Pages

Monday, February 24, 2014

တနင်္သာရီတိုင်းဒေသကြီး၊ ကန်ဘောက်ဒေသတွင် TOTAL, PETRONAS, PTTEP ကုမ္ပဏီတွေကို ဆန္ဒပြ


RangonNewsDaily: February . 24 .2014
တနင်္သာရီတိုင်းဒေသကြီး၊ ကန်ဘောက်ဒေသမှာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေဖြစ်တဲ့ Total၊ Petronas၊ နဲ့ PTTEP ကုမ္ပဏီ ၃ခုကို ကန်ဘောက်ဒေသခံ ကျေးရွာတွေက မနေ့က ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
ဒေသခံ ကျေးရွာသားတွေ တောင်းဆိုတာက စီမံကိန်းအသုံးပြုနေတဲ့ လမ်းတွေမှာ နေ့စဉ် ဖုံထူထပ်တာကြောင့် ရွာသားတွေကျန်းမာရေး ထိခိုက်တဲ့အတွက် အဲဒီလမ်းတွေကို
ကတ္တရာလမ်းခင်းပေးဖို့ နဲ့ သဘာဝပတ်ဝန်းကျင်ကို ပိုမိုထိန်းသိမ်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

မူလက ကျေးရွာသူ ကျေးရွာသား ၁၅၀ လောက်သာ တောင်းဆိုကြမယ်လို့ ပြင်ဆင်ခဲ့ပေမယ့် နောက်ပို်င်း ကျေးရွာပေါင်း ၂၀ လောက်က ပူးပေါင်းကြပြီး ထောင်ဂဏန်း နီးပါးလောက်အထိ ရှိခဲ့ပါတယ်။ 

Photo: Kyaw Lwin Oo/
RFA , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment