Pages

Thursday, July 5, 2012

အချစ်က လန်းတယ်



လူပျိုကြီးကိုကြံကောင်း ၊ အပျိုကြီး ဒေါ်မျိုးမမ တို့ကို အခြေံခံရိုက်ကူးထားသော ဟာသဇာတ်လမ်း ဖြစ်သည်။ သမားရိုးကျ
ဇာတ်လမ်းဟု သတ်မှတ်လျှင်လည်း ရသည်။ သို့သော် သမားရိုးကျမဆန်သော သရုပ်ဆောင်များ၏ သရုပ်ဆောင်ကွက်များကြောင့် အချစ်ကလန်းတယ် ဆိုသော ဇာတ်ကားသည် ပရိသတ်တို့ တန်းတန်းစွဲအားပေးကြသောဇာတ်လမ်းကောင်းတစ်ခုဖြစ်လာခဲ့သည်။



 ညီမ ၃ယောက်နှင့် တူသုံးယောက် ပိုင်ရှင်နှစ်ယောက်တို့၏ အသက်ကြီးမှ ဝက်သက်ပေါက်သော ဇာတ်လမ်းမျိုးဖြစ်ပြီး အဒေါ်
အပျိုကြီးကို အစွံထုတ်ရင်း အသီးသီးချစ်သူရခဲ့ကြသော တူ (၃)ယောက်အဖြစ် မင်းမော်ကွန်း၊ ထွန်းထွန်း၊ မိုးအောင်ရင် တို့မှ ပါဝင်သရုပ်ဆောင်ထားသည်။


 ဒေါ်မျိုးမမ ၏ တူ (၃) ယောက်လုံးနှင့် ချစ်ကြိုက်မိသည့် ညီအစ်မ (၃) ယောက်အဖြစ် သက်မွန်မြင့် ၊ မယ်လိုဒီ ၊ စိုးပြည့်သဇင် တို့မှ သရုပ်ဆောင်ထားသည်။ လူငယ်ကြိုက် ဟာသဇာတ်လမ်းဖြစ်ပြီး ၀တ္ထု ခင်ဦးခင်ခင် ၊ ဇာတ်ညွှန်း လွင်မင်းအံ့ တို့မှ ပြုလုပ်ပေးထားပြီး အဓိက သရုပ်ဆောင်များဖြစ်သည့် လူပျိုကြီး ကိုကြံကောင်းအဖြစ် ခန့်စည်သူနှင့် အပျိုကြီး ဒေါ်မျိုးမမ အဖြစ် စိုးမြတ်သူဇာတို့မှ အကောင်းဆုံး သရုပ်ဆောင်ထားကာ ဒါရိုက်တာ ညီညီထွန်းလွင် မှ ရိုက်ကူးတင်ဆက်ထားကြောင်း သိရှိရပါသည်။


Ref: Planet Myanmar:



1 comments:

Anonymous said...

ကျေးဇူးပါ

Post a Comment