Pages

Monday, October 13, 2014

မင်္ဂလာဒုံမြို့နယ် တိုက်ဂါးဘီယာစက်ရုံအနီး ဒိုင်နာယာဉ် တိမ်းမှောက်မှုကြောင့် ခရီးသည် ၂၄ ဦး ဒဏ်ရာရ


RangonNewsDaily:: October . 13 .2014
လိုင်းကားအမှတ် ၁၃၀ ဒိုင်နာယာဉ်သည် မင်္ဂလာဒုံမြို့နယ် တိုက်ဂါးဘီယာစက်ရုံအနီး တွင် အရှိန်ပြင်းစွာမောင်းနှင်မှု ကြောင့်တိမ်းမှောက်ခဲ့ပြီး ခရီး သည် ၂၄ ဦးဒဏ်ရာရရှိခဲ့ ၍ တစ် ဦး
မှာ စိုးရိမ်ဖွယ် အခြေအနေရှိ ကြောင်းသတင်းရရှိသည်။
ဒဏ်ရာပြင်းထန်စွာ ရရှိသူ အား ရန်ကုန်ဆေးရုံကြီးသို့ ပို့ ဆောင်ထားပြီး တိမ်းမှောက်သည့် လိုင်းကား ယာဉ်မောင်းမှာထွက် ပြေးသွားကြောင်း ယာဉ်မှုစစ်ရဲ အုပ်ဇော်ဇော်လတ်ကပြောသည်။

‘‘မျက်မြင်သက်သေတော့ မ ရှိဘူး။ ဒဏ်ရာရရှိသူတွေပြောပြ ချက်အရ လမ်းသွယ်လည်းဖြစ် တယ်။ မှောင်လည်း မှောင်နေ တော့ အရှိန်လွန်ပြီးမှောက်တာလို့ ပြောတယ်’’ ဟု သွားရောက်စစ် ဆေးသည့် ယာဉ်မှုစစ်က ပြော ကြားသည်။
::
တိမ်းမှောက်မှုဖြစ်သောယာဉ်သည် ထောက်ကြန့်နှင့် မြောက်ဥက္ကလာသို့ပြေးဆွဲသော ယာဉ်ဖြစ်ပြီး ညနေ ၅နာရီဝန်းကျင်တွင် တိမ်းမှောက်ခဲ့ကာ ဒဏ်ရာရရှိသူများအား ပုလဲမြို့သစ်ဆေးရုံနှင့်မြောက်
ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ကု သထားကြောင်းသိရသည်။

‘‘အရှိန် တော်တော်ပြင်း တယ်။ မှောက်တော့ ကားကပက် လက်လှန်ပြီးကားခေါင်းပျက်စီး သွားတယ်။ ဒီဘက်မှာကားတွေက အရမ်းမောင်းကြတယ်’’ဟု ကား တိမ်းမှောက်မှု
ကိုမျက်မြင်တွေ့ရှိ ခဲ့သူတစ်ဦးကပြောသည်။
::
လက်ရှိတွင် အဆိုပါယာဉ် တိမ်းမှောက်မှုအားအတည်ပြုစစ် ဆေးနေဆဲဖြစ်ပြီး ထောက်ကြန့် ရဲစခန်းတွင် အမှုဖွင့်အရေးယူနိုင် ရန် စီစဉ်နေကြောင်း ရဲအုပ်ဇော် ဇော်လတ်က ပြောသည်။

7Day News ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment