Pages

Monday, October 13, 2014

ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၅၇/၁-၂)ကြားတွင် အရှိန်မထိန်းနိုင်သောယာဉ် တိမ်းမှောက်သဖြင့် ဒဏ်ရာရ


RangonNewsDaily:: October . 13 .2014
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့ ည ၉ နာရီအချိန် မန္တလေးတိုင်း ဒေသကြီး၊ တံတား
ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၅၇/၁-၂)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ စကားအင်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်
တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့၊ ဘူတာရပ်နေ ကျော်နိုင်(၄၉)နှစ် မောင်းနှင်လာသည့် 8D/xxxx လိုက်ထရပ်အဖြူရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် မြေသားလမ်းပေါ်သို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။
::
ထိုသို့တိမ်းမှောက်မှုကြောင့် ကျော်နိုင်တွင် ယာလက်ဖျံနာကျင်ဒဏ်ရာနှင့် ယာဉ်ပေါ်တွင်လိုက်
ပါလာသည့် ဦးကျော်သိန်း(၆၀)နှစ်ပါ(၆)ဦးတို့၌ ဒဏ်ရာများ အသီးသီး ရရှိခဲ့သောကြောင့် ကျော်နိုင်
အား စကားအင်းအမြန်လမ်းရဲစခန်း ယာဉ်(ပ) ၂၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်
အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည် ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment