ့တယ်ဗျ။"

ဗကသများအဖွဲ့ချုပ် အနေနဲ့ 7 July အခန်းအနားကျင်းပဖို့စီစဉ်တာဟာ
 မြန်မာနိုင်ငံမှာအမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တခုကို အမှတ်တရ အနေနဲ့ပြုလုပ်ဖို့စီစဉ်တာဖြစ်တယ်လို့ ပြန်လည်ရှင်းပြခဲ့တဲ့ အကြောင်း ကိုကျော်ကိုကိုကပြောပါတယ်။

သမဂ္ဂဖြိုခွဲခံရခြင်း နှစ် ၅၀ ပြည့် ကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပဖို့ ဗကသများအဖွဲ့ချုပ် က ပြင်ဆင်နေပြီး၊ ဒီအခန်းအနား 
ဖြစ်မြောက်ရေးအတွက် စိတ်ပါဝင်စားတဲ့ပြည်သူတွေက အလှူငွေ ထည့်ဝင်နေကြပါတယ်။
ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို
ကျောင်းသားသမဂ္ဂအဆောက်အဦဖြိုခွဲခံရတဲ့ 7 July နှစ် ၅၀ ပြည့် အခန်းအနားကျင်းပရေးစီစဉ်နေတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က-ဥက္ကဋ္ဌ ကိုကျော်ကိုကို - ကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း - က ဒီနေ့ညနေ မှာ ခေါ်ယူတွေ့ဆုံပြီး အခန်းအနားကိစ္စတွေမေးမြန်းတယ်လို့ သိရပါတယ်။

ဒီလိုမေးမြန်းတဲ့အခါ အခန်းအနားစီစဉ်သူတွေအနေနဲ့ အဲဒီနေ့မှာ လမ်းပေါ်ထွက် ချီတက်တာမျိုး မဟုတ်ဘဲ အဆောက်အဦတခုထဲမှာဆိုရင် သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ ခွင့်ပြုနိုင်ချေရှိတယ် လို့ ဗိုလ်မှူးကြီးတင်ဝင်း - ကပြောဆိုတဲ့အကြောင်း ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကိုက RFA ကိုပြောပါတယ်။

"ရခိုင်ဒေသလို ကိစ္စမျိုးတွေ ဖြစ်နေတဲ့ အချိန်မှာ လုံခြုံမှု ကင်းမဲ့တယ်လို့ ယူဆ၇တဲ့ အတွက် လမ်းပေါ်မှာ လူစုလူဝေးနဲ့ လှုပ်ရှားမှုတွေ ဖြစ်လာမှာကို စိုးရိမ်တယ်။ ဒါကြောင့် လမ်းပေါ်ထွက် ချီတက်တာမျိုး လုပ်တာ သူတို့ အနေနဲ့ ခွင့်မပြုနိုင်ဘူးလို့ ဆိုတယ်။ အမိုးအကာအောင်မှာ လုပ်ချင်တဲ့ ဆန္ဒရှိတယ် ဆိုရင် စဉ်းစားမယ်။ တော်ဝင်ခန်းမမှာ လုပ်ခွင့်ရဖို့ ၀နကြီးချုပ်ကို ပြန်တိုင်ပင်မယ် ဆိုတဲ့ ကတိတခုတော့ ရခဲ့တယ်ဗျ။"

ဗကသများအဖွဲ့ချုပ် အနေနဲ့ 7 July အခန်းအနားကျင်းပဖို့စီစဉ်တာဟာမြန်မာနိုင်ငံမှာအမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့
 ဖြစ်ရပ်တခုကို အမှတ်တရ အနေနဲ့ပြုလုပ်ဖို့စီစဉ်တာဖြစ်တယ်လို့ ပြန်လည်ရှင်းပြခဲ့တဲ့ အကြောင်း ကိုကျော်ကိုကိုကပြောပါတယ်။

သမဂ္ဂဖြိုခွဲခံရခြင်း နှစ် ၅၀ ပြည့် ကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပဖို့ ဗကသများအဖွဲ့ချုပ် က ပြင်ဆင်နေပြီး၊ ဒီအခန်းအနား ဖြစ်မြောက်ရေးအတွက် စိတ်ပါဝင်စားတဲ့ပြည်သူတွေက အလှူငွေ ထည့်ဝင်နေကြပါတယ်။

Ref: RFA (Burmese)

0 comments:

Post a Comment