Pages

Monday, October 13, 2014

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ရှီ (Shaanxi) ပြည်နယ် အဝေးပြေးလမ်းမ လုပ်ငန်းခွင်၌ မြေပြို၊ လုပ်သား ၁၉ ဦး သေဆုံး


RangonNewsDaily:: October . 12 .2014
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ရှီ (Shaanxi) ပြည်နယ်ရှိ ယင်အန် (Yan’an) မြို့တွင် အောက်တိုဘာ ၁၀ရက် ညက အဝေးပြေးလမ်းမ ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ မြေပြိုမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း တရုတ်ဗဟိုရုပ်သံ ဌာနက ထုတ်လွှင့်ဖော်ပြခဲ့သည်။
ည ၉နာရီ ၁၂ မိနစ်တွင် ဖြစ်ပွားခဲ့သော မြေပြိုမှုကြောင့်၊ အဖြစ်ဆောက်လုပ်ထားသော ယာယီနေအိမ် ရှစ်လုံးမှ ဆောက်လုပ်ရေး လုပ်သား ၂၁ ဦး မြေအောက်ထဲသို့ နစ်မြုပ်သွားခဲ့သည်။
လုပ်သား ကိုးဦးမှာ ချက်ခြင်းသေဆုံးသွားခဲ့သည်ဟု ဆိုကြပြီး၊ ဆေးရုံတွင် ဆယ်ဦး သေဆုံးသွားခဲ့ကာ၊ ကျန်နှစ်ဦးမှာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း ရှင်ဟွာ (Xinhua) သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
::
အလုပ်သမားများသည် ဟွမ်လင် (Huangling) မြို့ နှင့် ယင်အန် (YAN'AN)မြို့တို့အား ဆက်သွယ်ပေးနိုင်မည့် အဝေးပြေးလမ်းမ စီမံကိန်းတစ်ခုတွင် အလုပ်လုပ်နေခဲ့ကြခြင်း ဖြစ်သည်။

Ref: Ria Novosti , Mizzima ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment