Pages

Monday, October 13, 2014

တနင်္သာရီတိုင်းဒေသကြီး ထားဝယ် မြို့ လမ်းဆုံကြီး မီးပွိုင်ထိန်းချုပ်စက် ခိုးသူဟုယူဆရသူကို ရှစ်ရက်အကြာတွင် ဖမ်းမိ

RangonNewsDaily:: October . 13 .2014
တနင်္သာရီတိုင်းဒေသကြီး ထားဝယ် မြို့ လမ်းဆုံကြီးမီးပွိုင့်တွင် အောက် တိုဘာ ၂ ရက် ညက ပျောက်ဆုံးသွား သော မီးပွိုင့်ထိန်းချုပ်စက်နှင့် သတိ ပေးအသံလွှင့်စက်တို့ကို လုံခြုံရေးကင် မရာမှ ရိုက်ကူးထားသောမှတ်တမ်း ဓာတ်ပုံအကူညီဖြင့် အောက်တိုဘာ ၁ဝ ရက်တွင် တရားခံဟုယူဆရသူ နှစ်ဦးကို ဖမ်းမိခဲ့ကြောင်း ထားဝယ်မြို့ မရဲစခန်းထံမှ သိရသည်။
လုံခြုံရေးကင်မရာမှ ရိုက်ကူး ထားသော မှတ်တမ်းဓာတ်ပုံရှိ ဆိုင် ကယ်ပုံစံကို လိုက်လံစုံစမ်းရာမှ ထား ဝယ်မြို့ ကြက်စားပြင်ရပ်ကွက်နေ အ သက် ၂၇နှစ်အရွယ် အမျိုးသားတစ် ဦးနှင့် ဘုမ္မော်ရပ်ကွက်နေ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ကို ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း အ ထက်ပါရဲစခန်းထံမှ သိရသည်။

ပညာပေးသတိပေးစက်ကို အိမ် တွင် သိမ်းဆည်းထားပြီး မီးပွိုင့် ထိန်းချုပ်စက် (Main Control Box)) ကို ထားဝယ်မြစ်ထဲလွှင့်ပစ်ခဲ့သည် ဟု အသက် ၂၇ နှစ်အရွယ်ရှိသည့် အမျိုးသားကဝန်ခံခဲ့သည်ဟု ထား ဝယ်မြို့ ရဲစခန်း မှတ်တမ်းတွင် ဖော် ပြထားသည်။
::
လက်ရှိတွင် ထားဝယ် တရားရုံးတွင် ချုပ်မိန့်တောင်းခံထား ပြီး တရားစွဲရန် ဆက်လက်ဆောင် ရွက်နေကြောင်း အထက်ပါရဲစခန်း က ပြောသည်။

Dawei Watch ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment