Pages

Wednesday, July 4, 2012

အိမ်ထောင်ရေးမှာ မအောင်မြင်တာ ညံ့တယ်လို့ မြင်ပါတယ် စိုးမြတ်သူဇာ



အနုပညာ သမားတွေဟာ အိမ်ထောင်ရေး ကံမကောင်း တတ်ဘူးလို့ ထင် မြင်သူ၊
မှတ်ချက်ချသူတွေရှိတာကြောင့်၊ 
အကယ်ဒမီ စိုးမြတ်သူဇာရဲ့ အမြင်ကို မေးကြည့်တော့ သူမပြန်လည်ဖြေကြားလာ တဲ့စကားလုံးတွေက အမြဲမှတ်မှတ်ရရ ဖြစ် စရာကောင်းနေတာကြောင့်၊ ပရိသတ်ကြီးဖတ်ရှုရန်အတွက် ဖော်ပြပေးလိုက်ရ ပါတယ်။


" အနုပညာသမားတွေကို အိမ်ထောင်ရေး ကံမကောင်းဘူးလို့ ပြောကြ ပါတယ်။ ကျွန်မကတော့ ဒီလိုဖြစ်လာတာဟာ ကံနဲ့လည်းဆိုင်သလို၊ ကိုယ့် လုပ်ရပ်နဲ့လည်း ဆိုင်တယ်လို့ယူဆပါ တယ်။ ကိုယ် ကောင်းကောင်းနေ ပေမယ့် တစ်ဖက်က မကောင်းမြင် တာမျိုးလည်း ရှိတတ်ပါတယ်။ အောင်မြင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်နိုင်တဲ့ အနုပညာ သမားတွေလည်း အများကြီးပါ။


 သူ တို့ကိုတော့ ကျွန်မလေးစားရပါတယ်။ မကောင်းတာကို ဘယ်သူမှမလိုချင်ပေ မယ့်၊ ကိုယ့်ဆီရောက်လာမှတော့ ရင် ဆိုင်ရတာပါပဲ။ အနုပညာကို အောင် မြင်အောင် ဖန်တီးနိုင်ပေမယ့်၊ အိမ် ထောင်ရေးမှာ မအောင်မြင်တာ ကိုတော့ ကျွန်မ ကိုယ်ကျွန်မညံ့ တယ်လို့မြင်ပါတယ်။ 


ဒါကြောင့် ပြီးတာတွေထက် လက်ရှိ အခြေအနေကိုပဲ အကောင်း ဆုံးဖြစ်အောင် ကျွန်မတည် ဆောက်နေပါတယ်။ အဓိပ္ပာယ်ရှိတာကိုပဲ လုပ်ပါတယ် ဘယ်သူ့ကိုမှ အနိုင် မယူသလို ဘယ်သူ့ ကိုမှလည်း အရှုံးမပေး တဲ့ လူမှုဆက်ဆံရေး ကို ကျင့်သုံးနေပါ တယ်"။

Ref: မန္တလေးအာရုဏ်ဦး

0 comments:

Post a Comment