Pages

Monday, October 13, 2014

ရွှေမြန်မာလေကြောင်းလိုင်း မြိတ်-ရန်ကုန်ခရီးစဉ်ပြေးဆွဲမည်


RangonNewsDaily:: October . 13 .2014
တနင်္သာ ရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်မြိတ် မြို့မှ ရန်ကုန်မြို့သို့ပြေးဆွဲနေသည့် ခရီးစဉ်ကို လေကြောင်းလိုင်းအသစ် တစ်ခုဖြစ်သည့် ရွှေမြန်မာလေ ကြောင်းလိုင်းမှ အောက်တိုဘာ ၁၇ ရက်တွင် စတင်ပြေးဆွဲသွားမည်ဟု ယင်းလေကြောင်းလိုင်းလက်မှတ် အရောင်းဌာနမှ သိရသည်။
ခရီးသည် ၇ဝ ဦးခန့်တင် ဆောင်နိုင်မည့် ATR 72-600 XY-ASM လေယာဉ်အမျိုးအစားဖြင့် မြိတ်-ရန်ကုန်သို့တိုက်ရိုက်ပြေးဆွဲ သွားပါမည်ဟု လက်မှတ်အရောင်း ဝန်ထမ်းတစ်ဦးက ပြောသည်။

အပတ်စဉ် အင်္ဂါ၊ သောကြာ၊ တနင်္ဂနွေနေ့များတွင် ခရီးစဉ်ပုံမှန်ရှိ ပြီး လက်မှတ်များကို အောက်တိုဘာ ၁ ရက်မှစပြီး စတင်ရောင်းချပေး နေပြီဖြစ်ကာဈေးနှုန်းအားဖြင့် တစ် ဦးကို ၇၅ဝဝဝ ကျပ်နှုန်းသတ်မှတ် ထားသည်ဟု လက်မှတ်အရောင်း ဌာနမှ သိရသည်။

''မြိတ်မှ ရန်ကုန်သို့ပြေးဆွဲနေ သည့် လေကြောင်းလိုင်းများတွင် မြန်မာ့လေကြောင်းနှင့် ပုဂ္ဂလိက လေကြောင်းလိုင်း လေးခုရှိသည်''ဟု မြန်မာ့လေကြောင်းလိုင်းလက် မှတ်အရောင်းဌာနမှ ပြောကြားချက် အရသိရသည်။

Dawei Watch , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment