Pages

Monday, October 13, 2014

ဘူဂေးရီးယားတွင် သွေးစုပ်ကောင် တစ်ကောင်၏ ဂူသင်္ချိုင်းကို ရှာဖွေတွေ့ရှိ


RangonNewsDaily:: October . 13 .2014
ရင်ညွန့် တွင် သပ်စိုက်လျက်သား သေဆုံးနေသည့် အရိုးစုတစ်ခုပါသော သွေးစုပ်ကောင်သင်္ချိုင်းဂူကို "ဘူဂေးရီးယား အင်ဒီယာနာဂျုံး"ဟု အမည်ပြောင် မှည့်ခေါ်ခြင်း ခံထားရသည့် ရှေးဟောင်း သုတေသန ပါမောက္ခ နီကိုလိုင်း အော့ချာရို့က ရှာဖွေတွေ့ ရှိ ခဲ့သည်တွေ့ ရှိခဲ့သည့် အရိုးစုကို လေ့လာကြည့်မှု အရ ၁၃ ရာစု အတွင်းက သေဆုံးခဲ့သူ တစ်ဦး ဖြစ်ကြောင်း သိရှိခဲ့ရပြီး သွေးစုပ်ကောင်ကို နှိမ်နှင်းမှု အနေဖြင့် ရင်ဝတွင် သပ်ဖြင့်ထိုးစိုက် သတ်ဖြတ်ထားခြင်း ဖြစ်ဖွယ် ရှိသည်။
ယင်း အရိုးစုကို ဘူဂေးရီးယား တောင်ပိုင်းရှိ ရှေးဟောင်းမြို့ ပါပါရီကွန် မြို့ ပျက်ကို တူးဖော်စဉ် ပါမောက္ခ နီကိုလိုင်းက တွေ့ ရှိခဲ့ခြင်း ဖြစ်သည်။ ဘူဂေးရီးယား အင်ဒီယာနာယာဂျုံးဟု ခေါ်စမှတ် ပြုရသူ နီကိုလိုင်း သည် ရှေးဟောင်း ပစ္စည်း တူးဖော်မှုတွင် ဘ၀ တစ်ခုလုံးကို မြုပ်နှံထားသူ တစ်ဦး ဖြစ်ကြောင်း တယ်လီဂရက် သတင်းစာက ဖော်ပြသည်။

ပါပါရီကွန် မြို့ ဟောင်းကို လွန်ခဲ့သော နှစ်၂၀ က စတင် တွေ့ ရှိခဲ့ခြင်း ဖြစ်သည်။ ဘီစီ ၅၀၀၀ ခန့် က တည်ရှိခဲ့သော ရှေးမြို့ တစ်မြို့ ဖြစ်မည်ဟု ခန့် မှန်းထား သည်။ မြို့ ဟောင်းတွင် ကျုံးတစ်ခု၊ ဝတ်ကျောင်းတော် တစ်ခုတို့ အပြင် သွေးစုပ်ဖုတ်များ မြုပ်နှံရာ ဂူသင်္ချိုင်းများ ကိုလည်း တွေ့ ရှိ ထားခြင်း ဖြစ်သည်။

"သွေးစုပ်ကောင်ကို နှိပ်နင်းတာ ဖြစ်လို့ ခုလိုမျိုး ရင်ညွန့် သပ်ထိုးပြီး သတ်ထား တာပါပဲ။ နောက်ပြီး လူသေကောင် တွေကို သွေးစုပ်ကောင်တွေ ဝင်မပူးနိုင် ဖို့ လည်း သတ္တုချောင်းနဲ့ တံစို့ ထိုးပြီး ကာကွယ် တာလည်း ရှိတယ်။ သွေးစုပ်ကောင် တွေက ကိုယ့်ကိုကိုယ် သတ်သေတာမျိုး သာမန်မဟုတ်ဘဲ သေသွားတဲ့ အလောင်းတွေကို အသုံးချ ကြတယ်လို့ အယူအဆတွေ ရှိခဲ့ ကြတယ်"ဟု နီကိုလိုင်းက ပြောသည်။

ယခုတွေ့ ရှိသော အရိုးစုသည် အသက်အားဖြင့် ၄၀၊ ၅၀ အရွယ် ဖြစ်မည် ခန့် မှန်း ထားသည်။ ဘယ်ခြေ ဒူးအောက်ပိုင်း ဖြတ်တောက်ခံ ထားရသည့် အရိုးစု ဖြစ်သည်။ ၂၀၁၂ခုနှစ်နှင့် ၂၀၁၃ ခုနှစ်တွင် ဘူဂေးရီးယားရှိ ဆိုဇိုပို မြို့ တွင် ထိုကဲ့သို့ သော သွေးစုပ်ကောင် ဂူသချိုင်း နှစ်ခုကို တွေ့ ရှိ ထားပြီး ဆိုဇိုပို၏ အမြွှာ သွေးစုပ်ကောင်များ ဟု အမည် အလွယ် ပေးထားသည်။ ထိုသို့ သော သွေးစုပ်ကောင် အရိုးစုပေါင်း ၁၀၀ခန့် တွေ့ ရှိထားပြီး ဖြစ်သည်။။ 

Mizzima , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment