Pages

Monday, October 13, 2014

ထိုင်းနိုင်ငံသို့ သွားရောက်ရန် ဖမ်းဆီးခံထားရသည့် မြန်မာလုပ် သားနှစ်ဦး၏ မိဘများ ရန်ကုန်သို့ ရောက်ရှိ


RangonNewsDaily:: October . 13 .2014
ဗြိတိန်နိုင်ငံသားစုံတွဲနှစ်ဦးသေဆုံးမှုတွင် လူသတ်မှုဖြင့် ဖမ်းဆီးခံနေရသူ မြန်မာလုပ်သား နှစ်ဦး၏ မိဘများသည် ထိုင်းနိုင်ငံသို့သွားရောက် ရန် အောက်တိုဘာ ၁၂ ရက်က ရန်ကုန်သို့ရောက်ရှိခဲ့သည်။
ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် သားဖြစ်သူ မောင်ဝင်းဇော်ထွန်းအား သွားရောက်တွေ့ဆုံ ရန် အောက်တိုဘာ ၁၂ရက်ကရန်ကုန်သို့ ရောက် ရှိလာသည့် ဖခင်ဖြစ်သူ ဦးထွန်းထွန်းထိုက် အား မီဒီယာများ၏ မေးမြန်းမှုကို ဝမ်းနည်းကြေကွဲစွာ ဖြေကြားနေသည်ကို တွေ့ရစဉ်၊(ဓာတ်ပုံ- ဘိုဘို၊ မဇ္ဈိမ)

ရခိုင်လူမှု အဖွဲ့အစည်းများ၏ အကူအညီဖြင့် ဖမ်းဆီးခံရသူ ကိုဝင်းဇော်ထွန်း၏ ဖခင်ဖြစ်သူ ဦးထွန်းထွန်းထိုက်၊ မိခင်ဖြစ်သူဒေါ်မေသိန်းနှင့် ကိုဇော်လင်းဦး၏ မိခင်ဖြစ်သူဒေါ်ဖြူချေနုတို့ ရောက်ရှိလာခြင်းဖြစ်သည်။

ဦးထွန်းထွန်းထိုက်က “ဒီက အဖွဲ့အစည်းတွေကသားနဲ့တွေ့ဖို့ တာဝန်ယူတယ်လို့ဆိုတယ်၊ သူ့အမေက တအားငိုပြီး တက်တတ်လို့ သားလွတ်ပြီလို့ပြောထားတယ်” ဟု ဦးထွန်းထွန်းထိုက်က မဇ္ဈိမကိုပြောသည်။

ရခိုင်အမျိုးသားကွန်ရက်၊ကျောက်ဖြူ လူမှုကွန်ရက်နှင့် အလှူရှင်များကထိုင်းနိုင်ငံသို့သွားရောက်ရန် ကူညီကြ မည်ဖြစ်ပြီးလက်ရှိတွင်ရန်ကုန်မြို့၊ တောင်ဒဂုံမြို့ နယ်ရှိ ထွန်းသွင် ဘုန်းကြီးကျောင်းတွင် တည်းခိုမည်ဖြစ်သည်။ကိုဇော်လင်းဦး၏ မိခင်ဒေါ်ဖြူချေနုက “ပြန်လွတ်စေချင်တယ်”ဟု ဆိုသည်။

၎င်းတို့သည် ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်ရှိ ကာပီချောင်းကျေးရွာနှင့် မိချောင်းရေသောက်ကျေးရွာတွင် နေထိုင်ကြသူများဖြစ်သည်။

ထိုင်းနိုင်ငံ၊ စူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း(လိပ်ကျွန်း)တွင် စက်တင်ဘာ ၁၅ရက်က ဗြိတိန်နိုင်ငံသား စုံတွဲနှစ်ဦး သေဆုံးမှုတွင် မြန်မာလုပ်သားနှစ်ဦးဖြစ် သည့် မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းဦးတို့ ကျူးလွန်းသည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပြီး အမှုမခိုင်လုံဟုဆိုကာ ထိုင်းဥပဒေရုံးက အောက်တိုဘာ ၈ရက်တွင် ပယ်ချထားသည်။

Mizzima , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment