Pages

Monday, October 13, 2014

ပျောက်ဆုံးတောင်တက် သမားနှစ်ဦး အတွက် ဝေဟင်ရှာဖွေရေးပါ ရပ်ဆိုင်းလိုက်ပြီ

RangonNewsDaily:: October . 13 .2014
ခါကာဘို ရာဇီတောင်တွင် ပျောက်ဆုံး နေဆဲဖြစ်သည့် တောင်တက် သမားနှစ်ဦး အတွက် ဝေဟင်ရှာ ဖွေရေးကို ရပ်ဆိုင်းလိုက် ပြီဖြစ်သည့်အတွက် အောက်တိုဘာ ၁၂ရက်တွင် ၄င်းအဖွဲ့များ ရန်ကုန်သို့ ရောက်ရှိပြီဖြစ်သည်ဟု ထူးဖောင်ဒေးရှင်းမှ ပြန်ကြားရေးတာဝန်ခံ ဦးဖြိုးကိုကိုသက် က မဇ္ဈိမကို ပြောသည်။
ဝေဟင်ရှာ ဖွေရေးအဖြစ် ထူးဖောင်း ဒေးရှင်းမှ B3 ရဟတ် ယာဉ်(၂)စီး၊ တပ်မတော်လေမှ MI 17 ရဟတ်ယာဉ် တစ်စီးတို့ဖြင့် ဝေဟင်မှ သတ်မှတ် ထားသည့် လမ်းကြောင်းများအတိုင်း ပျံသန်းရှာဖွေမှုကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

ထောင်ထိပ်တွင် ဆီးနှင်းများ ထူထပ်နေခြင်းကြောင့် ထပ်မံရှာဖွေပါက အသက်အန္တရာယ်ထိခိုက်မှုများ ကြုံတွေ့ လာနိုင်ခြင်းတို့ကြောင့်ထူး ဖောင်ဒေးရှင်းအနေ ဖြင့် ဝေဟင်ရှာဖွေရေးလုပ်ငန်းများ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည် ဟု ဦးဖြိုးကိုကိုသက်က ဆိုသည်။

“ရှာဖွေရေးမှာပါဝင်ခဲ့တဲ့ ရဟတ်ယာဉ်တွေကို ပြုပြင်ထိန်းသိမ်းတဲ့အပိုင်းတွေပြန်လုပ်ရဦးမယ်။ ရဟတ်ယာဉ် မှူးတွေလဲ ထိခိုက်ဒဏ်ရာ ရခဲ့တယ်။ ထပ်ရှာမယ် ဆိုရင်လဲ ရာသီ ဥတုဆိုးရွားနေတာကြောင့် အန္တရာယ်ထပ် ဖြစ်မှာ စိုးရိမ်ရတယ်။ ဒါကြောင့် ရပ်ဆိုင်းလိုက်တာပါ” ဟု ၎င်းက ပြောသည်။

ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ခြင်းရှိ၊မရှိကိုမူ ထူးဖောင်ဒေးရှင်းနာယကဦးတေဇ၏လမ်းညွှန်ချက်ပေါ်မူတည်၍သတင်းထုတ်ပြန်မည်ဖြစ်သည်။

ခါကာဘိုရာဇီတောင်ပေါ်သို့ သဘာဝခေါ်သံဖောင်ဒေးရှင်းအထောက်အပံ့ဖြင့် တက်ရောက်ခဲ့သည့် ကိုဝေယံ မင်းသူနှင့် ကိုအောင်မြင့်မြတ်တို့နှစ်ဦးမှာ သြဂုတ် လ ၃၁ ရက်က တောင်ထိပ်သို့ ရောက်ရှိကာ မြန်မာနိုင်ငံအလံ စိုက်ထူပြီးနောက် ယခုထိပျောက်ဆုံးနေခြင်းဖြစ်သည်။


Mizzima , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment