Pages

Monday, October 13, 2014

ထိုင်းရောက် မြန်မာစစ်ပြေးဒုက္ခသည် ၂၆၀ မြန်မာဘက်ပြန်ပို့


RangonNewsDaily:: October . 13 .2014
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မဲ သဝေါဒေသတွင် အောက်တိုဘာ ၁၁
ရက် နံနက်ပိုင်းက တပ်မတော်ပူးပေါင်းတပ် ဖွဲ့ နှင့် ဒီမိုကရေစီအကျိုးပြုကရင်
အမျိုးသား တပ်မတော် (DKBA)တို့ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်း
သို့ ထွက်ပြေးတိမ်းရှောင်လာသည့်ဒေသခံ ရွာသား ၂၆၀ကို အောက်တိုဘာ
၁၁ ရက် ညနေပိုင်းတွင် ထိုင်းအာဏာပိုင်များက မြန်မာဘက်ခြမ်းသို့ ပြန်ပို့လိုက်
ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် မဲသဝေါဒေသအခြေစိုက်သည့် မြန်မာတပ်မတော်နှင့်
ဒီကေဘီအေအဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ဒေသခံရွာသား ၂၆၀
နယ်ခြားသောင်ရင်းမြစ်ကို ဖြတ်ကူးပြီးထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်လာကြခြင်း
ဖြစ်သည်။

ထို့ကြောင့် ညနေပိုင်းတွင် မြန်မာဘက်ခြမ်း၌ တိုက်ပွဲများမဖြစ်တော့သည့်
အတွက် ၎င်းတို့ကို ထိုင်းအာဏာပိုင်များက မြန်မာဘက်ခြမ်းကို နှစ်သုတ်ခွဲပြီး ပြန်
ပို့လိုက်ခြင်းဖြစ်သည်။

ပထမအသုတ် ၁၅၉ ဦးသည်ထိုင်းဘက်ခြမ်းမှ ၀ပ်မွန်းခွန်းကီလီ ထိုင်း
ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့်သူများဖြစ်ပြီး ဒုတိယအသုတ်သည်
အခြား နေရာများ၌ ပြန့်ကျဲနေသည့်သူများဖြစ်ကာ အားလုံးပေါင်း ၂၆၀ ဖြစ်
ကြောင်း သိရသည်။

'မြန်မာဘက်မှာ တိုက်ပွဲတွေပြန်ဖြစ်ခဲ့ရင် ထိုင်းဘက်ကို မဖြစ်မနေလာ
ရှောင်နေရဦးမှာဖြစ်တယ်'ဟု မဲသဝေါရွာသားတစ်ဦးဖြစ်သည်။

နော်မူးက ပြောဆိုသည်။ ထို့အပြင် အောက်တိုဘာ ၁၀ ရက် နံနက်တွင် ထိုင်းတပ်မတော်
အမှတ်(၃) စစ်ဒေသတိုင်းမှူးဖြစ်သည့် ဒုတိယဗိုလ်ချုပ် Sathit Phitarat သည်
မဲဆောက်နယ်စပ်သို့ လာရောက်စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းသည် ချစ်ကြည်ရေးတံတားအပါအ၀င် နယ်စပ်ရေလယ်ကျွန်းနေရာများနှင့်
နယ်စပ်ကုန်သွယ်ရေးအခြေအနေများကို လာရောက်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ၎င်း၏
ခရီးစဉ်အတွင်း နယ်စပ်ဆိုင်ရာ အရေးကိစ္စများနှင့်ပတ်သက်ပြီး သတင်းထောက်များကို
တစ်စုံတစ်ရာပြောဆို ဖြေကြားမှုများမပြုလုပ်ခဲ့ကြောင်း သိရသည်။

စံတော်ချိန် , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment