Pages

Wednesday, July 4, 2012

သီချင်းဆိုရင်ကြုံရတဲ့ အခက် အခဲတွေက သရုပ်ဆောင်လုပ်ရင်းကြုံရတဲ့ အခက်အခဲတွေနဲ့ယှဉ်လိုက်ရင် နည်းသေးတယ်လို့ဆိုတဲ့ ဆုပန်ထွာ


သရုပ်ဆောင် ရိုတ သီဆိုထားတဲ့ စပွန်ဆာ တေး စီးရီးကို ဗီစီဒီ ရိုက်ကူးတဲ့ အခါ၊သရုပ်ဆောင်အတော် များများက ကူညီ
 သရုပ်ဆောင် ပေးကြတာ သတိထား မိပါတယ်။ စပွန်ဆာဗီစီဒီမှာ ပါဝင်သရုပ်ဆောင်ပေးသူ တစ်ဦးဖြစ်တဲ့ ဆုပန်ထွာက
“ရိုတရဲ့စီးရီးဗီစီဒီရိုက် တယ်ဆိုတော့ အတော်များများက ရိုတကိုချစ်ခင်စိတ်နဲ့ သရုပ်ဆောင်ပေးကြတာပေါ့နော်။



 ရိုတကအနုပညာနဲ့ ပတ်သက်လာရင် ဇွဲ၊ ဝီရိယအပြည့်ပဲ။ မပန်တို့က တောင် နောက်နေတာ။ နင်က စပွန်ဆာရလို့ သီချင်း တွေဆိုနေပြီပေါ့လို့ နောက်နေတာ။ သူကပွင့်ပွင့် လင်းလင်းပဲ။ သူ့မှာ စပွန်ဆာရှိတယ်။ သူ့စပွန်ဆာက ပရိသတ်တဲ့။
ပရိသတ်တွေဆီကရတဲ့ အနုပညာကြေး တွေစုပြီး သူခွေလုပ်တာတဲ့။ သူ့ရဲ့အနုပညာချစ်စိတ်၊ ပရိသတ်တွေကို ကျေးဇူးတုံ့ပြန်တဲ့စိတ်ကို လေးစား တာပေါ့နော်။ ပြီးတော့ မပန်က ပိုကိုယ်ချင်းစာ တယ်။ 


သရုပ်ဆောင်လုပ်နေတဲ့ တစ်ဖက်ကနေ၊ ဝါသနာအရ သီချင်းတွေဆိုတယ်။ ခွေထွက်ဖို့ဆိုတာ အတော်မလွယ်တဲ့ကိစ္စပါ မပန်တို့သီချင်းတွေဆိုတယ်။

ခွေထုတ်တဲ့အခါမှာ အားပေးသူတွေရှိသလိုပဲ၊ အမြင်အမျိုး မျိုးရှိနေသူတွေလည်း အများကြီးပါပဲ။ ပိုက်ဆံတွေပေါလို့နေမှာပေါ့ဆိုတဲ့ အမြင် ရှိနေသူတွေရှိသလိုပဲ၊ အခြားမင်းသမီးတွေသီချင်းဆိုလို့ လိုက်ဆိုတာနေမှာပေါ့ဆိုတာ မျိုးတွေလည်းရှိတယ်လေ။ အမှန်တော့ သီချင်းဆိုရတာထက် ခွေထွက်ဖို့ အစအဆုံး စီစဉ်ရတာStress အတော်များတယ်။ 


အတော်မလွယ်တဲ့ကိစ္စပဲ”လို့ ပွင့်လင်းစွာပြောပြ လာပါတယ်။ ဆက်လက်ပြီး ဆုပန်ထွာကိုခွေထွက်တာ အတော်မလွယ်တဲ့ကိစ္စ၊Stress များတဲ့ကိစ္စဆိုတော့ တစ်ခွေတည်းနဲ့လန့်နေပြီလားလို့ မေးကြည့်တော့---

“မလန့်ပါဘူး။Stress များတယ်ဆိုပေမယ့် ဒုတိယခွေဆက်လုပ်နေပါတယ်။ သရုပ်ဆောင်တဲ့ဘက်မှာလိုပေါ့။ တို့တွေကစဝင်လာကတည်းကနေ ခုချိန်ထိပေါ့။ အနုပညာသမား၊ ကြုံရတဲ့ အခက်အခဲတွေဆိုတာ ပြောမနေပါနဲ့တော့။ စာဖွဲ့မယ်ဆိုရင် စာတစ်ပုဒ်မကလို့ စာတစ်အုပ်တောင်မကပါဘူး။


 စာဖွဲ့မယ်သူတောင် လက်ညောင်း သွားမှာ (ရယ်လျက်)---။မပန်တို့က ပြုံးပြုံးပဲ။ အရေထူနေပြီ။ ဒီလိုပဲ။ ဂီတဘက်မှာ
 လည်း အရေထူအောင်ကြိုးစားနေပါတယ်။ သီချင်းဆိုရင်ကြုံရတဲ့ အခက် အခဲတွေက သရုပ်ဆောင်လုပ်ရင်းကြုံရတဲ့ အခက်အခဲတွေနဲ့ယှဉ်လိုက်ရင် နည်းပါသေးတယ်။ ပမွှားလေးတွေပါပဲ”လို့ အဖြေပေးခဲ့ပါတယ်။

ZPPM
BY မန္တလေးအာရုဏ်ဦး အနုပညာဂျာနယ်

0 comments:

Post a Comment