Pages

Monday, October 13, 2014

ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းရပ်ကွက် မီးလောင်မှု အမျိုးသမီးတစ်ဦး သေဆုံး

RangonNewsDaily:: October . 12 .2014
နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်၊ ပေါင်းလောင်း ၁၂ လမ်း၊ အိမ်အမှတ် (၁၄/၃၂၅) တွင် အောက်တိုဘာလ ၁၀ ရက် ည ၁၁ နာရီ ၂၀ ခန့်က အဲယားကွန်း အပူလွန်ကဲရာမှ မီးလောင်းကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ပျဉ်းမနား မီးသတ်ဦးစီးဌာနက အတည်ပြု ပြောသည်။
မီးလောင်မှုတွင် အသက် (၄၃) နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး၊ နှစ်ဦးဒဏ်ရာရ(မစိုးရိမ်
ရ) ခဲ့ပြီး ပေ (၂၀×၂၀) သွပ်မိုးတိုက်ခံ၊ ပျဉ်ထောင် နှစ်ထပ်အိမ်တစ်လုံး၊ ပေ (၂၀×၂၀) သွပ်မိုး ထရံကာ တစ်ထပ်အိမ်တစ် လုံး၊ MAZDA DEMIO ကားတစ်စီးနှင့် KENBO-125 ဆိုင်ကယ်
တစ်စီးတို့ မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် (၄,၈၃၀,၀၀၀) လေးဆယ့်ရှစ်သိန်း
သုံးသောင်းခန့် ရှိကြောင်း ပျဉ်းမနားမီးသတ်ဦးစီးဌာနမှ အစီရင်ခံစာ ထုတ်ပြန်ထားသည်။
::
ထို့အပြင် အိမ်ရှင်ဖြစ်သူ ဒေါ်ခင်သစ္စာအား ပျဉ်းမနားမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ အမှုအမှတ် (ပ)၄၆၂/၁၄ ပြစ်မှုဆိုင် ရာဥပဒေပုဒ်မ (၂၈၅/ ၃၀၄-က၃၃၈) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိသည်။


Mizzima ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment