Pages

Monday, October 13, 2014

အိန္ဒိယနိုင်ငံအရှေ့ဘက်ကမ်း Visakhapatnam ဆိပ်ကမ်းမြို့ကို ဗဟိုပြုပြီးဆိုင်ကလုန်းမုန် တိုင်းတိုက်ခတ်၊ ၆ ဦး သေဆုံး


RangonNewsDaily:: October . 13 .2014
အိန္ဒိယနိုင်ငံအရှေ့ဘက်ကမ်းက Visakhapatnam ဆိပ်ကမ်းမြို့ကို ဗဟိုပြုပြီး အောက်တိုဘာ ၁၂ ရက်နေ့က Hudhud ဆိုင်ကလုန်းမုန်တိုင်း စတင်ဝင်ရောက်ခဲ့ပြီး သေဆုံးသူအနည်းဆုံး ၆ ဦး သေဆုံးခဲ့ပါတယ်။
လေတိုက်နှုန်း တနာရီကို ၁၂၀ ကျော်ရှိပြီး ပင်လယ်ရေ ၁ မီတာကနေ ၂ မီတာအမြင့်ထိ တက်နိုင်တာကြောင့် မြို့ပတ်ဝန်းက မြေနိမ့်ပိုင်းတွေ ရေနစ်မြုပ်နိုင်တယ်လို့ အိန္ဒိယမိုးလေ၀သဌာနက ခန့်မှန်းထားပါတယ်။

အမေရိကန် နဲ့ ဥရောပကော်မရှင်ရဲ့ ကမ္ဘာ့ရာသီဥတုဆိုင်ရာ သတိပေးချက်ထုတ်ပြန်ရေးအဖွဲ့ကြီးကတော့ လေတိုက်နှုန်း တနာရီ ၁၃၁ မိုင်နဲ့ မုန်တိုင်းအဆင့် ၄ လို့ တွက်ချက်ထားပြီး ပျက်စီးဆုံးရှုံးမှု များပြားမယ်လို့ ခန့်မှန်းထားပါတယ်။
::
ပြည်နယ်အတွင်း မြေနိမ့်ပိုင်းနေ ဒေသခံ ၁ သိန်းခွဲကို ဘေးကင်းရာဒေသတွေကို ပြောင်းရွှေ့ထားပြီးဖြစ်ပါတယ်။

ဒီနေ့နှောင်းပိုင်းမှာတော့ မုန်တိုင်းဟာ လေတိုက်နှုန်း မိုင် ၄၀ အောက်အထိကျ သွားမယ်လို့ အိန္ဒိယမိုးလေ၀သဌာနက ခန့်မှန်းထားပေမယ့် မိုးကတော့ ဆက်ပြီး အသည်းအသန်ရွာ သွန်းနိုင်တယ်လို့ ဆိုပါတယ်။
::
Hudhud ဆိုတဲ့ မုန်တိုင်းနာမည်ကတော့ အိုမန်နိုင်ငံက ပေးထားတဲ့အမည်ဖြစ်ပြီး အမောက်ပါ ငှက်တမျိုးရဲ့ အမည်လို့ သိရပါတယ်။

DVB ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment