Pages

Monday, October 13, 2014

ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၆/၃-၄)ကြားတွင် စက်ချို့ယွင်း၍ လမ်းဘေးချ ရပ်ပြီးပြုပြင်နေသည့် “ဇေယျာရွှေပြည်” ခရီးသည်တင်မှန်လုံယာဉ်အား အရှိန်မထိန်းနိုင်သော ယာဉ်က ၀င်ရောက်တိုက်မိ


RangonNewsDaily:: October . 13 .2014
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၁ နာရီအချိန် ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၆/၃-၄)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ဘောနတ်ကြီး အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ 
စစ်ဆေးချက်အရ ရန်ကုန်မှနေပြည်တော်သို့ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ပူတူးကျေးရွာနေ မျိုးသန့်(၃၁)နှစ်မောင်းနှင်လာသော 1I/xxxx ၀က်စ်ဂွန်မီးခိုးရောင် ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ စက်ချို့ယွင်း၍ လမ်းဘေးချရပ်ပြီး ပြုပြင်နေသည့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ (၁၆)ရပ်ကွက်နေ ထင်ကျော်(၃၄)နှစ်မောင်းနှင်သော 1F/xxxx “ဇေယျာရွှေပြည်” ခရီးသည်တင်မှန်လုံယာဉ်၏နောက်ပိုင်းအား ၀င်ရောက်တိုက်မိခဲ့ကြောင်း သိရှိရသည်။
::
ထိုသို့တိုက်မိမှုကြောင့် 1F/xxxx ခရီးသည်တင်ယာဉ်၏ နောက်ဘန်ဘာပိန်ချိုင့်၊ စက်ဖုံးပြုတ်
ထွက်၍ တန်ဘိုးငွေကျပ် (၁၅)သိန်းခန့်နှင့် 1I/xxxx ၀က်စ်ဂွန်ယာဉ်၏ ရှေ့လေကာမှန်ကွဲ၊ ရှေ့ခေါင်းပိုင်းပိန်ချိုင့်၍ တန်ဘိုး ငွေကျပ်(၃၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး မျိုးသန့်တွင် ဒဏ်ရာ
များရရှိခဲ့သဖြင့် ပဲခူးဆေးရုံသို့ တင်ပို့ကုသခဲ့ကာ ၎င်းအား ဘောနတ်ကြီးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၂၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment